အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 1 December 2012

Computer အမှူက်ရှုင်းနည်း....

အလွမ်းမင်းသားလေး | 21:28 | Best Blogger Tips




http://www.pro-techcomputerclean.com/graphics/computerscruba_rev.gif

ကဲအခုကျန်တော်ရေးရမည် အကြောင်းကတော့ Computer ကိုဘယ်လိုသန့်ရှင်း
ရေးလုပ်ရမလဲ Computer က Virus မရှိရင်လဲ အမှူက်တွေအရမ်းများနေရင်တော့
အရမ်းကိုနှေနေပါတယ် ဒါကြောင် အနည်းဆုံး တစ်ပတ်ရင် တစ်ခါသန်ရှင်းလုပ်ပေး
နေရင်တော့ အရမ်းကောင်းတယ် ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုရင်တော့ အရင်
ဦးဆုံး Computer ကိုသွားပါ ပြီးတော့ Local Disk ကို Right Click လုပ်လိုက်ပါ
ပြီးတော့ Properties ကိုသွားပါ။




ပြီးတော့ အောက်ပုံမှာမြင်တဲ့အတိုင်း ပေါလာပါလိမ်မည် ပေါလာရင်တော အောက်က
Disk Clean ကို Clean ပေးလိုက်ပါ။

လေးဖြူကို အရမ်းကြိုက်တယ် ဆိုတဲ့2008 Melody World တတိယ ဆုရှင် အိုင်ရင်းဇင်မာမြင့် ....

အလွမ်းမင်းသားလေး | 21:16 | Best Blogger Tips


ရောခ့် ဂီတာကို အရမ်း ကြိုက်ပါတယ် ဆိုတဲ့ 2008 Melody World တတိယ ဆုရှင် အိုင်းရင်း ဇင်မာမြင့် အကြောင်းကို ရိုးရာလေး မှ တွေ့ ဆုံမေးမြန်းခဲ့ပါတယ် ။

အိုင်ရင်းဇင်မာမြင့် ဆိုပြီး ဘယ်အချိန်ကတည်းက လူတွေသိခဲ့တာလဲ။


အင်း လူတွေ အိုင်ရင်း ဆိုပြီး စသိခဲ့တာက 2008 မယ်လိုဒီဝေါမှာပါ။ ပြိုင်ပွဲ ဝင်ပြိုင်ခဲ့တာပေါ့ နောက်ပိုင်း အနုပညာလှူပ်ရှားမှူလေးတွေ အနည်းငယ် လုပ်လာပြီး ပရိတ်သတ်တွေ စသိခဲ့တာပါ။
သီချင်းရယ် ဆိုပြီး ဘယ်အချိန်ကတည်းက စပြီး သိတတ်/ ခံစားတတ် / ဆိုတတ်ခဲ့တာလဲ။
ငယ်ငယ်လေး ကတည်းကပါ ။ အိုင်ရင်းတို့ ဘုရားကျောင်းမှာကတည်းက ဘုရားသီချင်းတွေ ဆို ခဲ့တယ် ။ ပြီးတော့ အဖေ ဝယ်လာလာ ပေးခဲ့တဲ့ အခွေ တော်တော်များများ နားထောင်ရင်းနဲ့  သီချင်းဆိုပြီး ဟိုးငယ်ငယ်လေးကတည်း စသိခဲ့တာပါ။
မြူးဇစ်ထဲမှာကော ဘယ်မြူးဇစ် အမျိုးအစားကို ပိုပြီး ဖီလ်းဖြစ်လဲ။


ဒီဇင်ဘာ ( ၁ )ရက်နေ့ ၊နေ့လည် ၁၂း၃၀အချိန်တွင် ဆီဒိုးနားဟိုတယ် ( Grand Ballroom )ခန်းမ၌ ကျင်းပပြုလုပ်နေသောကိုကျော်လင်းနှင့်မချောရတနာတို့၏ မင်္ဂလာဧည့်ခံပွဲ ...

အလွမ်းမင်းသားလေး | 21:13 | Best Blogger Tips


ကိုကျော်လင်းနှင့်မချောရတနာတို့၏ မင်္ဂလာဧည့်ခံပွဲ ကိုဒီဇင်ဘာ ( ၁ )ရက်နေ့ ၊နေ့လည် ၁၂း၃၀အချိန်တွင် ဆီဒိုးနားဟိုတယ် ( Grand Ballroom )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။မင်္ဂလာပန်းကြဲအဖြစ် ၀တ်မှုံရွှေရည်၊ပန်းကုံးဗန်းကိုင် ယုသန္တာတင်
၊မင်္ဂလာလက်စွပ်ဗန်းကိုင်အဖြစ် ၀ါဆိုမိုးဦးနှင့် မင်္ဂလာသတို့သား / သမီးအရံအဖြစ် ကောင်းပြည့်နှင့်အွန်ဆိုင်း၊ဆန်းတိုးနိုင်နှင့် Mဆိုင်းလူတို့က ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ဓာတ်ပုံ အိသွဲ့ ( တန့်ယန်း )

 ကိုကျော်လင်းနှင့်မချောရတနာတို့၏ မင်္ဂလာဧည့်ခံပွဲကို မင်္ဂလာပန်းကြဲအဖြစ် ၀တ်မှုံရွှေရည်

မေ့ဖို့ခက်ခြင်း...

အလွမ်းမင်းသားလေး | 20:48 | Best Blogger Tips


မေ့ဖို့ခက်ခြင်း
..............
မေ့ဖိုကြိုးစားတိုင်း

သတိရမှုက တအုံ့တခဲ

တိုက်လိုမဆိုင်တောင်

တိုက်ဆိုင်ချင်ခဲ့တာ

အဲဒါ

သတိရခြင်းလား ဟင်ll


မလာမှန်းသိတဲ့လမ်း

ငါမျှော်မှန်းမိတာ

သူမမကြားပေမယ့်

ငါပြောနေမိတယ်လေ


သူမရနံ့ဟောင်းတွေ

သူမ ပုံရိပ်ဟောင်းတွေ

အရာရာသစ်လွင်တောက်ပနေတာ

ငါရင်ဘတ်တစ်ခုထဲပါ


မချိအောင်နာပေမယ့်

မသိယောင်ဆောင်ခဲ့တာပါ

အခုတော့ဟာ


ပင်လယ်ရေက မြစ်ထဲပြန်စီးလို့

အကြောင်းကံက ပြောင်းပြန်တွေပဲ


ငါသတိရခြင်းတသိုက်ကို

မှားမိုက်လိုပဲဖြစ်ဖြစ်

မှာလိုက်ပါရစေ

ချစ်သူပျော်စေကွယ်

♡♡♡♡♡♡
 
 
စောနေသွေး

ကြယ်ကြွေတမ်းချင်း....

အလွမ်းမင်းသားလေး | 06:53 | Best Blogger Tips


ငယ်ဘ၀ ခလေးအိပ်မက်တွေတုန်းက
ကြယ်ကြွေတွေ ဇယ်တောက်တမ်း ကစားချင်လို့
ကြယ်ကြွေရင် လက်ခုပ်လေးဖွင့်
အပြေးအလွှား ခံယူခဲ့ဖူးတယ်
မြေမကျခင် လင်းရိပ်လေးပျောက်ရှလို့
ရင်ကြွေအောင် ရှိုက်ရှိုက်သည်းသည်း ငါ..ငိုခဲ့ဖူးတယ်.....

အချိန်ပန်းပုရဲ့ ထုဆစ်မှုမှာ

ငါ့စိတ်တွေ အရောင်ပြောင်းလို့
အိပ်မက်တွေဟောင်းခဲ့လည်း
ကြယ်ကြွေတမ်းချင်းက
နရီအသစ်နဲ့ ရှင်သန်နေတုန်းပဲ....

ကြယ်ကြွေမစောင့်တော့ပါဘူး

ကြယ်ခြွေပြီးကောက်တော့မယ်
လက်ခုပ်ဖွင့်မထားတော့ပါဘူး
ရင်ဘတ်ကြီးဖွင့်ထားတယ်
ငါ့ရဲ့....သောကြာသူလေးရေ
သုံးရာသီနွေးထွေးမှုနဲ့
ဟောဒီကောင် ရင်နန်းဆီ
စိတ်ချယုံ ကြွေကျလှည့်ပါတော့
မင်းအချစ်တွေ......


♥ မိုးဇက်ဒီမွန်း ♥

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ