အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday, 4 December 2012

ပန်းခူးချင်တဲ့လက်..........

အလွမ်းမင်းသားလေး | 03:58 | Best Blogger Tips



နှင်းဆီနီ တစ်ပွင့်နဲ့ အစ

ဘဝမှာ ကျိန်စာ ရလိမ့်မယ်လို့

ငါ.... မတွေးခဲ့ မိဘူး  ခိုင်...............။


ငါ ပေးခဲ့တဲ့ ပန်းကလေး

နင် စွန့်ပစ်ပြီး ထွက်ပြေးသွားတာ

အနာဂတ်မှာ ငါတို့ဝေးဖို့

နိမိတ်တွေ ပေးခဲ့တာလားပဲလား  ခိုင်............။

ဂုဏ်ဓနကို တန်ဖိုးထားတဲ့

နင့် မိသားစုရဲ့ ကြားမှာ

ငါ့ သံယောဇဉ်တွေများ

ကျဆုံးသွားဖို့ ကောင်းခဲ့တာ..............။


ရင်ထဲက စကားတွေကို မြိုသိပ်

နင့်အနားက တိတ်တဆိတ် ထွက်ရင်း

(၅) နှစ်ဆိုတဲ့ ကာလအတွင်းမှာ

အရာရာ ပြောင်းလဲသွားကြပေမယ့်

မပြောင်းလဲတဲ့ အရာတစ်ခုက

နင့်ကို သတိရမှုတွေပဲ  ခိုင်.............။


အတွေးတွေထဲကို နင်ဝင်လာတိုင်း

ငါ အကြိမ်ကြိမ် နှင်ထုတ်ခဲ့တယ်

အိပ်မက်တွေထဲကို နင်ဝင်လာတိုင်း

ငါ အခါခါ လန့်နိုးခဲ့တယ်

မဖြစ်နိုင်တော့ဘူး ဆိုတဲ့ အသိက

ငါ့ နှလုံးသားကို ဒဏ်ရာ အကြိမ်ကြိမ် ရစေခဲ့ပြီပေါ့.............။


အိပ်မက်နဲ့ ညက

သဘာဝလို့ ပြောကြရင်

ငါ ဆိုတဲ့ ဘဝကလည်း

ကျိန်စာတွေ သင့်နေအုံး မှာပဲလား  ခိုင်..................။


သံသရာရဲ့ ဘဝတစ်ကွေ့

ငါတို့ ပြန်ဆုံ တွေ့ကြရင်

သူစိမ်းတွေလို နေနိုင်ဖို့ အရေး

ငါ............

ခွန်အားသစ်တို့ မွေးရအုံးမယ်  ခိုင်................။



ညီညီ ( မြန်အောင် )

Monday, 3 December 2012

နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း ...

အလွမ်းမင်းသားလေး | 05:46 | Best Blogger Tips




၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ်တနင်္ဂနွေနေ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ်အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။ အစောပိုင်းတွင် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပချိန်၌ ဥက္ကဋ္ဌ ဦးကျော်သူအား ဧည့်သည်ရောက်နေကြောင်း အစည်းအဝေးခန်းသို့ အကြောင်းကြားခဲ့ပြီးမကြာ ဦးကျော်သူ ထွက်လာခဲ့ရာ ဧည့်သည်ဆိုသူသည် နန်းခင်ဇေယျာဖြစ်နေပြီး ယခင်ပထမအကြိမ် လာရောက် ခဲ့စဉ်နှင့်မတူ၊ မမှတ်မိတော့လောက်အောင် ပုံစံပြောင်းလဲနေသည့်အတွက် အံ့သြမှင်သက်မိသည်။ ပထမ အကြိမ် လာစဉ်ကနှင့်မတူ မြန်မာဆန်ဆန် ဆံပင်စီးလေးနဲ့ အင်္ကျီအဖြူရင်ဖုံးလက်ရှည်၊ လုံချည်အနက်ဖြင့် လွန်စွာမှ ကျက်သရေအပေါင်းနှင့် ပြည့်စုံနေသည်။ ထိုကဲ့သို့ ဝတ်စားဆင်ယင်မှု မြန်မာဆန်ဆန် ကျက် သရေအပေါင်းနှင့် ပြည့်စုံနေယုံတင်မက သူမ၏လာရင်း ကိစ္စသည်လည်း 

Saturday, 1 December 2012

နားလည်လိုက်ကွယ်....

အလွမ်းမင်းသားလေး | 22:46 | Best Blogger Tips
                                                  ငါ့ အချစ်လေးရေ..
ငါဟာ ကြိုးတစ်ချောင်းလို
မကျင့်ကြံခဲ့ပါဘူးကွယ်..
မင်းအကာအကွယ်လေးနဲ့
ယိုင်နဲ့နဲ့ လင်းခွေနေရတဲ့
ညအိုထဲက
အလင်းတိုင်ငယ်လေးပါ......။

မင်းအတွက် လိုအပ်ချိန်
ထွန်းညှိလိုက်ပါ........
ကိုယ့်ကိုကိုယ်
အရည်ပျော်ကျရကောင်းမှန်းမသိအောင်
မီးစကို ဆွဲဆုတ်ထားမယ့် ငါပေါ့.......။
မင်း အလင်းရပါစေ....။
ငါ့ချစ်လေးရေ..
မင်းအိပ်စက်ချိန်ရောက်ရင်
ငါ့ကို ငြိမ်း သက်ခဲ့လိုက်ပါ...
အမှောင်နဲ့ငါက 



မောင်သစ္စာ

G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်...

အလွမ်းမင်းသားလေး | 22:30 | Best Blogger Tips


ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 

အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

မေးလ်ဝင်လာတာနဲ့ AutoReply Massage လေးပြန်ပို့ချင်တယ်ဆိုရင်...

အလွမ်းမင်းသားလေး | 21:51 | Best Blogger Tips



ကျွန်တော့်ကို မေးလ်ထဲကနေ မေးထားတာလေး ရှိလို့ ရေးပေးလိုက်ပါတယ် .. မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. ကျွန်တော်တို့ ဆီကို တစ်ယောက်ယောက် ကပို့လိုက်တဲ့ မေးလ်တစ်စောင်စောင် ၀င်လာတာနဲ့ မိမိတို့ဆီက  Auto Reply ပြန်လုပ် ပေးနိုင်တဲ့ နည်းလမ်းလေးပါ .. လုပ်နည်းလေးကတော့ လွယ်ပါတယ် .. ကျွန်တော် အောက်မှာ လိုက်လုပ်ရတာ အဆင်ပြေအောင် ပုံလေးတွေနဲ့ ဖော်ပြ ပေးထားပါတယ် ..  

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် Setting ကိုသွားလိုက်ပါ ..ကျွန်တော် အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ