![]() |
| (ဓာတ်ပုံ - www.dailynews.co.th) |
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ ပွဲစားခ ဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင် အထိ အကုန်အကျခံပြီးတော့ ရောက်ရှိလာကြတဲ့ မြန်မာပြည်သား ၅၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။
(ပွဲစားခက မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၃၀,၀၀ ကနေ ၂၂၀,၀၀၀ အထိ ဖြစ်ပါတယ်)
သူတို့ အဖမ်းခံရတယ် ဆိုတဲ့ ရနောင်းမြို့က ကော့သောင်းမြို့တဘက်ကမ်းမှာ တည်ရှိပါတယ်။
တခြားဒေသကို ကားတွေနဲ့ အသွား စစ်ဆေးရေး ဂိတ်တခုမှာ အခုလို အဖမ်းခံရတယ်၊
ကားသမား တွေ ကတော့ စစ်ဆေးရေး ဂိတ်က အာဏာပိုင်တွေကို မြင်တာနဲ့ ကားရပ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။


![[thet+mon+myint+2+sep+03+hanthit+mag.jpg]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh95hvCGYBvVFEFayjpBCFp1eFHWMpiZPAs_3KweeKHs7WcHeXAHqH3CtpCaE1WzUkvRtRafjTmKJMKB5yqwFz7ewlrX_RIl3wz-uaJjPQ1IebNOWlE3qF6PUabyOuvlEYcILGNM4hccWMV/s1600/thet+mon+myint+2+sep+03+hanthit+mag.jpg)


