အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday, 4 December 2012

ဟာသ မှတ်စု ...

အလွမ်းမင်းသားလေး | 06:20 | Best Blogger Tips


 
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘောပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။
...
ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။"ဂျီးဇပ် ခရိုက်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။

မြန်မာ ၅၆ ယောက် ရနောင်းမှာ အဖမ်းခံရ ....

အလွမ်းမင်းသားလေး | 06:10 | Best Blogger Tips


(ဓာတ်ပုံ - www.dailynews.co.th)

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ ပွဲစားခ ဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင် အထိ အကုန်အကျခံပြီးတော့ ရောက်ရှိလာကြတဲ့ မြန်မာပြည်သား ၅၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။

(ပွဲစားခက မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၃၀,၀၀ ကနေ ၂၂၀,၀၀၀ အထိ ဖြစ်ပါတယ်)
သူတို့ အဖမ်းခံရတယ် ဆိုတဲ့ ရနောင်းမြို့က  ကော့သောင်းမြို့တဘက်ကမ်းမှာ တည်ရှိပါတယ်။

တခြားဒေသကို ကားတွေနဲ့ အသွား စစ်ဆေးရေး ဂိတ်တခုမှာ အခုလို အဖမ်းခံရတယ်၊
ကားသမား တွေ ကတော့ စစ်ဆေးရေး ဂိတ်က အာဏာပိုင်တွေကို မြင်တာနဲ့ ကားရပ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။


နမ်းရမည့်ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ဇာတ်ကားတခုကို သက်မွန်မြင့် လက်လွှတ်ရဖွယ်ရှိ ....

အလွမ်းမင်းသားလေး | 06:05 | Best Blogger Tips



[thet+mon+myint+2+sep+03+hanthit+mag.jpg] 

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။

ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင်ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် "မဖြုတ်ပေးနိုင်ဘူး" ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့်က ပြောသည်။


ပန်းခူးချင်တဲ့လက်..........

အလွမ်းမင်းသားလေး | 03:58 | Best Blogger Tips



နှင်းဆီနီ တစ်ပွင့်နဲ့ အစ

ဘဝမှာ ကျိန်စာ ရလိမ့်မယ်လို့

ငါ.... မတွေးခဲ့ မိဘူး  ခိုင်...............။


ငါ ပေးခဲ့တဲ့ ပန်းကလေး

နင် စွန့်ပစ်ပြီး ထွက်ပြေးသွားတာ

အနာဂတ်မှာ ငါတို့ဝေးဖို့

နိမိတ်တွေ ပေးခဲ့တာလားပဲလား  ခိုင်............။

ဂုဏ်ဓနကို တန်ဖိုးထားတဲ့

နင့် မိသားစုရဲ့ ကြားမှာ

ငါ့ သံယောဇဉ်တွေများ

ကျဆုံးသွားဖို့ ကောင်းခဲ့တာ..............။


ရင်ထဲက စကားတွေကို မြိုသိပ်

နင့်အနားက တိတ်တဆိတ် ထွက်ရင်း

(၅) နှစ်ဆိုတဲ့ ကာလအတွင်းမှာ

အရာရာ ပြောင်းလဲသွားကြပေမယ့်

မပြောင်းလဲတဲ့ အရာတစ်ခုက

နင့်ကို သတိရမှုတွေပဲ  ခိုင်.............။


အတွေးတွေထဲကို နင်ဝင်လာတိုင်း

ငါ အကြိမ်ကြိမ် နှင်ထုတ်ခဲ့တယ်

အိပ်မက်တွေထဲကို နင်ဝင်လာတိုင်း

ငါ အခါခါ လန့်နိုးခဲ့တယ်

မဖြစ်နိုင်တော့ဘူး ဆိုတဲ့ အသိက

ငါ့ နှလုံးသားကို ဒဏ်ရာ အကြိမ်ကြိမ် ရစေခဲ့ပြီပေါ့.............။


အိပ်မက်နဲ့ ညက

သဘာဝလို့ ပြောကြရင်

ငါ ဆိုတဲ့ ဘဝကလည်း

ကျိန်စာတွေ သင့်နေအုံး မှာပဲလား  ခိုင်..................။


သံသရာရဲ့ ဘဝတစ်ကွေ့

ငါတို့ ပြန်ဆုံ တွေ့ကြရင်

သူစိမ်းတွေလို နေနိုင်ဖို့ အရေး

ငါ............

ခွန်အားသစ်တို့ မွေးရအုံးမယ်  ခိုင်................။



ညီညီ ( မြန်အောင် )

Monday, 3 December 2012

နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း ...

အလွမ်းမင်းသားလေး | 05:46 | Best Blogger Tips




၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ်တနင်္ဂနွေနေ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ်အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။ အစောပိုင်းတွင် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပချိန်၌ ဥက္ကဋ္ဌ ဦးကျော်သူအား ဧည့်သည်ရောက်နေကြောင်း အစည်းအဝေးခန်းသို့ အကြောင်းကြားခဲ့ပြီးမကြာ ဦးကျော်သူ ထွက်လာခဲ့ရာ ဧည့်သည်ဆိုသူသည် နန်းခင်ဇေယျာဖြစ်နေပြီး ယခင်ပထမအကြိမ် လာရောက် ခဲ့စဉ်နှင့်မတူ၊ မမှတ်မိတော့လောက်အောင် ပုံစံပြောင်းလဲနေသည့်အတွက် အံ့သြမှင်သက်မိသည်။ ပထမ အကြိမ် လာစဉ်ကနှင့်မတူ မြန်မာဆန်ဆန် ဆံပင်စီးလေးနဲ့ အင်္ကျီအဖြူရင်ဖုံးလက်ရှည်၊ လုံချည်အနက်ဖြင့် လွန်စွာမှ ကျက်သရေအပေါင်းနှင့် ပြည့်စုံနေသည်။ ထိုကဲ့သို့ ဝတ်စားဆင်ယင်မှု မြန်မာဆန်ဆန် ကျက် သရေအပေါင်းနှင့် ပြည့်စုံနေယုံတင်မက သူမ၏လာရင်း ကိစ္စသည်လည်း 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ