အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 5 December 2012

တိုးတိတ့်အလွမ်း...

အလွမ်းမင်းသားလေး | 05:26 | Best Blogger Tips




ချစ်ခဲ့ပါတယ်  ပြောခဲ့စဉ်က

သွေးအေးခဲ့တာ  နင်    ပါ

ရင်ထဲရှိတာ   ဖွင့်ချပြသဖို့    မ၀ံ့ မရဲနဲ့ 

မာနတို့ ကို  ဖိကာဖုံး

မသိမသာ  နေခဲ့တာလဲ  နင်  ပါ........

အဝေးကနေ  တိတ့်တိတ့်လေး  အချစ် ကို မျှော်လင့်

ငါ  မသိအောင်  နေခဲ့တာ   နင် ကျေနပ်ခဲ့တာပဲ

ဘာလို့   အခုမှ   နင် ချစ်တာ ငါ  ပါလို့    ဖွင့်ပြရတာလဲ

အချစ်ဆိုတာ   ဖမ်းဆုပ်မရတဲ့   အရာမို့ 

တားမြစ်နယ်မြေထဲ   နင်မလာချင်နဲ့ တော့နော်

ထားခဲ့ခြင်း  မဟုတ်တဲ့   လမ်းခွဲလေးမှာ

ဆွေးဆွေးလေးနဲ့   တို့ တွေ  ငေးငေး လေးပဲနေတော့ကွယ်

ရင်ထဲ ရှိတဲ့   လက်ကျန်နဲ့    ငါ  ရင်ဖွင့်ပြမယ်

နင် ဆို တဲ့  သူကို  ငါ  ဆိုတဲ့   လူ  က

ဒီနေ့ ထက်တိုင်   မမေ့သေးဘူးဆိုတာ  ယုံ...............



ညအက္ခရာ

မထင် တဲ့  အရိပ့်...

အလွမ်းမင်းသားလေး | 05:21 | Best Blogger Tips


ချစ်ခဲ့ဖူးကြပါတယ်  တချိန်ကပေါ့

အလွမ်းတွေ ဖလှယ်လို့ 

စကားတွေလဲ  ပြောခဲ့ကြတယ်

တယောက်ရင်ထဲ  တယောက်မြင်လို့ 

တမင်တကါ ပဲ  မမြင်ချင်ယောင်ဆောင်

ထင်မလာတဲ့   အချစ်ပုံရိပ့် ကို

တိတ့်တိတ့်လေး   စွန့် ခွာခဲ့ကြတယ်

ဖြစ်မလာတဲ့  နေ့  တွေ  အတွက့်   လွမ်းခြင်းတွေကို မြိုသိပ့်

လူမသိ သူမသိ   ဖုံးဖိထားတဲ့   ဒီ အချစ်

ပြန်မလာတော့မယ့်  အရင်လို အချိန်တွေ

ရင်နာစွာနဲ့  ကျောခိုင်း

စာဖတ်လို့   မရတဲ့  ရင်ဘတ်ကြီးကို

ပြန်ပြီး မေးခွန်းထုတ် အဖြေလွှာညှိလဲ...........မထူးတော့ပြီးမို့ 

သေခြာတဲ့ အဖြေက  မဆုံတဲ့ ဖူးစာ

ဆက်လက်ပြီး  ရူးရမယ်ဆို

နင့်ကို ငါ  ချစ်နေဦးမှာပါ......

ဖြူစင်ခဲ့တဲ့  အချစ်နဲ့   နင်ဟာ  ငါ့  ဘ၀  အတွက့်

အဖြူရောင်  ချစ်သူပါ .............

တခါ တလေ ဖေးမ ခြင်းလေးတွေနဲ့   နင့် အနား  နေပေးပါရစေ

နင် သတိရတဲ့အခါ  ခေါ်လိုက်ပါ  အမြဲတမ်းမဟုတ်ပေမယ့်

ခဏ တာလေး  နှစ့်သိပ့်မှု့ ပေး
နင်  ကျေနပ်ခဲ့ရင်ပေါ့......


ညအက္ခရာ

Tuesday, 4 December 2012

၁၂- ၁၂- ၁၂ မှာ မင်္ဂလာပွဲပြုလုပ်မယ့်အနဂ္ဂနဲ့ သံသာဝင်း ...

အလွမ်းမင်းသားလေး | 06:50 | Best Blogger Tips


အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာ ၁၂ရက်နေ့ ကျင်းပတော့မှာဖြစ် ပါတယ်။ သူတို့နှစ်ယောက်အတွက် မေ့မရ နိုင်တဲ့ အမှတ်တရ အရှိဆုံးနေ့ တစ်နေ့ဖြစ်တဲ့ ချစ်သူသက်တမ်း ၄နှစ်ပြည့်တဲ့နေ့ မှာ မင်္ဂလာပွဲကို ကျင်းပပြုလုပ်တာ ဖြစ်သလို ၁၂ဂဏန်းတွေဆုံတဲ့နေ့မှာ လုပ်ဖြစ်ခြင်းကလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲရက် ရွေး ချယ်မှုထူးခြားချက်တစ်ခုပါပဲ။ နှစ်ယောက်စလုံးရဲ့ တူညီတဲ့ဆန္ဒကတော့ မင်္ဂလာပွဲကို တအား ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား  မလုပ်ချင်ကြပါဘူး။ ဒါကြောင့်လည်း မနက်ပိုင်း ဘုရားကျောင်းမှာ မင်္ဂလာပွဲပြုလုပ်မှာဖြစ်ပြီး ညပိုင်းမှာတော့ ဟိုတယ်မှာ မင်္ဂလာညစာ စားပွဲပြု လုပ်မှာဖြစ်ပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်တာတွေကို   နှစ်ယောက် စလုံးက အစစအရာရာ ကြိုတင်ပြင်ဆင်နေပြီဖြစ်သလို မင်္ဂလာဖိတ်စာ ဒီဇိုင်းကိုတော့ သံသာဝင်းက အိုင်ဒီယာ ဆန်းဆန်းလေးနဲ့ ကိုယ်တိုယ် ဒီဇိုင်းဆင်ခဲ့
တာဖြစ်ပါတယ်။ ဒီလို အတွဲညီလှတဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့နှစ်ယောက်ရဲ့ မင်္ဂလာ အကြိုစုံတွဲပုံရိပ်တွေကို ပေါ်ပြူလာက မှတ်တမ်း ဓာတ်ပုံရိုက်ကူးရင်း သူတို့နှစ်ယောက် ရဲ့ ရှေ့ဆက်မယ့် အနာဂတ်အတွက် ကြိုတင်တွေးထားကြတဲ့ စိတ်ကူးတွေကို အင်တာဗျူးဖြစ်ခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ ဖီလင်အသစ် ...

အလွမ်းမင်းသားလေး | 06:36 | Best Blogger Tips


သင်ဇာဝင့်ကျော်က ဒါရိုက်တာ မီးပွားရိုက်တဲ့ ‘ကြေမွသွားသော’ ဗီဒီယို ကားမှာ နိုင်းနိုင်းနဲ့ အတူ သရုပ်ဆောင် ဖို့ ပြင်ဦးလွင် ကို ရောက်နေပါတယ်။ သင်ဇာဝင့်ကျော်ပါဝင်တဲ့ ‘မန္တလေးသား’ဆိုတဲ့ ကားကိုတော့ထုံးစံအတိုင်း မန္တလေး ပရိသတ်တွေ အကြိုက်တွေ့ပြီး အားပေးနေကြပါတယ်။ အဲဒီ မန္တလေးသားကား ရိုက်တုန်းက အမှတ်တရ အကြောင်း ပြန်မေးတော့ “အဲဒီကားရိုက်တုန်းက တော်တော်ပူတာ။ တအားပူပါတယ်ဆိုတဲ့ အချိန်မှာ ဦးပိန်တံတားကို အစကနေအဆုံး လျှောက်လိုက်ရတယ်”လို့ ပြောပါတယ်။ 

ရန်ကုန်မြို့တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ...

အလွမ်းမင်းသားလေး | 06:29 | Best Blogger Tips



ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင
် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ