အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 8 December 2012

လေလှိုင်း ...အချစ်...

အလွမ်းမင်းသားလေး | 05:46 | Best Blogger Tips



ချစ်တယ်ဆိုတဲ့  နင်ရဲ့ မရေရာတဲ့ 
ဒီစကားလေးတစ်ခွန်းနဲ့  ငါ့မှာလေ
တစ်ညလုံးအိပ်မရအောင် ပျော်မဆုံးဖြစ်ခဲ့ ရတယ်
လေထဲမှာလာတဲ့ အချစ်က လေထဲမှာပဲလွှင့်သွားမယ်လို့  နင်ထင်နေတာလား

မရောရာမသေချာတဲ့ နင့်ကိုပဲ
ငါ့ရင်မှာတမ်းတမ်းစွဲဖြစ်နေမိတာ
သြော်...အခုတော့နင်ကလမ်းခွဲစကား
ဆိုလာပြီပေါ့လေ
ငါက နင်ရဲ့ လိုရာမရှိသုံးလေ လိုရင်ချစ် မလိုရင်လည်း ပစ်လိုက်ပေါ့

ရင်နာနာနဲ့  ဆက်ချစ်နေလို့ 
သေရာပါမဲ့  ဒဏ်ရာတစ်ခု ရလိုက်ပါတယ်
သြော်..အချစ်တဲ့ လား ပါးပြင်ပေါ်မျက်ရည်တွေနဲ့  ဟားတိုက်လို့ ရီလိုက်တယ်
တလောကလုံးလည်း ဟားတိုက်လို့  ငါ့အဖြစ်ကိုလှောင်နေကျတယ်
နောင်တလည်းမရချင်တော့ဘူး
နောင်လာမယ့်သူတွေ ငါ့အဖြစ်မျိုးမဖဖြစ်ပါစေနဲ့ ပေါ့လေ...။



ဖိုးခွားလေး(ကော့မှုး)

Friday, 7 December 2012

တွေးတွေးပြီးရယ်...၇..

အလွမ်းမင်းသားလေး | 07:37 | Best Blogger Tips
အမြန်မောင်းတဲ့ ကားတစ်စင်းနောက် ရဲကားတစ်ကားလိုက်လာတယ်။ တစ်နေရာမှာ မီတော့ ရဲက ကားသမားကို

"ခင်ဗျာ ဘာလို့ ဒီလောက် အမြန်မောင်းရသလဲ? ဒဏ်ငွေ အများကြီးဆောင်ရမယ်ဆိုတာ မသိဘူးလား?
ဒီငွေတွေနဲ့ တခြားအလုပ်လုပ်နိုင်တယ်ဆိုတာ မသိဘူးလား?"

"ဟုတ်ကဲ့ သိပါတယ်. . အဲဒီငွေတွေနဲ့ ကျွန်တော်လိုင်စင်သွားဖြေလို့ရပါတယ်"

"လိုင်စင်မရှိပဲနဲ့ ခင်ဗျာကားမောင်းတယ်..."

အဲဒီမှာ ကားသမားမိန်းမက စကားအမြန်ဖာတယ်။

Wednesday, 5 December 2012

Facebook Account အသစ်ပြုလုပ်နည်း...

အလွမ်းမင်းသားလေး | 06:39 | Best Blogger Tips




Facebook ကို (ကျွန်တော်အပါအ၀င်)အင်တာနက်အသုံးပြုသူအားလုံးနီးပါး အသုံးပြုကြပါတယ်။ ထို Facebook ထဲကိုဝင်ရောက်အသုံးပြုနိုင်ဖို့  အတွက်Facebook Account တစ်ခုရှိရမှာဖြစ်ပါတယ်။ Email တစ်ခု ရှိရုံနဲ့  Facebook account တစ်ခုကို လွယ်လွယ်ကူကူဖွင့်လို့ ရပါတယ်။ Account ဖွင့်နည်းကို ကျွန်တော် ပုံနဲ့ တကွ ဖော်ပြပေးထားပါတယ်။ Facebook နဲ့  ပတ်သက်ပြီး နောက်ထပ်သိသင့်သိထိုက်တဲ့ အကြောင်းအရာပို့ စ်တွေကိုလဲ နောက်ထပ်တင်ပေးဦးမှာပါ။ သိပြီးသားမိတ်ဆွေများကတော့ သည်းခံပေးပါခင်ဗျာ။ အောက်မှာကြည့်လိုက်ကြပါဗျာ….

ရင်လွင်ပြင်...

အလွမ်းမင်းသားလေး | 06:23 | Best Blogger Tips


ရင်လွင်ပြင်
...........
 ရုံးရင်းဆန်ခပ်

ရက်စက်ယုတ်မာ

ယုံစေသူရာ

ရည်စူးကာ

ရမ်းမျှော်

ရော်ရင်းပျော်ပိုက်

ရင်တသိုက်မှာ အရာထင်

အရင်အထာနဲ့

အရင်ကမ္ဘာက

ရပ်တန့်နေခဲ့

အရောတဝင်

အရာရောက်ခြင်းက

အရေးမပါမှုသက်သက်လား

ရက်တွေကိုရေတွက်ရင်း

ယုံတမ်းနှုတ်ခမ်းပါး

ငါ့ရင်ဘတ်မှာ ဟတ်ထင်

မြင်သမျှ မျှမမြင်

အရင်က ဘဝထွင်မယ်ဆို

ရင်လွင်ပြင်မှာ

ထွန်ယက်စိုက်ပျိုး

ဘယ်မိုးမှမလိုတော့ပါဘူး

အမြစ်ကိုဖြတ်တောက်

မိုးပေါက်တွေသွန်းလောင်း

ရင်ခွင်ဟောင်းမှာမှ

ရှင်သန်ကောင်းတယ်ထင်တာလေ

ပြုသမျှ အယုအယတွေ

အဆမတန် မတန်တူဘူး

မူပြန်တတ်တဲ့ ညနဲ့

တယူသန်တတ်တဲ့ဘဝဟာ

ပေါင်းစပ်မှုရဲ့ရလာဒ်

မညီမျှတဲ့ ညီမျှခြင်းရဟ်ပါ

ခွင်လွတ်ပါတယ်

အပစ်မရှိသူအတွက်

သူတပြန်ကိုယ်တလှည့်

ဝဋ်တည့်တည့်ကျမှာပဲစိုးတယ်

ရင်လွင်ပြင်မှာ

အက်ကြောင်းတွေ ထပ်မစိုက်ပါနဲ့တော့နော်။
 
 
 
စောနေသွေး

AUTO username and password ပြဿနာဖြေရှင်းနည်း...

အလွမ်းမင်းသားလေး | 06:19 | Best Blogger Tips


ဒီနည်းလမ်းလေးကတော့ အင်တာနက်ကို အခုမှ စတင်အသုံးပြုလေးလာမည့် မသိသေးတဲ့ ညီငယ်ညီမငယ်များ နှင့် အခြားအခြားသော မိတ်ဆွေများ အတွက် မိမိတို့ အကောင့်တွေ သူများနောက်မပါသွားအောင်ကာကွယ်တဲ့နည်းလေးပါ။  browser ကိုစတင်ဖွင့်လိုက်ပြီး မိမိ gmail account ဝင်တဲ့ အချိန်မှာ  မိမိ အသုံးပြု မည့် browser မှာ အထက်ပါပုံလေးအတိုင်း auto  username & password က ပေါ်နေတက်ပါတယ်. တချို့  မိတ်ဆွေများ အခုလို ဖြစ်ပေါ်တက်တာကို မသိလို့  မိမိတို့  gmail account များ သူများခိုးယူတာကိုကြုံကြရမှာပါ. ဒီလိုပြဿနာဆိုတာကလဲ အင်တာနက်ဆိုင်တွေမှာ အဖြစ်များပါတယ်. မလုပ်တက်ရင် အရမ်းစိတ်ညစ်ဖို့ ကောင်းပါတယ်. ဘယ်အချိန်ဖွင့်ဖွင့် အထက်ပါပုံ အတိုင်းပေါ်နေတော့ မိမိအကောင့် ကြီးဟာ ဘာမှသုံးလို့ မရတော့ပါဘူး။
 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ