အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 12 December 2012

♥♥♥♥♥♥♥♥ငါမပိုင်တဲ့သူစိမ်း♥♥♥♥ ♥♥♥♥

အလွမ်းမင်းသားလေး | 04:56 | Best Blogger Tips


ရယ်မောတုန်းက
နင့် နှတ်ခမ်းကွေးကွေးလေးတွေ
မလျော့ကျအောင်
မဖြစ်ညစ်ကျယ် ပြတ်လုံးများနဲ့ 
ကျားကန်ပေးခဲ့တာ ဘယ်သူလဲ ...

ငိုကြွေးတုန်းက
နင့် မျက်ဝန်းကမျက်ရည်တွေ
မစီးကျအောင်
နှလုံးသားကို လက်ဖမိုးလုပ်
သုတ်သင်ပေးခဲ့တာ ဘယ်သူလဲ ...

အချစ်တွေ အနှစ်တွေ
မကိုးကွယ်တတ်ခဲ့သူ
သိုးမည်လို ဘ၀မျိုးမှာ
လူပြောများတာ ထမင်းစားရေသောက်ဆန်လာတယ် ..

စိန်စီရွှေခြယ် အနာဂတ်တွေ
လာခြင်းကောင်းတဲ့ အတိတ်တွေ
ဟုတ်ပါတယ်
ဘာတစ်ခုမှမပေးနိုင်တဲ့ဘဝ
နှူတ်ဆိတ်နေတာ ဆန်းသလား ...

သြော် ဒီမှာ
နင့်အကြောင်းမက်မက်ထားတဲ့ အိမ်မက်တဆင်စာ
သတိရရင် ထုတ်ထုတ်ဝတ်လှည့်

သိပါတယ်
နင်ဆိုတာ ငါမပိုင်တဲ့ သူစိမ်း
ငါ ဆိုတာ
နင်မလာဝံ့တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဘဲ ....။



ဒီမွန်(အသဲကွဲတိုးရစ်)

Tuesday, 11 December 2012

Android ဖုန်းမှ WiFi လွင့်ပြီး computer တွင် ချိတ်ဆက်အသုံးပြုနည်း ...

အလွမ်းမင်းသားလေး | 05:24 | Best Blogger Tips

အခုနောက်ပိုင်း Mobile Phone တွေမှာ အင်တာနက် စနစ်ပါတွဲအသုံးပြုနိုင်ပါတယ်။ Mobile Phone အသုံးပြုသူ ထက်ဝက်ကျော်က ဖုန်းပြောတာထက် Internet ကို ပိုအသုံးပြုကြတယ်လို့တောင် MPT ကဆိုပါတယ်။ တချို့က Mobile Phone မှာပဲ အင်တာနက် အသုံးပြုရတာကို အားမရကြဘူး။ မိမိရဲ့ Computer/Laptop စသည်ဖြင့် ဖုန်းက အင်တာနက် စနစ်ကို Computer မှာ အသုံးပြုချင်ကြတယ်။ ကျွန်တော့်ကို မေးတဲ့သူလဲ အရမ်းများနေတယ်။ အဲဒီအတွက် တခြား မသိ့သေးတဲ့ သူတွေအတွက်ပါ အဆင်ပြေအောင်ဆိုပြီး ဒီ Post လေးကို ရေးလိုက်တာပါ။

Android ဖုန်း အသုံးပြုတဲ့သူတွေအနေနဲ့ ဖုန်းက အင်တာနက်စနစ်ကို computer မှာအသုံးပြုဖို့အတွက် ပထမဆုံးသိ့ရမှာက မိမိကိုင်ထားတဲ့ ဖုန်းက Android Version 2.2 (or) 2.2 နဲ့ အထက် အသုံးပြုထားတဲ့ ဖုန်း ဖြစ်ရပါမယ်။ တခြားနည်းလမ်းတွေလဲ အများကြီး ရှိပါသေးတယ်။ ဒါက wi fi လွင့်ပြီး သုံးတဲ့ နည်းပါ။ ကျွန်တော် အလျဉ်းသင့်သလို ရေးပြီး တင်ပေးသွားပါ့မယ်။

Mozilla-Firefox Browser မြန်အောင်လုပ်နည်းလေးလာပါပြီ...

အလွမ်းမင်းသားလေး | 05:06 | Best Blogger Tips

                  ဒီMozillaFirefoxBrowserကိုမြန်အောင်လုပ်နည်းကဘလော့မိတ်ဆွေတော်တော်များများ တင်ထားတာလဲတွေ့ဖူးပါတယ်။တူမယ်တော့မထင်ဘူးနော်ဒါလေးကတော့အလုပ်လည်းလုပ်သလိုအဆင့် လည်းများတယ်နော်။စိတ်ရှည်ဖို့တော့လိုတယ်နော်အောက်မှာပုံနဲ့တကွအဆင့်ဆင့်လုပ်နည်းတွေပြပေး ထားပါတယ်.။ဘလော့ဂါမိတ်ဆွေအားလုံးကိုခင်မင်လေးစားလျှက်kp3မိသားစု...
Comment မှာခြေရာလေးတွေထားခဲ့ပေးကြပေါ့နော်။အချိန်တွေမနည်းပေးရတယ်ဆိုတော့
အဆင့်တွေများသလိုသိသိသာသာမြန်လာပါလိမ့်မည်။
အဆင့်-၁အောက်ပုံ Mozilla-Foirefox ဘားမှာ(about:config)ပြီး Enter ကိုခေါက်လိုက်။




အောက်ပုံအတိုင်းပေါ်လာပါလိမ့်မည်။ဟိုအကွက်လေးထဲမှာအောက်ကစာသားကိုထည့်ပေးပြီးEnterပြန်
ခေါက်လိုက်ပါ။( network.http.pipelining)
 

အဆင့်-၂ အောက်ကပုံ

Sunday, 9 December 2012

အချစ် နဲ့  ဆွံ့ အ မိသူ...

အလွမ်းမင်းသားလေး | 06:21 | Best Blogger Tips





ချစ်သူ  နင့်   ကိုချစ်နေရာတာ
ပြဿဒါး  ခံထားတဲ့  ရက်တွေလိုပဲ
အလွမ်းတွေက   ၀န်းရံနေတာ
ရက်  ရာဇာကို  တံတားထိုး ပြီး
နင်ရှိမယ့်နေရာကို  ငါ   လျှောက်လှမ်းလာချင်ရဲ့ 
 လကွယ်ခဲ့ ပေမယ့်  ကြယ်စင်    တွေလိုပဲ
နင်ရှိမယ့်  နေရာလေးမှာ   ငါ  အစွမ်းရှိသလောက်
လင်းလက်ချင်ရဲ့    ချစ်သူ
အဖော်တွေ နဲ့  ပေါင်းပြီး ခဏ  ပျော်ခဲ့တာ
ငါ  စိတ့် က  နင်ရှိတဲ့နေရာမှာ  ကျန်ခဲ့တယ်
ဒီအချိန်ဆို   ငါလွမ်းသလို  နင်လဲ  လွမ်းနေမလား
အချစ်ဆိုတာ  ဟာသလို့   ထင်ခဲ့တဲ့   ငါ.........
ခံစားတတ်မှ  လွမ်းဖျား  ဖျားတတ်ခဲ့တယ်
ချစ်ဖျားတက်ခဲ့တယ်  မနေ့ က  ဒီဂရီ..   " ၁၀၈"
ဆေးမမှီ တဲ့  ရောဂါမို့ 
ခု  ....ငါ      ဆရာမနိုင်   လက်မှိုင်ချ 
ချစ်နာကျ  လူမမာပေါ့
အပိုမပါ အမှန်သာပြောရရင်  နင်ရှိမယ့်
နင့်  ဘေးနား နေပါရစေ
အဆုံးအစ  မရှိတဲ့   သံလွင်ရေ လိုပဲ
နင့်   ကိုချစ်တာ  ပြောပြမတတ်တဲ့  သူဆွံ့ အ  တစ်ယောက်ပေါ့  ချစ်သူ...............

                             
                                              ညအက္ခရာ...

ဝတ်မှုံရွှေရည်နဲ့ အမေးအဖြေ ....

အလွမ်းမင်းသားလေး | 06:19 | Best Blogger Tips




၂၀၁၂ ကုန်တော့မှာ ဆို တော့ ၂၀၁၃ အတွက် ဘယ်လို အစီအစဉ် တွေ ချထားပြီလဲ။

၂၀၁၃ ခုနှစ်မှာ ၂၀၁၂ လောက် ကားရိုက် လက်မခံ တော့ဘူး။ ၂၀၁၂ မှာ ကစ်က ကားရိုက်ဘက်ကို ပိုဦးစား ပေးလိုက်တယ်။ ကားရိုက်နဲ့ ကြော်ငြာပေါ့၊ ကားရိုက် ဆိုရင် အဆက်မပြတ် အောင် အရင်နှစ်တွေ ကထက် ပိုလက် ခံတယ်။ အဓိက ကတော့ ပရိသတ်တွေက အရင်နှစ်မှာ ကစ်ရဲ့ကားတွေ နည်းတယ် ပြောလို့ ဒီနှစ်မှာ အားစိုက် လိုက်တာ။ နောက်နှစ် ကျရင် တော့ သေချာ စိစစ်ပြီး ရိုက် သွားမယ့် Plan လေးတော့ ရှိတယ်။ အခြား ကိစ္စတွေ အတွက် ကစ်က အချိန်ပေး ရဦး မှာလေ။


ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ