Saturday, 29 December 2012
လိပ်လိုနှေးတဲ့ GSM Internet Connection ကနေ ဒုံးပျံလိုမြန်တဲ့ WCDMA Internet Connection ပြောင်းပေးမယ့် Android ဖုန်း Software ပါ။ ...
အလွမ်းမင်းသားလေး | 18:52 |
နည်းပညာ
Android ဖုန်းပေါ်မှာ GSM Internet သုံးတဲ့သူတွေ သိကြတဲ့အတိုင်းပါဘဲ..Connection က E ပြောင်းလိုက်၊ 3G ပြောင်းလိုက် H ပြောင်းသွားလိုက်နဲ့ Connection ကကောင်းကိုမကောင်းပါဘူး..အခု 2012 နှစ်ကုန်ခါနီးမှာ ထွက်လာတဲ့ Android ဖုန်းတွေမှာကျတော့ GSM Mode ကနေ WCDMA Mode ကိုပြောင်းပေးတဲ့ စနစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်..ဒါေ
Window XP ရဲ့ဝှက်ဖဲ ...
အလွမ်းမင်းသားလေး | 18:27 |
နည်းပညာ
ကိုတိုင်ရေးထားတာမဟုတ်ဘူးနော် သူများဆိုက်ကနေကူးလာတာ လေလွင့်သူလေးက တကယ်တော့ဘာမှမတက်ပါဘူးနော် တခြားဆိုက်တွေကို ကိုးကားနေတာပါ ကဲကဲ ဖတ်ကြည့်လိုက်ပါနော်
(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို
ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့
“Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart
ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။
အလွမ်း ထိုင်ခုံ....
အလွမ်းမင်းသားလေး | 07:26 |
ကဗျာ
နင် နဲ့  တွေ့ ဖို့  စောင့်ခဲ့တဲ့ နေရာ
ထိုင်နေကျမို့ 
နင် လာမလား အတွေးနဲ့ 
လာလာ ထိုင်စောင့် နင် ရောက်ခဲ့မလားပေါ့
နွေ ရက် မိုး ဆောင်း အလီလီ ပြောင်းခဲ့
ရက် ဟောင်းက အသစ် မဖြစ်ပေမယ့်
မျှော်ခဲ့သူ ရဲ့  ရင်ထဲ ခဏ မြင်လှည့်ကွယ်
ငိုကာတလှည့် ပြုံးကာ တဖန်
နင် ပေးခဲ့တဲ့  အချိန်ဆို တဲ့ 
အလွမ်းမြစ်ထဲ မျှောပါလို့ 
ဒီ ခုံလေးထဲ
ပုံမှန် အချိန် ငါ ထိုင်မျှော်ရင်
ညနေ ရဲ့  နေ၀င် ချိန်တိုင်း
ပုံမှန်လေးပဲ ရောက်ခဲ့တယ်ကွယ်
အလွမ်းနဲ့  ထိုင်ခုံ ငါ တွဲစောင့် ရင်
အလွမ်း ထိုင်ခုံ ကို
အရမ်း ချစ်တတ် ခဲ့ပြီးလေ.....
ညအက္ခရာ............
Friday, 28 December 2012
တောင်းဆိုခွင့်ရှိရင် ...
အလွမ်းမင်းသားလေး | 06:51 |
ကဗျာ

စကတည်းက
ကြမ်းတမ်းတဲ့လမ်းမှန်း သိပေမဲ့
ကြမ်းတမ်းတဲ့လမ်းမှန်း သိပေမဲ့
ဒီအထိရောက်အောင်
ကြိုးစားပြီး
ကြိုးစားပြီး
(ငါ) လျှောက်လှမ်းခဲ့တာပါ။
ငါတို့လျှောက်ခဲ့တဲ့ လမ်း
လည်ပြန် လှည့်ကြည့်စမ်းတော့
ခပ်ဝါးဝါးလို့ ထင်ရပေမဲ့
ထင်ရှားနေဆဲ အတိတ်နေ့ရက်တွေ
ငါ့ရင်ထဲမှာ
(ခုထိ) ခပ်နက်နက် စူးဝင်ဆဲပဲ။တကယ်တော့ ...
မင်းရှေ့မှာ ငါကျခဲ့တဲ့ မျက်ရည်ထက်
မင်းနောက်ကွယ်မှာ
ကျခဲ့ရတဲ့ မျက်ရည်တွေက
ပိုများပါတယ်။
မင်းစွပ်စွဲသလို
ငါက မာယာများတဲ့သူပဲ
ထားပါတော့ ...။
ဒါပေမဲ့ မင်းဘယ်တော့မှ မသိနိုင်တဲ့
အမှန်တရားတွေအတွက်
ငါဟန်ဆောင်နေခဲ့တာ
မင်းကို မနာကျင်စေချင်လို့ပါ။
ငါက မေတ္တာငတ်ခဲ့တဲ့သူ
ကိုယ်က အရင်ပေးမှ ရတယ်ဆိုတဲ့
မေတ္တာတရားကို
ငါဘယ်လောက်ပေးပေး
နားလည်မှုတွေ ပိုပိုဝေးလာတာ
ငါကပဲ မေတ္တာတရားနဲ့
မထိုက်တန်ခဲ့လို့လား။
ယုံကြည်မယ်ဆို
မင်းကို ပြောပြချင်တယ်။
ငါဘယ်လောက်ပဲ ဟန်ဆောင်ခဲ့ပါစေ
မင်းအပေါ်မှာတော့
ငါ ရိုးသားခဲ့ပါတယ်။
တစ်ခုပဲ ...
(တောင်းဆိုခွင့်ရှိမယ်ဆို)
ရင်ထဲက ဒဏ်ရာတွေ မကျက်သေးသရွေ့
မင်းရှေ့မှာ ငါ ဆက်ပြီး
ဟန်ဆောင်ပြုံးနေပါရစေ။
မြဝတီဇော်
Subscribe to:
Posts (Atom)



