အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 3 January 2013

***လွမ်းလို့နေမှာပေါ့***

အလွမ်းမင်းသားလေး | 04:29 | Best Blogger Tips


ဟိုး.....အရင်ကပေါ့ဗမာနဲ့ပလောင်နဲ့
ကြက်တိုက်ကြမယ်လို့ချိန်းကြတာပေါ့
အဲတော့ဗမာကဥာဏ်များတယ်ဆိုတော့
တဇပြင်ကလင်းတကြီးကို
ဖမ်းထားတာပေါ့
ပလောင်ရောက်လာတော့
ကြက်ချင်းတိုက်ကြတာပေါ့
စဉ်းစားကြည့်ပါဦး
ကြက်နဲ့လင်းတနဲ့တိုက်မှတော့
ကြက်ဘယ်လိုနိုင်မှာလဲ
ဒီတော့ပလောင်က
"ဗမာနင့်ကြက်ကြီးငါ့ကိုရောင်းပါ့လား"တဲ့
ဗမာကလည်း"ခင်ဗျားလိုချင်ရင်
ကျုပ်မရောင်းချင်ပေမဲ့ရောင်းပါ့မယ်"တဲ့
သူကခပ်တည်တည်ပြောလိုက်သေးတယ်လေ
ဒီလိုနဲ့
ပလောင်ကလင်းတကြီးတောင်ပေါ်ယူသွားတာပေါ့
တောင်ပေါ်ရောက်တော့လင်းတကြီးကတမှိုင်မှိုင်နဲ့ပေါ့
ကောက်ဆန်လဲမစားဘူးပေါ့လင်းတကိုဗျ
ဒီလိုနဲ့ပလောင်ကဗမာနဲ့
တနေရာမှာတွေ့တော့
"ဗမာနင့်ကြက်ဖကြီးက
အောက်အီးလည်းမတွန်
ကောက်ဆန်လည်းမစားဘူး"တဲ့
ဗမာကဘာပြောလိုက်လည်းဆိုတော့
(ဗမာပြည်ကို)"လွမ်းလို့နေမှာပေါ့"တဲ့
ရယ်ရွှင်နိုင်ကြပါစေ



လေးစားလျှက်
***ရင်ခုန်ရသူ***

အမှိုက်ကလေးရဲ့ ပုံပြင် ...

အလွမ်းမင်းသားလေး | 03:58 | Best Blogger Tips




ကျွန်တော်ဟာ သာမန်အမှိုက်လေးပါပဲ
လေရူးတွေ ပုတ်ခတ်လိုက်တိုင်း
သူ့အနား ကစဉ့်ကလျား လွင့်လွင့်သွားတက်တဲ့
သစ်ရွက်ကြွေ အမှိုက်စလေးပါ

သူက ကျတော့်ကို အမှိုက်ကလေးမှန်း သိခဲ့တာကြာပါပြီ
ခုဆို
ကျတော့်ကြောင့် သူ့ပြသဒ်ကြီးမီးလောင်မှာ စိုးရွံ့စိတ်နဲ့
သစ်ရွက်ကြွေအမှိုက်စလေးကို
သူ့အနား ၀ဲခိုခွင့်မပေးတော့ပါ


လေရူးတွေလည်း ရန်ဖန်ရန်ခါ နှင်ဆဲဖြစ်ပေမယ့်
လေပြေညှင်းတွေ အသော့နှင်နေတဲ့အခါမျိုးမှာတောင်
အမှိုက်ကလေးက သူ့ဆီပဲ ၀ဲခိုလွင့်ပါးချင်ခဲ့မိတယ်
ဒါ ...အမှိုက်ကလေး သတိမထားမိပါ

တနေ့က  အမှိုက်ကလေး လွင့်ပါးလာဦးမလား
စိုးရိမ်စိတ်နဲ့ တံခါးတင်းတင်းစေ့ထားတဲ့ သူ့ကို တွေ့ခဲ့တယ်
အမှိုက်ကလေး ၀မ်းနည်းရတယ်

ခုဆို လေပြင်းတွေနှင်တဲ့အခါ
အမှိုက်ကလေး သူ့ဆီ မလွင့်ပါးမိအောင်
ကြုံလေရာလေရူးတွေကြား တောင့်ခံထားမိတယ်

လေပြေလာရင်ပဲဖြစ်ဖြစ်
လေပွေလာရင်ပဲဖြစ်ဖြစ်
 ရိုးရိုးသားသား လွင့်ပါးချင်ခဲ့တဲ့ သာမာန်သစ်ရွက်ကြွေအမှိုက်ငယ်လေးပါဆိုတာကို
ပြောပြခွင့်မှ ရပါဦးမလား ။




လင်းပြာနွေ




ချစ်သူ မဖတ်ရ ...

အလွမ်းမင်းသားလေး | 03:42 | Best Blogger Tips












မြင်မြင်ခြင်း ချစ်မိခဲ့တဲ့

ကာရံမညီသော ရင်ခုန်သံဟာ

ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား ... ?

Tampo မြန်လွန်းပါတယ် ချစ်သူ ..... ။

ငါ -

နင့်ကို ဘယ်လောက်ထိ ချစ်လဲ ... ဆိုတာ

-ငါကိုယ်တိုင်မသိသော

-နင် နားမလည်နိုင်သော

-မေးခွန်းနဲ့တူသော

ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ ..... ။

ချစ်လွန်းလို့

ရှေ့ရေးကို မင်းအတွက်တွေးပြီး

ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ ..... ။

နင် -

တကယ်မသိဘူးနော် ...

လဆန်း-လပြည့်-လကွယ်-

ဘယ်နေ့ညကများ

အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ ... လို့

သန်းခေါင်ယံညရဲ့လမ်းပေါ်

အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်

ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ....

( ဘာ့ကြောင့်များ )

စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ ..... ? 



အလင်းရိုင်း

Wednesday, 2 January 2013

ချစ်သူ မူပိုင်ရှိသူများ နှင့် မူပိုင်ကို ချစ်တဲ့သူများအတွက် နည်းလမ်းကောင်း ...

အလွမ်းမင်းသားလေး | 07:20 | Best Blogger Tips



ဒီနည်းလေးကို ဘာလို့ ဒီလိုပေးရလည်းဆိုတော့ ချစ်သူတွေရဲ့ဖုန်းထဲကို သီချင်းသွင်း

အကူညီပေးတဲ့အခါနဲ့  အထူးအဆန်းလေးတွေ လုပ်ချင်သူများအတွက် ရည်ရွယ်လို့ 

ပေးချင်းဖြစ်ပါတယ် အကျိုးကျေးဇူးနှစ်ခုမကရပါတယ်။


ခေါင်းဖြတ်ဆက်ချင်တဲ့ Photoshop သမားတွေအတွက် ဖလမ်းဖလမ်းFunny....

အလွမ်းမင်းသားလေး | 07:11 | Best Blogger Tips


နန်းခင်မောင် (သူများ မနောက်ရဲလို့ ကိုယ့်ပုံကိုယ် ပြန်ဆက်ကြည့်လိုက်တာပါ)  
ကောင်မလေးတွေ ကဲကိုကဲ ပြီကျတော့ ရေမကူတတ်တဲ့ ဘဲလိုပဲ...တကယ့်ဒီဇိုင်းတွေ    
ခေါင်းစဉ်တစ်ခုဆီမှာ အလန်းဒီဇိုင်းတွေ အများကြီးပါတာမို့  ကလိလိုသူများ လေ့လာကြည့်

ဒီဝက်ဆိုဒ်လေးကတော့  ပုံဖြတ်ဆက်ဖို့ နောက်ပြောင်ဖို့ ပုံတွေ အများကြီးပါပါတယ်။


ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ