အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Saturday, 5 January 2013
တွေးတွေးပြီးရယ်....
အလွမ်းမင်းသားလေး | 19:58 | Best Blogger Tips
(၁)
လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။
ပထမရဲ ။။။။။ ဟာ...တော်တော်ဖြစ်သွားတာပဲ။
ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။
ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင်
ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃...အင်း.. ခေါင်းတည့်သွားပြီ။
ပထမရဲ ။။။။။ အင်း.. အခုမှ အသက်မရှုတော့ဘူး
ပုံလေးတွေကို ဘောင်လေးတွေထဲမှာထည့်ရအောင် ...
အလွမ်းမင်းသားလေး | 06:36 | Best Blogger Tips
သူငယ်ချင်းတို့ရဲ့ပုံတွေကို ဒီဇိုင်းစုံပြီးလှတဲ့ဘောင်လေးတွေထဲမှာ ထည့်ကြည့်ရအောင်နော်...
ဒီ Photoshop လေးအသစ်ထွက်လာလို့တင်ပေးလိုက်တာပါ .. စိတ်ဝင်စားမယ်ဆိုရင် ယူထားလိုက်နော်...
အရင်ဆုံး ဒီနေရာလေး
ကိုသွားလိုက်ပါ... အောက်မှာရှင်းပြထားတဲ့အတိုင်း လုပ်ကြည့်ရုံပါပဲနော်....
Thursday, 3 January 2013
မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း ...
အလွမ်းမင်းသားလေး | 05:37 | Best Blogger Tips
12 Sep 12, 08:03 PM
ဝေယံလင်း: အကိုေ၇ ဘလော့ကတော့အသစ်ဆွဲလိုက်၇တယ် ဒီတခါတော့အဆင်ပြေပါတယ် အဟဲ အကိုတောင်းစ၇ာလေးရှိလိုပါ မြန်မာ font အလှလေးတွေတင်ပေးပါဦး ကျနော်လိုချင်လို့ပါ .
မြန်မာစာဖေါင့်အလှလေးတွေကို ကျနော့်မှာ ရှိသလောက် စုပြီးတင်ပေးလိုက်ပါတယ်.. တခါတည်း ဘယ်လို Install ဆွဲထည့်ရမလဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ ဒီနည်းနဲ့ Install ဆွဲထည့်ပြီးသွားရင်တော့ Photoshop တို့လို၊ Page Maker တို့လို ဆော့ဖ်ဝဲလ်အကြီးကြီးတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်သွားပါလိမ့်မယ်.. စာရိုက်တဲ့ လက်ကွက်ကတော့ ဇော်ဂျီလက်ကွက်အတိုင်းပါပဲ.. ဒီမြန်မာဖေါင့်အလှလေးတွေထဲမှာ မောင်စေတနာဆိုဒ်က ဖေါင့်တွေနဲ့ ကျနော့်ဆရာပေးထားတဲ့ ဖေါင့်အလှလေးတွေကို စုပေါင်းပြီး ထည့်ပေးထားပါတယ်..။ အားလုံးပေါင်း 3.5 MB ရှိပါတယ်..။ ဒီလိုမြန်မာစာလုံးအလှလေးတွေကို လူတိုင်းလိုလိုရှိထားသင့်ပါတယ်..။ စီပွါးရေး လုပ်တဲ့သူပဲဖြစ်ဖြစ်၊ လူမှုရေးသမားတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကွန်ပျူတာ ကိုင်တတ်၊သုံးတတ်ပြီဆို ဒီလိုဖေါင့်အလှလေးတွေကို စုဆောင်းထားရမှာပါ..။ လိုချင်တဲ့အချိန်မှ လိုက်ရှာရင် မရ ဖြစ်တတ်ပါတယ်..။ ဒီဖေါင့်လေးတွေကို ဒေါင်းယူပြီး၊ ဘယ်လို Install ဆွဲထည့်လဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..
အဆိပ်သင့် နှလုံးသား....
အလွမ်းမင်းသားလေး | 05:18 | Best Blogger Tips
မရေရာတဲ့  မနက်ဖြန်ကိုစောင့်မျှော်ရင်း
မျှော်လင့်ချက်တွေ  ဝေဝါးကုန်တယ်
မပြည့်နိုင်တဲ့ ဆုကိုပဲ ဘုရားမှာ
အကြိမ်ကြိမ်တောင်းနေမိတယ်
ချစ်သူနဲ့  အမြန်ဆုံးဆုံဆည်းရပါလို့ ၏ ဆိုတာကိုပေါ့
ပုံသေသတ်မှတ်လို့  မရတဲ့ အချစ်ကို
တထစ်ချယုံကြည်ရင်း ရင်ဘက်ကြီနဲ့  ချစ်ခဲ့ မိတယ်
အယုံလွယ်သူပဲ ပြောမလား
ပုံပြင်ကြိုက်သူပဲ ပြောမလား
မမြင်ရပဲ ရင်နဲ့ ရင်းပြီး ချစ်မိလိုက်တယ်
မင်းရင်ခွင်မှာ  အချစ်ဆူးစူးလို့  ငိုနေရသလား
ငါ့ရင်ခွင်မှာ မင်းစိုက်ခဲ့ တဲ့  ချစ်အဆိပ်ပင်
အကိုင်းအခတ်လက်တွေ ဝေဆာ အသဲနံရံတွေ လိုက်စားလို့ 
သွေးရည်ကျဲကျဲ ရင်ထဲမှာ စီးကျနေရင်း
ငါ့နှလုံးသား အဆိပ်သင့်ခဲ့ တာနင်မြင်နိုင်မလား ချစ်သူ
မငိုခဲ့ ပါဘူး နင်စိတ်မကောင်းမှာ ဆိုးလို့ 
လမ်းခွဲစကား တစ်လုံး ကြားမိလိုက်တိုင်း
ငါ့ရင်ထဲကမ္ဘပျက်သလို  ဆို့ နှစ်ကြေကွဲ ရင်ကွဲမတတ်ပေါ့
မကြားချင်တယ်တဲ့ ဒီစကားနားထဲချော်ရည် လောင်းသလို
အချစ်စိတ်တွေ ပေါက်ကွဲ  နောက်ဆက်တွဲဖြစ်ရက်တိုင်းက
မမြင်ရတဲ့  အချစ်ကို ငါဘယ်တော့မှ မချစ်မိအောင်ကြိုစားပါတော့မယ့်
ဟိုး..........တနယ်တကျေးက မမြင်ရတဲ့  ချစ်သူရယ်...
Google Chrome မှာမြန်မာစာ ဖတ်လို့ မရတဲ့ ပြဿနာ ဖြေရှင်းနည်းများ ...
အလွမ်းမင်းသားလေး | 04:46 | Best Blogger Tips
ကျွန်တော် မိတ်ဆွေ တစ်ယောက်က Gooogle Chrome မှာ မြန်မာစာဖတ်လို့ မရလို့ ကူညီပေးပါဆို လို့  ကျွန်တော် မသိသေးတဲ့ မိတ်ဆွေများအားလုံးအတွက်ပါ  ရည်ရွယ်ပြီး အဆင်ပြေပြေနဲ့  လွယ်ကူမယ့် နည်းလမ်း လေးတွေ တင်ပြပေးလိုက်ပါတယ် ...
ပြုလုပ်နည်း ( ၁ )
Google chrome ကိုဖွင့်လိုက်ပါ  ပြီးရင် >> Settings >>> Show advanced settings...>>>  Costomize fonts.. >>> Fonts and encoding အောက်မှာရှိတဲ့ font တွေအကုန်လုံးကို Zawgyi-One ကိုပြောင်းပေးလိုက်ပါ ပြီးရင် >>> Encoding အောက်က အကွက်ထဲမှာ  Unicode ( UTF-8 ) ကိုပြောင်းပေးလိုက်ပါ ပြီးရင် OK လုပ်ပေးလိုက်ပါ  ကျွန်တော်အောက်မှာ ပုံနဲ့ ပြထားပါတယ်...
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ