အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 21 January 2013

ငါ့ ဘဝ လမ်း...

အလွမ်းမင်းသားလေး | 04:30 | Best Blogger Tips



ငါ့ဘဝက ကဗျာမဆန်သလို
တေးသွားလိုလဲ မချိုမြိန်ဘူး
အကွေ့အကောက်များတဲ့ ပင်လယ်ပြင်မှာ
မာယာတွေ တလှေကြီးနဲ့ ရွက်လွှင့်ခဲ့တယ်
ကြည်လင်နေတဲ့ ကောင်းကင်က
သာယာမှုတွေ အတိပေးပြီး
ကကြိုးရုပ်လို ကခုန်နေဆဲ
ကြမ္မာ မုန်တိုင်း မာန်အပြည့်နဲ့
တိုက်ခတ်စေတော့ ဘယ်ညာတိမ်း
ရေပြင်စုန်လိုက် ကမ်းကမ်လိုက်
ရေကြောင်းပျောက် လှိုင်းပုတ်ခတ်ရာမျော.....။

ငါ့ဘဝက ဘာလဲ ... အခါခါမေးတွေဝေမိတိုင်း
အတောင်ကျိုးတဲ့ ငှက်တစ်ကောင်လို ခွန်အားတွေမဲ့
ဟိုအပင် ဒီအပင် ဘယ်အပင်က လုံခြုံမလဲ
မရေရာပါဘူး ........... နားခိုရန်ခက်
ကြောက်စိတ်ကိုပယ် အားတင်းကာရယ်
ကောင်ကင်ယံမှာ တကိုယ်တော်
အတောင်တွေဖြန့်လို့ ပျံသန်းမည်........။

ငါ့ဘဝကို အဆုံးထိလျှောက်ဖို့
ခရောင်းလည်းဖြတ် ဖယောင်းလည်းနင်း
ဆူးတွေဝိုင်းလည်းဖောက်
ပန်းတွေကျဲလည်းကောက်
လွမ်းရင်ငို ပျော်ရင်ပြုံး
ကမ္ဘာလောက အလိုတော်ကျဖို့
မာန်အပြည့်နဲ့ လျှောက်လှမ်းရင်း လမ်းတဝက်တောင်ကျိုးခဲ့ပြီ....။


ရစ်မမ ( နေပြည်တော် )

Facebook မှာ ပေးထားတဲ့ Comment တွေ ဖတ်ပြီး သက်မွန်မြင့် ပြန်အားယူ ...

အလွမ်းမင်းသားလေး | 04:12 | Best Blogger Tips



Q. Online Focus ဆုရတဲ့ အတွက် သက်မွန်ရဲ့ခံစားမှုက..

A. သက်မွန် အရမ်း ၀မ်းသာပါတယ်။ ဒါ ပရိသတ်တွေရဲ့ အားပေး မှုကို ဖော်ပြလိုက်တာပါ။ ကိုယ့်ကို ပရိသတ်တွေက ဘယ်လောက်ချစ်၊ အားပေးတယ်ဆိုတာ သိလိုက်ရတာပါ။ ဒီဆု ရလိုက်တဲ့ အချိန်မှာ အရမ်း အံ့သြ ၀မ်းသာတယ်။ ပြီးတော့ သြော်.. ကိုယ့်ကို ချစ်ခင်တဲ့ ပရိသတ်တွေ ဒီလောက် များပါလားဆိုတာ သိလိုက်ရတော့ ပိုပြီး အားရှိသွားတယ်။

Q. Facebook က Thet Mon Myint ဆိုတာ ကိုယ်တိုင် သုံးတာလား။

A. သက်မွန် Fan Page တစ်ခု ရှိတယ်။ သက်မွန်က အင်တာနက် သုံးတာ အရမ်း အားနည်းတယ်။ သိပ်ပြီး နားမလည်ဘူး။ မသုံးတတ်ဘူး။ ဒါပေမဲ့ တစ်ခါတလေ Facebook မှာ ကိုယ့်ဓာတ်ပုံ ကိုယ်ပြန်ကြည့်ပြီး Comment လေးတွေ ဖတ်ပြီး အားတော့ ပြန်ယူရတာပေါ့။



ဆယ်ကျော်သက် အရွယ် အိပ်မက်က အဆိုတော်ပဲ ဖြစ်ချင်ခဲ့တဲ့ အောင်လ ....

အလွမ်းမင်းသားလေး | 04:09 | Best Blogger Tips



လူတိုင်း လူတိုင်းမှာ ဆယ်ကျော်သက် ဘ၀က ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့ ကြမယ် ထင်ပါတယ်။ တခိျု့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူး အတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တခိျု့လည်း စိတ် ကူးနဲ့ ထပ်တူ မကျတဲ့ လက်တွေ့ ဘ၀ကို ရောက်နေကြရတာ တွေရှိ ပါတယ်။
ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော်သက် ဘ၀က စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အိပ်မက်ကို အကောင် အထည် ဖော်နိုင်ခဲ့တယ် ဆယ်ကျော်သက် အရွယ်ကတည်းက ကျွန်တော် မက်ခဲ့တဲ့ အိပ် မက်က တစ်ခုတည်းပဲ။ အဆိုတော် တစ်ယောက် ဖြစ်ချင်တယ် ဆိုပြီးတော့ပေါ့။ အခုအချိန်မှာ ကျွန်တော့် အိပ်မက်တွေ အကောင်အထည် ပေါ်ပြီး တကယ် ဖြစ်လာခဲ့ ပါပြီ။


ရတနာမိုင်နဲ့ တကယ်လို့များ ...

အလွမ်းမင်းသားလေး | 04:05 | Best Blogger Tips



ပြည်သူချစ်တဲ့ အနုပညာရှင် ရတနာမိုင် တွေကိုလည်း တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှ မေးဖြစ်ခဲ့ပါတယ်။

Q. တကယ်လို့များ မိုင်လေး ကိုလူသူ မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်း ပို့လိုက်မယ်ဆိုရင် ဘာတွေ ယူသွားချင်လဲ

A. အဲဒါဆိုရင် လိုတရ အိတ်လေး တစ်လုံး ယူသွားပြီး ကျွန်းပေါ်မှာ ဘုရင်မလုပ်မယ် (ရယ်လျက်)။

Q. တကယ်လို့များ ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကား (သို့) ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းခွေကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတာ တွေ့မိရင် ဘယ်လို ခံစားမိလဲ။


ကိုယ်တိုင်ဖန်တီးမဲ့ Animation Desktop Wallpaper Maker...

အလွမ်းမင်းသားလေး | 03:49 | Best Blogger Tips


ဒါကတော့ သူငယ်ချင်းတို့  Wallpaper  လေးတွေကို  Animation  လေးတွေနဲ့လန်းလန်းလေးသုံးချင်သူများ အတွက်အကြိုက်တွေ့မဲ့ Animated Wallpaper Maker ဆိုတဲ့ Software ဖြစ်ပါတယ်..။ ဒီ Software လေးက မိမိတို့စိတ်ကြိုက်ပုံလေးတွေကို Animation  လေးတွေထည့်ပေးလို့ရပြီး  Animation  Wallpaper  လေး
တွေ ပြုလုပ်လို့ရမှာဖြစ်ပါတယ်.. အသုံးပြုရတာလဲလွယ်ပါတယ်.. Full Version  လေးသုံးလို့ရအောင် serial key လေးတွေပါထည့်ပေးထားပါတယ်..



ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ