အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 14 February 2013

***အိမ်မက်မဲ့ ည***

အလွမ်းမင်းသားလေး | 22:10 | Best Blogger Tips



သဇင်တစ်ခက်မာန်တက်စွာနဲ့
အမြင့်နန်းမှာပွင့်လန်းနေတုန်း
ဖန်ဆင်းရှင်ရဲ့လက်နက်ပုန်းကြောင့်
မာယာရမ္မက်ကြားမှာ
ပါးပါးလေးခြွေချခံလိုက်ရတယ်.။

မမြင်နိုင်ပေမဲ့ စီးမျောခြင်းကိုကျေနပ်လက်ခံရင်း
ဝတ်ရည်ကို စုပ်ယူခွင့်မရှိတဲ့
ပျားတစ်ကောင်လို မျှော်လင့်ချက်တွေ
လက်ပြနှုတ်ဆက်ရပြီပေါ့။

နှလုံးသားစာမျက်နှာမှာ
အချစ်ဆုံးလို့ မှတ်ကျောက်တင်လိုက်တာ
ဥပေက္ခာတွေပဲ ရသမြောက်လာတယ်
မျက်ရည်ကို ခစားရင်း။

မျဉ်းပြိုင်ရဲ့နိယာမကိုလက်ခံပေမဲ့
မိုက်မဲခြင်းတွေကို သိမ်းပိုက်ထားတော့
မိုးခါးရေပဲ ဆက်သောက်နေမိတယ်။

အလွမ်းဆိုတဲ့အရာကို
သေမိန့်ချလို့ရရင် ချစ်သမိုင်းမှာ
အသည်းသရဖူဆောင်းပေးချင်ရဲ့
ကြေကွဲခြင်းတွေ နန်းချရင်းပေါ့။

အံ့ပါရဲ့........နော်
ငမိုက်သားကို ပိုင်ဆိုင်ချင်တဲ့ဘုရင်မ
ဝဋ်ကြမ္မာကိုအပြစ်ပုံချ
ဆွေးမြေ့ခြင်းတွေသီကုံး
သတိရခြင်းတွေပဲ
တစ်ထီးတစ်နန်းစံနေတော့တယ်။

ဒါပေမဲ့ ငါ အရမ်းပျော်ပါတယ်
နာကျင်ခြင်းသင်္ကေတက
ငါ့ရဲ့ကဗျာတွေဖြစ်တည်လို့
သေရာပါအမှတ်တရကို
အလွမ်း ဆိုတဲ့ကာရံလှလှလေးအဖြစ်
ရေးသီပါရစေတော့ မာယာချစ်သူရေ။....
 
 
 
 
လရိပ်လေး

Ashampoo Uninstaller 5 5.0.2 Final ...

အလွမ်းမင်းသားလေး | 22:04 | Best Blogger Tips



ဒီကောင်လေးက Ashampoo ကထုတ်တဲ့ Uninstaller လေးပါ..။ မိမိတို့်ရဲ့ အသုံးမလိုတော့တဲ့ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေကို ဒီကောင်လေးနဲ့ ပြန်ထုတ်ပစ်လို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးပါ သူ့ရဲ့ ဒေါင်းလော့ဖိုဒါလေးထဲမှာ ထည့်ပေးထားပါတယ်..။ အောက်မှာလည်း crack ဖိုင်လေးနဲ့ ဖူးသုံးလို့ရအောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ crack ထည့်နည်းကတော့ အရင်တုန်းက ပိုစ့်တွေအတိုင်း အတူတူပါပဲ..။ crack ဖိုင်မထည့်တတ်သေးတဲ့ သူများနဲ့ မသိသေးတဲ့ သူများကတော့ အောက်မှာ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 17.4 MB ရှိပါတယ်..။ ဒီကောင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။

ကိုယ်ပိုင်ချစ်ခွင့်...

အလွမ်းမင်းသားလေး | 21:45 | Best Blogger Tips


 
ချစ်သူ...
ပါးပါးလေးလို့ ထင်ထားခဲ့မိတယ်...
ခုတော့..
တဖြည်းဖြည်းနဲ့ ထူထဲလာပြီး...
နာကျင်နေရမဲ့အစား...
နင့်ကို ပိုလွမ်းနေမိတယ်...
မေ့ပစ်ဖို့ စဉ်းစားမိတိုင်း ...
နင့်ကိုပိုပြီး အမှတ်ရနေမိတယ်...
မုန်းပစ်ဖို့ ကြိုးစားလိုက်တိုင်း.......
နင့်ကို တိုးပြီး ချစ်လာမိတယ်..
ချစ်ခဲ့တာဟာ...
မုန်းမေ့ဖို့မဟုတ်ဘူး....
နာကျင်ခံစား နေရဖို့လဲ မဟုတ်ဘူးနော်..
နားလည်မှု့ ပေးဆပ်မှု့တွေနဲ့....
နင့်ကိုချစ်ခဲ့တာပါ  ချစ်သူ...
ပိုင်ဆိုင်ခွင့် လဲ ငါမလိုချင်ဘူး...
အနိုင် အရှုံး....
တိုင်းတာမှု့  ခိုင်းနိုင်းမှု့တွေနဲ့..
ငါ့ရဲ့အချစ်ကို တန်ဖိုး မဖြတ်ပါနဲ့..
တုံ့ပြန်မှု့ မရှိဘူးဆိုတာ...
ငါ အစကတည်းက သိနားလည်ထားပါတယ်...
နင့်ကိုချစ်ခဲ့မိလို့လဲ ...
ငါနောင်တရနေမှာ မဟုတ်ဘူး...
ငါ့ရဲ့မိုက်မဲမှု့တွေဘဲလို့..
နင်ထင်မှတ်နိုင်ပါတယ်...
စစ်မှန်တဲ့ ငါ့ရဲ့အချစ်...
ငါ့ရဲ့ ကိုယ်ပိုင်ချစ်နေခွင့် နဲ့...
နင့်ကို အသက်ထက်ဆုံး ...
ငါချစ်သွားမှာ  ချစ်သူ.....

                              
တေးတေး  12.2.2013

Wednesday, 13 February 2013

ငါ့အတွက်မလိုတဲ့ Valentine ...

အလွမ်းမင်းသားလေး | 21:24 | Best Blogger Tips

လေပြည်တွေတိုက်ခတ်တိုင်း.. သယ်ဆောင်လာတတ်တဲ့မိုးရနံ့နဲ့အတူ
အလွမ်းတွေပါလာတတ်တာ ကို သတိ ထားမိလား ချစ်သူ ...

အညိုရောင်လမ်းတစ်လျောက်မှာ...အသာအယာ ဖွဖွနင်းတိုင်း
ရွှေဝါရောင်ရွက်ကြွေလေးတွေ... ကြေကွဲစွာငိုနေ တာ ကို သတိထားမိလား ချစ်သူ...

ဖြူမွှမွ သောင်ပြင် ပေါ် ခပ်နက်နက် ခြေရာထင် တိုင်း
အတိတ်တွေကို ပြန်မြင်လာ မိတတ်တာ ကို သတိထားမိလား ချစ်သူ...

ဖယောင်းတိုင်လေး တစ်တိုင်.. ချောကလက်လေးတစ်ခုနဲ့ ...
ပန်းလေးတစ်ပွင့် မြင်တိုင်း.... ဒီနေ့တစ်ရက်ထဲ Valentine လို့
ဘယ်သူက သတ်မှတ်လိုက် တာလဲ ချစ်သူ ..

ငါ့ရင်ထဲမှာ... နေ့တိုင်း လေပြည်တွေတိုက် တယ်...
ရော်ဝါရွက်လေးတွေကြွေတယ်...
ခြေရာနက်တွေထင်တယ်...
ဒါဆို.... ငါ့အတွက်တော့...
ဖယောင်းတိုင်မလို... ချောကလက်မလို..ပန်းတစ်ပွင့်မလို..
Valentine လဲ မလိုပါဘူး ..ချစ်သူ...

လိုနေတာ.. မင်းတစ်ယောက်ထဲပါ..။


လေးစားချစ်ခင်လျက်
မနတ်သမီး

♥ Valentine Day ( Feb.14 ချစ်သူများနေ့ ) ♥...

အလွမ်းမင်းသားလေး | 18:43 | Best Blogger Tips



အရမ်းချစ်ရတဲ့ ချစ်သူလေး ဆီကပေါ့...ကိုယ်စီ မျှော်လင့်တတ်ကြတယ်♥

အမွှေးပွပွ... အရုပ်ကြီးတွေလားးးး♥

ဒါမှ မဟုတ်... နှင်းဆီပန်းတွေ အများကြီးလားးးး♥

အသဲပုံချောကလက်တွေ အပြည့်ထည့်ထားတဲ့ ဗူးတွေလားးးး♥

အင်္ကျီဆင်တူလေးတစ်ထည် အတူတူဝတ်ဖို့ အတွက်လားးး♥

တစ်ယောက်လက် တစ်ယောက်တွဲပြီးးးး မြို့ ထဲကို အတူ လျှောက်လည်ဖို့ လားးး♥

Post card လေးတွေလားးး♥

အများကြီးပဲ ရှိပါတယ်... အများကြီးမှ အများကြီးပါ♥

ဒါပေမယ့်...♥

ပိုက်ဆံ အများကြီး မပေးရပါဘူး... အပင်ပန်းခံ အသဲပုံတွေခေါက်နေစရာမလိုပါဘူး♥

ဟိုပြေး ဒီလွှားနဲ့  အချိန်မှီ လက်ဆောင်တွေဝယ်နေစရာမလိုပါဘူး...♥

တစ်ယောက် နဲ့ တစ်ယောက် နားလည်မူတွေရှိလို့ ... ချစ်သူတွေဖြစ်နေပြီပဲ...♥

တကယ်လိုအပ်တာက..♥.

သူ့ ရဲ့ မျက်လုံးကို စေ့စေ့ကြည့်ပြီးးးး♥

" နင့် ကို အရမ်း ချစ်တယ် နော် " လို့ ပြောပြီး ကြင်နာစွာပေးလိုက်တဲ့ သင့်ရဲ့ အနမ်းက...♥

အပေါ်မှာ ကျွန်တော် ပြောခဲ့တာတွေ ထက်... ♥

အဆပေါင်းများစွာ ပျော်ရွှင်စေနိုင်မယ်... ♥

တစ်ယောက်နဲ့ တစ်ယောက်ကြား ယုံကြည်မူတွေ ဖလှယ်နိုင်မယ်...♥

ရင်ထဲမှာ ကိုယ်စီ နွေးထွေးသွားတဲ့ ခံစားမူလေး က...♥

သင့်ချစ်သူအတွက် အကောင်းဆုံး Valentine Present...ပါ ♥
 
 
 
ချစ်ဆူးလေး

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ