အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 21 February 2013

ကြွေပန်းတစ်ပွင့်ရဲ့  ဒိုင်ယာရီ....

အလွမ်းမင်းသားလေး | 02:39 | Best Blogger Tips




မဝေကတည်းက
စောစီးစွာကြွေနေရှာတယ်
မမွှေးခင်ကတည်းက
ရနံပြယ်နေတဲ့  ဒီပန်း
ဒီလမ်းလေးမှာပဲ ခက်နွမ်းနွမ်းရှိနေတယ်

ပညာမစုံသေးပါဘူး
ကြင်ရာစုံချင်နေတယ်ထင်ပါရဲ့ 
အချိန်မတန်သေးတဲ့  ဒီအရွယ်
အိမ်ပြန်ချိန်တွေ နောက်ကျတတ်နေပြီ

အလှဂုဏ်တွေမက်လို့ 
ငွေရဲ့ ကျေးကျွန်အဖြစ်နဲ့ 
တဏှာရမ္မက်တွေကြား စီးမျောရင်း
ဘာသာပျောက်နေတဲ့  မြန်မာမလေးရယ်
ဘဝကိုဈေးကစားတဲ့  မင်းလေးကို အရမ်းနှမျောတယ်

ပန်းကောင်းအညွှန်ချိုးခံရတာမဟုတ်ပဲ
ကိုယ်အညွှန်ကိုချိုးနေသလို
ပန်းတိုင်းမှာ ရနံမရှိပေမယ့်
ပန်းတစ်ပွင့်တိုင်းမှာ ဒိုင်ယာရီဆိုတာရှိတယ်
အစမကောင်းတဲ့ ခဲ့ တဲ့ ဒီပန်း
နောက်ဆုံးကြွေချိန်မှာ နှင်းခြေခြင်းရဲ့ 
ပန်းရိုင်းတစ်ပွင့် မဖြစ်ပါစေနဲ့ လို့ 
ဆုတောင်းနေမိတယ် ပန်းရိုင်းတစ်ပွင့်နဲ့ တူတဲ့ 
ဒိုင်ယာရီထဲက ကောင်မလေးရယ်        ။


            ဖိုးခွားလေး (ကော့မှူးမြို့ )
 

မြိုသိပ်ခြင်း (သို့ ) ကလေးရေ.....(နန်း)သို့ ..............

အလွမ်းမင်းသားလေး | 02:36 | Best Blogger Tips



မရေရာတဲ့    သံသရာခရီးမှာ
ကံကြမ္မာကြီးကို ကံစီမံရာဆိုပီးသာ
တိုးတိုးလေးငြီးတွားလိုက်ချင်တော့တယ်
ကလေးရယ်.......

မသေချာတဲ့ဒီကမ္ဘာမှာ  မရေရာတာတွေများနေတော့
သေရာပါမဲ့ ဒဏ်ရာကိုတော့  မလိုချင်ပါ
ကဘေ ကမ္ဘာက   သယ်လာခဲ့တဲ့
ဝေဒနာပြေစရာ  စကားလေးတစ်ခွန်းကို
အလှမ်းဝေးကနေပဲ ပြောလိုက်ချင်တယ်
အရမ်း “ ချစ်တယ်” ကလေးရယ်.....

လို့ ...ပြောချင်ပေမဲ့
ဘောင်စည်းတွေခြားနေလေတော့
ညောင်သီးလေး သာယူပီးဥပမာပြလိုက်ချင်တော့တယ်
ညောင်စေ့လေးသေးငယ်တယ် အပင်အားကတော့ကြီးကျယ်သလို
အမှတ်မထင်ဝင်လာတဲ့ သံယောဇဉ်တစ်မျှင်ဟာလည်း
ညောင်ပင်ဥပမာထက်  အဆများစွာသာနိုင်ပါတယ်
ကလေးရယ်.................

“ချစ်တယ်” ဆိုတဲ့စကားဟာ အမြစ်တွယ်သွားတတ်တဲ့
“ကင်ဆာ”ရောဂါလို  ပိုပိုသာဆိုလာတတ်ပါတယ်
ကလေးရယ်........ ဒါကြောင့်မို့ 
သွားနာတတ်သူ       အချိုရှောင်သလို
ငါ့စကားတွေကို   မကြားချင်ရောင်သာဆောင်နေပါတော့ေ
(၅၆) ၅နဲ့ ၆ ဇောက်ထိုးလွဲ နေတဲ့   ကံတရားနဲ့ 
ဥါဏ်များလှတဲ့  ဒီလောကကြီးထဲမှာ
(69) 6နဲ့ 9လိုလွဲနေမဲ့အစား  ငါပဲရင်မှာအပီးသိမ်းထားပါတော့မယ်
ကလေးရယ်.....
ဖြစ်ချင်တာမဖြစ်ရတဲ့ ဘ၀မှာ
ပြောချင်တဲ့စကားကို  ရင်မှာသိမ်းလို့ 
ဖြစ်သင့်တာကိုရင်မှာတွေး  အေးဆေးလေးပဲနေလိုက်တော့မယ်
ဒီတိုင်းလေးပဲကောင်ပါတယ် ကလေးရယ်.....

မြိုသိပ်ထားသမျှတွေ ယိုဖိတ်ကျလာတဲ့တစ်နေ့ 
သိုသိပ်ထားလို့ မရတော့ဘူး    ဆိုရင်တော့
ခွင့်ပြုပေးပါ ကလေးရယ်......
ပင်လယ်တွေခြားပီး
တာင်တွေကာဆီး
ဟိုးအဝေးကြီးကနေပဲ
လွမ်းနေတော့မယ်
ကလေးရယ်....... (နန်း)၇ယ်...

     

သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com

Monday, 18 February 2013

ဝေးနေချိန်.....

အလွမ်းမင်းသားလေး | 05:34 | Best Blogger Tips


သြော်.....အချစ်ရေ
တို့နှစ်ယောက် ခွဲရတာ
ရက်တွေကြာလို့ နှစ်တွေပြောင်းသွားပြီ....။
အချိန်ဆိုတဲ့ စက်ဝန်းကြီးထဲမှာ
ကိုကိုလေ သဲကိုခွဲပြီး
အလုပ်တွေဘဲ လုပ်နေမိတယ်...။
အတိတ်တွေဆီ
အမြဲတမ်း လွမ်းနေမိတယ်....။
ကောင်းကင်ကြီးကို မော့ကြည့်တိုင်း
အချစ်ရဲ့မျက်နှာလေးကို
မြင်ယောင်နေမိတယ်.......။
"လွမ်းလိုက်တာ.."အချစ်ရယ်
အချိန်ရှိတိုင်း ပြန်ရမဲ့နေ့တွေကို
ရေတွက်နေလျှက်ပါ.......။
"သဲ..."နဲ့ခွဲပြီး
မိုင်းပေါင်းထောင်ချီဝေးတဲ့
ဒေသကိုရောက်နေပေမဲ့
စက္ကန့်တိုင်း စိတ်တွေက
သဲ..ဆီမှာပါ.....။
တို့နှစ်ယောက် ဝေးကွာချိန်လေးမှာ
အမြဲတမ်း သတိရနေတယ်ဆိုရင်
ကိုကို..ပျော်နေမှာပါ..။
 
 

                                                     အောင်အောင်

မပြောင်းလဲ တဲ့  ငါ့ စိတ်ကူးလေး...

အလွမ်းမင်းသားလေး | 04:57 | Best Blogger Tips





နင်  နဲ့ မှ  ချစ်တတ်လာတာ
ရင်ခုန်သံက လဲ 
နင်   နဲ့  တွေမှ ပုံမှန်မဟုတ်တော့ဘူး
မူမမှန် တဲ့   အသက်ရှုသံ  အချို့ တွက့်
နင်  လျော်ကြေး ပေးရမယ်


ငါ့   အပေါ်ချစ်မိတဲ့    နင့်   ကို

ခုံရုံး   တင်မယ်
ရှေ့နေ ဌား  ဆွဲချလိုက် တရားသူကြီး
အတွက့်   အခွန်ဆောင်ကြေး
နင်  ရှင်းပေးနော်


ပြန်ချစ်မိတဲ့    ငါ့ အတွက့်

နစ့်နာကြေး   တစ်သက်စာအတွက်
နင့်  ဘ၀ အပ့်နှံရမယ်

ခဏခဏ  စိတ်ကောက်
သ၀န်တို  အပြစ်ရှာ

နင့်   အချော့ခံယူတတ်တဲ့ 
ငါ့   ကို  နင်က ထာဝရ ပစ်ခွာမသွားရ
ချစ်ပါ တယ်လို့   တစ်ဖွဖွ  ပြောဖို့ 
နင်  မမေ့  စေရနော်

ဒါဆို  ငါ  ကလဲ
နင့်   အပေါ်  အရင်ကထက်
အချစ်ကို  ဆတိုး  ချစ်ပြီး
အရင် နဲ့   မတူတဲ့ 
အူတို  အပြစ်ရှာ ခြင်းတိုးပြီး
အသက်တွေ  ကြီးလို့ 

အိုမင်း  ရင်ရော်သည်  အထိ
အပြစ်ရှာပြီး  နှစ့်နှစ့်  ကာကာ ချစ်လို့ သွားမယ်
ယုံနော်...........



 
                        ညအက္ခရာ.............

ချစ်ခြင်းနုဿတိ...

အလွမ်းမင်းသားလေး | 04:37 | Best Blogger Tips


 








အချစ်ဆိုတာဘာလဲ 
ငါတကယ် ချစ်မိသွားတဲ့အခါ 
ငါတကယ် သိချင်လာခဲ့ပါတယ်။
မနက် မျက်လုံးစဖွင့် ကတည်းက 
ညမျက်လုံးမှိတ် အိပ်တဲ့အထိ 
အချိန်အားတိုင်း တွေးနေမိတယ်
အဲဒီ ကောင်မလေးရဲ့နုဿတိကို 
လူတကာလည်း သိခဲ့ပါပြီ။
 
နေရှိခိုး လရှိခိုးတဲ့
 ကမ္ဘာဦး လူရိုင်းရဲ. ယုံကြည်မှုမျိုးနဲ.
ကောင်မလေးကိုငါ မြတ်နိုးခဲ့တယ်။ 
လောကုတ္တရာမှာ ဗုဒ္ဓကို ကိုးကွယ်ပြီး
လောကီမှာ ကောင်မလေးကို ကိုးကွယ်ခဲ့တယ်
တကယ်ပါ…………ငါဟာ
“ သာဝက ” ဆန်ဆန် ချစ်တယ်။
နေပဲဟောင်းဟောင်း လပဲဟောင်းဟောင်း
ငါ့အချစ်ကို မပြောင်းတော့ပါဘူး
အကောင်းဆုံးကို ငါတွေ.ခဲ့ပြီပဲ
အလိုချင်ဆုံးဟာ အကောင်းဆုံးဆိုတာလည်း
ငါသိခဲ့ပြီပဲ
နိုင်းရတရားတွေဟာ
ဒီအချိန်မှာ အသုံးမ၀င်တော့ပါဘူး။
ကဗျာဆရာဟာ
နည်းနည်းတော့ အစွန်းရောက်တယ်
တစ်ဘ၀စာလောက်တော့ မချစ်ချင်ဘူး
နိဗ္ဗာန်ကို အတူရောက်ဖို.
ပါရမီတွေ ဇွတ်ဖြည့်ချင်နေမိတာ
ဒါ……ငါ အစစ်ပါပဲ။ 
ကိုယ့်မေတ္တာကို ကိုယ်ပြန်စစ်ဆေးတယ်
ဘယ်လိုပြောရမှန်း
ဘယ်လောက်ချစ်မှန်းတော့ မသိဘူး။

တစ်ခုပဲ
ငါသေမှ သူအသက်ရှင်မယ်ဆို
ငါသေပေးမယ်။

သူသေရင် ငါသေမယ် မပြောချင်ဘူး
ငါသေရင် သူသေပါ မတောင်းဆိုဘူး
ဘယ်တော့မှ စိတ်မပါပဲ စကားမပြောဘူး။

ကောင်မလေးရေ...
ကိုယ့်နှုတ်ထွက်စကားနဲ့ ကိုယ့်စိတ်ထွက်စကား
အမြဲတမ်း “ အနုရောဓိ ” ဖြစ်ခဲ့ပါတယ်။


ငါ့အကြည့်တွေ ငါ့အပြုံးတွေ
အချစ်နဲ. ကင်းကွာနေတာ ဘယ်မှာရှိလို.လဲ
ငါ့အတွေးတွေ ငါ့အပြောတွေ
ကောင်မလေး ကောင်းစားဖို.မပါတာ ဘယ်နှစ်ခါရှိခဲ့လဲ
ဘယ်လိုအကြောင်းနဲ.မှ မလွဲဖို.ကို
ငါ့ကိုငါ သစ္စာဆိုခဲ့ပြီးပြီလေ။

အခုဆိုရင်ကိုယ်လေ
( သူများတွေ တူးဖော်မှတွေ.ရမယ့် )
ကျောက်စာတစ်ချပ် မဖြစ်ချင်ဘူး
သစ်တောကြီးတစ်တောစာကို
ကမ္ဘာ တည်သ၍ပေးနိုင်တဲ့
မျိုးစေ့လေးပဲ ဖြစ်ချင်တော့တယ်။

အချစ်ဆိုတာ
တိတ်ဆိတ် ခိုင်မာခြင်း မဟုတ်ဘူး
ရှင်သန်ပွားများခြင်းပဲဖြစ်တယ်။

ကောင်မလေးရေ
နာရီ တစ်ခုထဲက ပင်နီယံ နှစ်ပွင့်လို
တို့အတွေးတွေ စိတ်ကူးတွေတိုင်းဟာ
အံဝင် ဂွင်ကျ လည်ပတ်ခဲ့ပြီ။
ဘယ်သူတွေဒီလောက် သွေးတူခဲ့ကြသလဲ
ဘယ်သူတွေဒီလောက် အပေးအယူ မျှခဲ့သလဲ
သံသရာဟာ
နာရီတစ်လုံး ပါပဲ။
သူ့အချစ်ကို ပြန်လိုချင်လို့
ကိုယ့်အချစ်ကို အရင်ပေးရတာ
အရောင်းအ၀ယ် မဆန်လွန်းဘူးလား။
ကိုယ်က
ထီးတစ်လက်လို
သူလိုအပ်မှ ဖွင့်မနေစေရဘူး
သစ်ပင်လေးလို
( နေပူထဲမှာ )
အမြဲတမ်း အဆင် “ သင့် ” နေမယ်။
ကိုယ်ဟာ လေတံခွန်ကြိုး ဖြစ်တယ်
သူ လှပစွာ ပျံဝဲဖို.နဲ.
လေလွင့် ပါမသွားအောင် ကူညီမယ်။
ငါ့ထိန်းသိမ်းမှုဟာ သူမြင့်မားဖို.ပါပဲ
ချုပ်နှောင်ထားတယ်လို.များ
ကောင်မလေး အထင်မမှားလိုက်ပါနဲ.။
သူကျေနပ်ဖို.
ကိုယ့်နာကျင်ခြင်းတွေ မြိုသိပ်ပေးမယ်
သူဖြောင့်မှန်ဖို.
အမုန်းခံပြီး ကိုယ်ပြင်ဆင်မယ်
အဲဒီလိုမျိုး
တဇွတ်ထိုးဆန်ဆန်
တယူသန် တဖက်စွန်း ငါချစ်ခဲ့တာ။
ကောင်မလေး အကြောင်း မကောင်းပြောသူဟာ
ငါ့ရန်သူပဲ
အမှန်တရားကို ငါချစ်ပါတယ်။
ဒါပေမယ့်
ကောင်မလေးကို ငါ ပိုချစ်ပါတယ်
ငါ့ကို ခွင့်လွှတ်လိုက်ကြပါ
သူဟာ ငါ့ရဲ့ အမှန်ဆုံးတရားမို့ပါ။
ကောင်မလေး အတွက်
ငါ့ရုပ်ခန္ဓာဟာ ပေးဆပ်ဖို.ဖြစ်ပြီး
ငါ့စိတ်ဝိဥာဉ်ဟာ မြတ်နိုးဖို့ဖြစ်တယ်။
ငါ့ သံယောဇဉ် မှန်သမျှကို
ကောင်မလေးဆီမှာဇောက်ချချည်နှောင်ခဲ့တယ်။
တနယ်တကျေး အလည်ရောက်တုန်းက
ငါ့ ရင်ခွင်ထဲ လာဝပ်တဲ့
ကြောင်ပေါက်စလေးရဲ. အမွှေးပွပွလေးကို
လက်ဖျားလေးနဲ. ပွတ်သပ်နေရတဲ့ နူးညံ့မှုမျိုးနဲ.
ကောင်မလေးကို………ငါ
ဘာမျော်လင့်ချက်မှ မပါပဲ ချစ်ခဲ့တယ်။
အိုမင်း မစွမ်းမှာစိုက်မိတဲ့
သစ်ပင်ပေါက်ကလေးကို ယုယမိသလိုမျိုး
နောင်ရေးကို မမျှော်ကိုးပဲ
ကောင်မလေးကို ……ငါ……မြတ်နိုးခဲ့
တကယ့်ကို သန်.သန်.စင်စင်လေး။
ကောင်မလေးရယ်
ပေးဆပ်ခြင်းသက်သက်နဲ့ မြတ်နိုးခဲ့သလို
မြတ်နိုးခြင်းသက်သက်နဲ့ ပေးဆပ်ခဲ့ပါတယ်။
သားမပါပဲ ချောမွေ.ခဲ့တဲ့ ကဗျာ
ဒါ………အချစ်ကြောင့်ပါ။
ပိုင်ဆိုင်လိုခြင်း မပါလို.
ကိုယ်……မငြင်းခဲ့ပါ
ပေးဆပ်ချင်လို. ပိုင်လိုခဲ့တာ
ကိုယ့်လက်ထဲရှိမှ ကိုယ်ကြင်နာခွင့်ရမှာပေါ့။
ပျိုးပင်လေးတွေ.တဲ့ ဥယျာဉ်မှူးတစ်ယောက်လို
ယုယစွာ စောင့်ရှောက်မြတ်နိုးဖို.
လက်ထဲမှာ ပိုင်ဆိုင်လိုရင်းနဲ.
ငါ့အချစ်ဟာ အတ္တဆန်ခဲ့ပါတယ်။
အဲဒီ အတ္တ စစ်စစ်ကပဲ
အနာဂတ်နဲ.ငါ့ကို ဆက်သွယ်လည်ပတ်စေတဲ့
ယန္တရားကြိုးလည်းဖြစ်တယ်
အနုပညာနဲ.ငါ့ကို တောက်မှုန်ဝင်းဖြာစေတဲ့
သုခုမ တောင်ပံ လည်း……ဖြစ်ခဲ့တယ်။
နင့်ကိုလေ
လသား အရွယ်လေး ဖြစ်စေချင်တယ်
ရင်ခွင်ထဲမှာ အမြဲပိုက်ထားလိုက်မယ်
ဘယ်ကိုမှမသွားစေရဘူး
င့ါ စိတ်ပူ စိုးရိမ်သောကဟာ
မင်းထင်တာထက် နှစ်ဆသုံးဆ ရှိတယ်။
မင်းအမေထက် ငါဂရုစိုက်ခဲ့တယ်
မင်းအဖေထက် ငါဂရုစိုက်ခဲ့တယ်
မင်းမနေတတ်လောက်အောင် ငါဂရုစိုက်ခဲ့တယ်
မင်းအမြင်ကတ်လောက်အောင် ငါဂရုစိုက်ခဲ့တယ်
အဲဒီ မြတ်နိုးမှု အလုံးစုံကို
မင်းအသိပါ ကောင်မလေး။
အမြဲတမ်း အရှုံးပေးနေမယ် မပြောဘူး
အချစ်ဟာ ချိန်သီးတစ်လုံး ဆိုရင်
တစ်ဖက်စွန်းက တွန်းအားဟာ
အကြင်နာနဲ. ကရုဏာ ဖြစ်ပြီး
အခြားအစွန်းက တွန်းအားဟာ
နာကျင်ခြင်းနဲ့ ဒေါသ ဖြစ်တယ်
နှစ်ဖက်စလုံးဟာ
ချိန်သီးလေးကို ရှင်သန်လှုပ်ယမ်းစေတယ်။
စိတ်တိုစွာ ချစ်ရချိန်မှာ ငါအော်ဟစ်ပြီး
မြတ်နိုးစွာ ချစ်ရချိန်မှာ ငါနူးညံ့မယ်
ဥပေက္ခာနဲ့ အေးစက်သွားတဲ့ ကာလမျိုး
ငါ့မှာ မရှိခဲ့ပါဘူး
ငါစိတ်ဆိုးတိုင်း ငါစိတ်နာတိုင်း
( မှန်ကို သဲနဲ့ပွတ်တိုက်လိုက်သလို )
ငါ့အချစ်ဟာ ပိုမိုသန့်စင် ၀င်းပလာခဲ့တယ်။

ကောင်မလေးရေ
မင်းရဲ့ကြင်နာခြင်းမှာ
နာကျင်စွာနဲ. ပီတိပွားခဲ့ပြီ
မင်းရဲ့ပေးဆပ်ခြင်းမှာ
နောင်တတွေနဲ. ကျေနပ်တတ်ခဲ့ပြီ
ဟောဒီလို တမြေ့မြေ့နဲ့
ငွေ.ရည်ဖွဲ. သမုဒယဟာ
သမုဒ္ဒရာ ရဲ့ အစမဟုတ်ဘူးလို.
ဘယ်သူပြောနိုင်သလဲ။
အချစ်ဟာ
ဖွင့်ဆိုချက်တွေ မလိုအပ်ဘူး
ငါ့အတွက်ကတော့
မင်းမျက်ခွံလေး ဒီနေ. ဘာရောင်ဆိုးတယ်ဆိုတာ
သိခွင့်ရနေတာ အချစ်ပေါ့
မင်းနှုတ်ခမ်းနီတွေ စွန်းသွားတဲ့
လက်ဖက်ရည်ခွက်ကို ဆက်သောက်ခွင့်ရနေတာ အချစ်ပေါ့
မင်း စိတ်ဆိုးတဲ့အခါတိုင်း
မျက်နှာငယ်ငယ်နဲ. လိုက်ချော့နေရတာ အချစ်ပေါ့
ဒီလိုနဲ. ………… ငါဟာ
လူဖြစ်ကျိုး နပ်ခဲ့တယ်။

လေးနဲ့မြားလို
ဘိုးတံနဲ့ တယောလို
ကောင်မလေးရယ် ငါရယ်
ကမ္ဘာငယ်တစ်ခုထဲကို အတူတူ လျောက်လှမ်းချင်တယ်
ပင်လယ်ထဲမှာ လှိုင်းတွေခိုအောင်းနေသလို
ညထဲမှာ အမှောင်ခိုအောင်းနေသလို
သူနဲ့ငါ တသားတည်း ဖြစ်ချင်တယ်
နင်………မရယ်လိုက်ပါနဲ့။

ကောင်မလေးရေ...
ငါတစ်ယောက်တည်း မကြီးမြတ်ချင်တော့ဘူး
ငါ့အကြောင်းပြောရင် မင်းအကြောင်းတွဲရက်ပါမှ
မင်းရာဇ၀င်ပြောရင် ငါ့ရာဇ၀င်ဖြစ်နေမှ
အဲဒီလို “သမိုင်းဖြည့်ဘက်” အဖြစ်
သံသရာအထိ ချစ်သွားချင်တာ။
ခွဲခွာနေရတဲ့ ငါ့အမေကို ငါမြတ်နိုးသလိုမျိုး
ဝေးနေတဲ့ မောင်နှမတွေကို ငါကြည်ဖြူသလိုမျိုး
ရှားရှားပါးပါး သူငယ်ချင်းတွေကို ငါနားလည်သလိုမျိုး
သိမ်မွေ.တဲ့ အနုပညာကို ငါ တွယ်တာသလိုမျိုး
ကောင်မလေးကို အလုံးစုံ အားကိုးခဲ့တယ်
ဒါ……အရိုးဆုံး စကားလည်း ဖြစ်တယ်
အမှန်ဆုံးတရားလည်း ဖြစ်တယ်။
အချစ်ဆိုတာဘာလဲ
ကောင်မလေးေ၇..
တကယ်တမ်း ချစ်မိသွားတဲ့အခါ
သိစရာ မလိုတော့ပါဘူး။ ။
 
 
မောင်သစ္စာ 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ