အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Saturday, 23 February 2013
skype မှာ မြန်မာစာပြောင်းတာမရဘူးလို့ပြောလို့...
အလွမ်းမင်းသားလေး | 07:54 | Best Blogger Tips
skype ကနေ မြန်မာစာပြောင်းတာ ရပါတယ်။
 ဒီနေ့ပဲစမ်းကြည့်ပြီးသွားပြီလေ။ တစ်ခါက တင်ပြီးသားပါ။
ခု နောက်တစ်ခါပေါ့။
သွားပြောင်းရတာမခက်ပါဘူး။ 2 ဦး 2 ဖက်ပြောင်းထားမှရမယ်နော်။
Tools ထဲက options ကို အရင်သွားပါ။
ဘယ်ဘက်မှာ IM & SMS ဆိုတာကို ကလစ်လိုက်ပါ။
အဲ့ဒိထဲကမှ IM appearance ဆိုတာကို ဆက်ပြီး ကလစ်ပါ။
မိခင်တစ်ယောက် ဖြစ်ခွင့်ရချင်စိတ်နဲ့ ချောရတနာ ...
အလွမ်းမင်းသားလေး | 04:37 | Best Blogger Tips
ချောရတနာက အိမ်ထောင် ကျပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်ပေ မယ့်လည်း အနုပညာနဲ့ အဆက် မပြတ် သွားအောင်တော့ လေ့လာဖြစ်နေပါ တယ်လို့ပြောပါတယ်။ “ချောက အခုဆိုအိမ်ထောင်ကျပြီး အနုပညာအလုပ်ကို သိပ်ပြီးမလုပ်ဖြစ်တော့ဘူး။ အိမ်မှာတော့ အားနေတဲ့အချိန်ဆိုရင် အခွေတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအစုံကြည့်တယ်။ စာအုပ်ဖတ်တယ်။ အပြင်လည်း သိပ်ပြီးတော့ အရင်ကတည်းကမထွက်ဖြစ်တော့ အိမ်မှာပဲစာဖတ်လိုက်၊ အခွေကြည့်လိုက်ပဲနေဖြစ်တယ်” လို့ အိမ်ထောင်ကျပြီး အနုပညာအလုပ် သိပ်မလုပ်ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ချောရတနာက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ မိသားစုနဲ့ ညီမဖြစ်သူ သန္တာဗိုကိုလည်း အစ်မတစ်ယောက်အနေနဲ့ အလုပ်နဲ့ပတ်သက်ပြီးတော့ အကြံဥာဏ်ပေးဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။
ရင်ဘတ်ထဲက ထွက်လာတဲ့  ကဗျာ တစ်ပုဒ်....
အလွမ်းမင်းသားလေး | 04:34 | Best Blogger Tips
မလှုတ်ခတ် ချင်ပါနဲ့ 
သာယာနေတဲ့  ကောင်းကင်
ဖျက်စီး မတိုက်ခတ်ချင်ပါနဲ့ 
ငါစိတ်တွေ ဘောင်ဘင်ခတ်အောင် လှုပ်မနိုးချင်ပါနဲ့ 
အိပ်ပျော်နေတဲ့  ငါ့နှလုံးသား
အပျင်းပြေ ဆော့ကစားဖို့ အတွက်မခေါ်ပါနဲ့ တော့
ကြိုးပျက်နေတဲ့  မဟူရာရောင်မိုးခြိမ်းသံတွေကြား
ပျော်ဝင်အောင် အိပ်စက်နေရလို့ ပါ
ကျိန်စာသင့်မနက်ခင်းတွေကို
အရူးတယောက်လို ကြောက်ရွှံ
ပြိုမယောင် မိုးတိမ်တွေကိုခြေစုံကန်နေတဲ့ 
လင်းဆွဲငယ် ဘဝကို ငါနာကြည်းလိုက်တာ
ဘယ်မှာလဲ အချစ်ရဲ့ ပျော်ရွှင်ခြင်း  ချိုမြိန်သာယာခြင်း
ငါ့ရင်ကို အဆမတန်ဝေဒနာပေးပြီး တွန်းကန်ကြတယ်
ပန်းနုရောင် နုတ်ခမ်းပိုင်ရှင်  ဆံပင်ရှည်ရှည်နဲ့  ကောင်းမလေးရယ်
ငြိမ်သက်မနေနေပါနဲ့  ကျောခိုင်းပြီးမှတော့ ထွက်သွားပါတော့
ကွဲကြေနေတဲ့  ငါ့အသဲတွေကြားက
လှောင်ရယ်သံတွေ စိမ့်ထွက်နေတယ်
လောင်မြိုက်စမ်းပါစေ ငါ့ရင်ကိုသောကမီးလျှံတွေ
နားခိုရာ ရင်မရှိတဲ့  ငါ့ဘဝ ရဲရဲကြီးပြောလိုက်မယ်
ငါဟာအသဲ ကျွမ်းနေတဲ့  လူတယောက်ပါ
တခန်းလုံးပြည့် ဝေဒနာတွေ သိမ်းကျုံးယူငင်ရင်း
မင်းမရှိတဲ့  ကမ္ဘာသစ်တခုမှာ ငါအိပ်စက်ချင်တယ်
ကျောချစရာ နေရာ ရင်ခွင်နွေးနွေးလေး ရှိရင်ပေါ့
ဖြစ်နိုင်မယ်ဆို မျက်ရည်မလွယ်တဲ့ 
လူတယောက်အဖြစ်နဲ့  နေချင်တယ်
ဘယ်လိုအထီးကျန် ဆွေးမြေ့မှုကို ငါကြောက်နေရဦးမလဲ
အဆိုးဆုံးဝေဒနာတွေနဲ့  မင်းကိုငါ လွမ်းခဲ့ ပြီးပြီးလေ
ငါ့ရင်ကို ခွဲပြီးလည်း  မင်းနင်းလျှောက်ခဲ့ ပြီးပြီး
ချစ်မိတဲ့  ဒီအသည်း အပြစ်ရှိတယ်ဆိုလည်း
အမုန်းရှိလည်းပြေ ဝဋ္ဋ်ကြွေးရှိလည်း ကျေပါစေတော့လေ
ထာဝရ ရှင်သန်နေပါရစေ
မင်းကို မေ့နိုင်တဲ့  လူတယောက်အဖြစ်နဲ့ လေ
                    ဖိုးခွားလေး (ကော့မှူးမြို့ )
Friday, 22 February 2013
Software မလိုဘဲ ခွေကူးနည်း ...
အလွမ်းမင်းသားလေး | 07:02 | Best Blogger Tips
http://pyae-phyo.blogspot.com
ကျွန်တော်အခုလေးတင်ကလိပြီးတွေ့ရှိထားတဲ့နည်းပညာအဟောင်းလေးပါ။ လုပ်နည်းကတော့ ဘာ software မှမလိုပါဘူး။(Nero ဆော့ဝ်လ်တောင်မလိုပါဘူး) Windows 7 စက်တိုင်းမှာ လုပ်နည်းကိုရှာတွေ့ထားပါတယ်။ လုပ်နည်းကတော့အရှင်းလေးပါပဲ။ ခင်ဗျားတို့ဆီမှာ အခွေအလွတ်(ဘာဖိုင်မှမထည့်ရသေးတဲ့အခွေ) တစ်ချပ်ပဲလိုအပ်တာပါ။ Compact Disc RW Drive ဆိုတာက အခွေထည့်လို့ရသလို၊ ထုတ်လို့ရတဲ့စက်လိုပါတယ်။ တစ်ချို့စက်တွေကဖြုတ်ထားတဲ့အတွက် ခင်ဗျားတို့ အခွေ burn လို့မရတာ စိတ်မကောင်းပါဘူးဗျာ။
GTALK ACCOUNT အဟောင်းထဲမှ သူငယ်ချင်းတွေကို ACCOUNT အသစ်ထဲသို့ ပြောင်းထည့်တဲ့ နည်းလေး ...
အလွမ်းမင်းသားလေး | 06:54 | Best Blogger Tips
Gtalk Account အဟောင်းထဲမှ သူငယ်ချင်းတွေကို Account အသစ်ထဲသို့ ပြောင်းထည့်တဲ့ နည်းလေးပါ။
ဒီ တစ်ခါတော့ ကျွန်တော်က Gtalk အသုံးပြုနေကြတဲ့ သူငယ်ချင်းတွေ အတွက် နည်းပညာတစ်ခုလေး
ပြောပြပါရစေဗျာ။ကျွန်တော်တို့ Gtalk အသုံးပြုနေကြတဲ့ သူတော်တော်များများဟာ Gtalk Account ကို
1 ထက်မက ရှိတက်ကြပါတယ်။တစ်ချို့ ဆို 6 ၊ 7 ခုလောက်တောင် ရှိတက်ပါတယ်။ဒါကတော့
ပြဿနာမရှိပါဘူး။တစ်ချို့တွေ က VIP Account ဆိုပြီး ထားထားကြပါတယ်။အဲ့ဒီလို ထားထားတဲ့
သူတွေကျတော့လဲ။မိမိ Account လေးက ပြဿနာ တစ်စုံတစ်ခု ကြောင့် Lock ကျသွားတာတို့ သူများ
Hack ခံထိတာတို့ ကျရင် မိမိ Account ထဲမှာ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေတွေအားလုံး ကို
ဆုံးရှုံးလိုက်ရရင် ကိုယ်လဲ စိတ်မကောင်းဖြစ်မိမှာသေချာပါပဲ။အဲ့တော့ Gmail Account နောက်တစ်ခု ရှိတဲ့
သူတွေ အတွက်တော့ ကျွန်တော် အခု ပြောတဲ့ နည်းလေးက သူငယ်ချင်းတွေ အတွက်
အကူအညီပေးပါလိမ့်မယ်ဗျာ။ပြီးတော့ Account အဟောင်းထဲက သူငယ်ချင်းတွေကို Account
အသစ်ထဲကို ရိုက်ထည့်နေစရာမလိုပဲ ရောက်ရှိနေအောင်လုပ်တဲ့ နည်းလေးပေါ့ဗျာ။မိမိ ရဲ့ Account
ထဲက လူတွေကို မိမိ ရဲ့ VIP Account ထဲသို့ ပြောင်းသုံးချင်ရင်တော့ ကျွန်တော် ပြောတဲ့
အဆင့်လေးတွေ အတိုင်း လုပ်ဆောင် သွားလိုက်ပါတယ်နော်။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေ နဲ့
ပြပေးထားပါတယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ