အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 28 February 2013

ချစ်မြတ်နိုးမှု့....

အလွမ်းမင်းသားလေး | 04:06 | Best Blogger Tips



မတူညီတဲ့ ဘဝ
မတူညီတဲ့  အယူအဆ
မတူညီတဲ့  အတွေး အခေါ်
မတူညီခြင်းများစွာနဲ့
နင်နဲ့ငါ့ကို ဆုံတွေ့စေခဲ့တဲ့ ကံကြမ္မာ
ချစ်နေခွင့်ကိုသာ
တမ်းတနေမိတဲ့ ငါ
ပေးဆပ်မှု့
နားလည်မှု့ ကိုသာ
ခုံမင်နေခဲ့တဲ့  ငါ
တခါလေးထဲသာ ချစ်ခဲ့ဖူးလို့
ဒီအချစ်နဲ့ပါတ်သက်လို့
နင်မြင်ခြင်တဲ့ဘက်ကမြင်နိုင်ပါတယ်
တောအရိုင်းပန်းလေးတွေလိုပါဘဲ
အတ္တမရှိဘူး မာနမရှိဘူး
သဘာဝတရားကြီးကပေးတဲ့ဖြူစင်မှု့
သန့်ရှင်းမှု့တွေဘဲရှိတယ်
တောပန်းလေးနဲ့တူတဲ့ငါ့အချစ်ကို
နင်တန်ဖိုးမထားချင်လဲရပါတယ်
နင့်ကို
ငါ့ဘဝ
ငါ့အသက်ထက်
ငါချစ်မြတ်နိုးခဲ့ပါတယ်
ဒီလိုချစ်မြတ်နိုးမှု့ကြောင့်
တချိန်ချိန်လေးမှာ
နင့်ရင်ထဲမှာ
တောပန်းငယ်လေးအတွက်
နေရာရှိနေခဲ့မယ် ဆိုတာ


                       တေးတေး   26-2-2013(11:30 pm)

Tuesday, 26 February 2013

Mozilla Firefox ထဲမှ Password ပြန်ကြည့်နည်း ...

အလွမ်းမင်းသားလေး | 07:16 | Best Blogger Tips


မင်္ဂလာပါ Mozilla Firefox သုံးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးခြင်း  ဖြစ်ပါတယ်ခင်ဗျာ မထင်ထားတဲ့ နေရာတစ်ခုမှာ သူငယ်ချင်းတို့  password တွေ ကျန်းနေခဲ့တက်ပါတယ်  သတိ မထားမိလိုက်ခြင်းကြောင့်လည်း ဖြစ်တက်ပါတယ်

ဘယ်လို့ ကြောင့် မိမိ password တွေ  Mozilla Firefox ထဲမှာ ကျန်းရှိနေတာလဲဆိုရင်    ဆိုဒ်တစ်ခုခု ဝင်ဖြစ်ခဲ့ရင်
Mozilla Firefox မှာ Remember password ဆိုပြီး ဖိုင့် တစ်ခုတက်လာပြီး မေးပါတယ် Remember password ကိုမနှိပ်ရင်တော့ ဘာမှာမဖြစ်ပါဘူး
နှိပ်လိုက်ရင်တော့ Security  ထဲကိုရောက်သွားပြီး သူငယ်ချင်းရဲ့အကောင့်နဲ့  password ကိုမှတ်ပြီးသာဖြစ်သွားပါမယ်
အဲ့လို့ တွေ မကျန်းခဲ့အောင် ဘယ်လို့ ကာကွယ်မလဲ ဘယ်လို့ လုပ်ကြမလဲ ဆိုရင် လွယ်လွယ်လေးပါပဲ  ကျွန်တော် ရှင်းပြထားတဲ့နည်းလေးအတိုင် ဖြေရှင်းပေးလိုက်ပါ
အဆင်ပြေပါပြီး



“ငွေ”ဟုခေါ်တွင်နေသော...

အလွမ်းမင်းသားလေး | 07:01 | Best Blogger Tips




ငွေမက်တာ မဟုတ်ပေမယ့်
လိုအပ်နေတာ အမှန်ပါ
ငွေလမ်းခင်း လျှောက်ရတဲ့ ဒီလောကမှာ -
အဖေ့ကျန်းမာရေး အမေ့ဆေးဖိုးနဲ့
စားဝတ်နေရေး လူမှုရေးအတွက်
ငွေက ဒုတိယ ဘုရားသခင်ပါ...။

ဂုဏ်မက်တာ မဟုတ်ပါဘူး
လောကအလယ် ဝင်ဆံ့စေဖို့
ပညာသင်ရွယ် လူမမယ်
မောင်အငယ့်ရှေ့ရေး တွေးဆမှန်းမျှော်
ကူညီပံ့ပိုး အားထားရန်လည်း
ငွေက ဒုတိယ ဘုရားသခင်ပါ...။

ကြမ်းတမ်းတဲ့ဘဝလို့ မဆိုသာပေမယ့်
ခက်ခဲစွာရုန်းကန်ရတဲ့ အခြေနေမှာ
ကိုယ်ကျိုးမငဲ့ မိသားစု အရေးရှေ့ထား
ဒုက္ခတွေကို ရင်ဆိုင်
“နောက်လှည့်ကြည့် ဖနောင့်ပဲရှိ” ဆိုကာ
စိတ်ဓါတ်ခိုင်မာ ကြိုးစားငွေရှာ
ငါ့ပညာရေးချောမွေ့စေဖို့
ထောက်ပံ့ခဲ့တဲ့ စေတနာ 
မေတ္တာထုထည် ကြီးမားကြတဲ့
မမကြီးနဲ့ မမလေးကို 
ပြန်လည်ပြုစု ကြွေးမြီဆပ်လည်း
ဒုတိယဘုရားသခင်က ငွေပါပဲ...။

အရာခပ်သိမ်း ပြေလည်စေဖို့
နှလုံးသားကို ဘေးဖယ်
အကြင်နာတွေ နောက်ဆုတ်
အလွမ်းဇာတ်တွေ တခန်းရပ်ကာ
အသည်းဗလာနဲ့ စက်ရုပ်ပမာ
လောကတခွင်မှာ ငါဖွေရှာ
သြော်... ငွေ... ငွေ ....
“ငွေ” ဟုခေါ်တွင်နေသော...........။

                           
ရစ်မမ (နေပြည်တော်)

ဖေ့စ်ဘုတ်နှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားလာသူ အိန္ဒြာကျော်ဇင် ...

အလွမ်းမင်းသားလေး | 06:56 | Best Blogger Tips



အိန္ဒြာကျော်ဇင်က ဒါရိုက်တာတင်အောင်ကျော်ရိုက်ကူးတဲ့ ‘ချိုမြိန်သောမီး’ ဇာတ်ကားကို လူမင်း၊ နေမင်းခတို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား လေးက ရိုက်နေ ကျဇာတ်လမ်းတွေထဲက တစ်မူကွဲပြားပြီး ထွက်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒရာမာနည်းနည်းနဲ့ Suspense ဘက်ကိုသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

အခုလတ် တလောမှာ မိသားစုကြော်ငြာရိုက်ကူးဖို့ လက်မခံဖြစ်တဲ့ အကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ မရိုက်ဖြစ်ခြင်း အကြောင်း ကိုတော့…”သူက ကလေးဆိုတော့ ဂျီကျ တယ်။ ကလေးဆိုတော့လည်း အိပ်ချိန်ရှိတယ်။ စားချိန်ရှိတယ်။



ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း ...

အလွမ်းမင်းသားလေး | 06:52 | Best Blogger Tips



မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့အနေအထားတစ်ခု ဖြစ်ပါတယ်။သို့ပေမ့ယ်ဒါကို ဖြေရှင်းပေးမယ့်နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။ အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။


ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ