အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday, 10 March 2013

♥♥♥-အတွေး-♥♥♥

အလွမ်းမင်းသားလေး | 08:36 | Best Blogger Tips


စိတ္တစ အတွေးက
ချစ်သူ နဲ့  ဝေးလေမလား
အိပ်စက်ခြင်းတွေ အပိုင်သိမ်း
ခက်စိမ်းစိမ်းနေတက်တဲ့
ချစ်သူ........
=============
ညနက်သန်းခေါင်
မှောင်မိုက်ခြင်းက
ချစ်သူ ဆိုတဲ့
အတွေး နဲ့ 
လမင်းထက်သာတဲ့
အလင်းရောင်တွေ
ပေးစွမ်းနိုင်သူပါ......
=================
ငါ တွေးသလို ချစ်သူရော
သတိရ မိရဲ့လား
ငါ လွမ်းသလို ချစ်သူရော
ခံစားမိရဲ့လား.........
=================
တို့ နှစ်ယောက် အချစ်တွေ
ထပ်တူကျ စေဖို့ 
အမြဲတမ်း တမ်းတ ပေးဆပ်
တဖက်သက် အချစ်မျိုးနဲ့ 
ပေးဆပ် ချစ်နေမှာပါ.....
=================
တုန့် ပြန်မှု့ တိုင်းမှာ
တန်ပြန်သက်ရောက်မှု့ ရှိတယ် ဆိုတာ
ယုံကြည်နေလို့ပါ
ယုံကြည်နေပါရစေ ချစ်သူရယ်
======================



ဖုန်းကင်မရာနဲ့ Scan ဖတ်ပြီး PDF ပြောင်းမယ်(စာအုပ်တွေ အင်တာနက်ပေါ်တင်ချင်သူတွေအတွက်)...

အလွမ်းမင်းသားလေး | 08:33 | Best Blogger Tips


 
နာမည်လေးကအဆန်းပေါ့ CamScanner တဲ့ သူကဘာတွေလုပ်ပေးမလဲဆိုတော့
သယ်ချင်းတို့ ဖုန်းနဲ့ စာတွေဘာတွေပေါ့(ဥပမာ-စာအုပ်လုပ်ချင်ရင်) ဖုန်းနဲ့ဓါတ်ပုံရိုက်လိုက်
ပုံက ရွဲ့စောင်းနေလည်း သူက Auto Crop လုပ်ပေးလိမ့်မယ် တကယ့် စာရွက်အတိုင်းပြန်
ဖြစ်သွားအောင်လို့ နောက်ပြီး ကျွန်တော်တို့ Camera နဲ့ရိုက်လိုက်တဲ့ပုံတွေ
ကိုစုပေါင်းပြီးတော့ PDF လေး လည်း လုပ်ရတယ် 
ပြီးတော့ Cloud storage တွေဆီကိုလည်း ပို့လို့ရသေးတယ်
အခုနောက်ပိုင်း Android ဖုန်းတွေမှာ ကင်မရာစနစ်တွေ အရမ်းကို
ကောင်းမွန်လာတဲ့အတွက် ဖုန်းတိုင်းအတွက် မရှိမဖြစ်ဆောင်ထားသင့်တယ်
 

Youtube က Video တွေ နှေးနေလို့ ကောင်းကောင်းမကြည့်ရသူများနဲ့ အလွယ်ဆုံးဒေါင်းချင်သူများအတွက်ပါ.. ..

အလွမ်းမင်းသားလေး | 08:28 | Best Blogger Tips




YouTube
Youtube က Video တွေ ကြည့်ရတာ နှေးနေလို့ ကောင်းကောင်းမကြည့်ရသူများနဲ့အလွယ်ဆုံးဒေါင်းချင်သူများအတွက်ပါ..
ဘာဆောဖ်ဝဲမှ သုံးစရာမလိုပဲ youtube videos တွေ ဒေါင်းဖို့နဲ့ အင်တာနက်အမြန်နူန်းမြင့်နည်း
ဒီ save froum net က လုပ်တဲ့ extension လေးဟာ Youtube ဖွင့်လိုက်တာနဲ့ ဒေါင်းဖို့ menu tab လေး အော်တိုပေါ်လာပါတယ်…ပြီးတော့ လိုင်းအားကို မြင့်ပေးပြီး..youtube videos တွေကို မထစ်စေတော့ပါဘူး..တကယ်မြန်တာပါ..စမ်းသုံးကြည့်ပါ..အောက်က လင့်မှာ နှိပ်ပြီး မိမိတို့သုံးတဲ့ browser အလိုက် install လိုက်ပါ..
 

နာကျင်မှု့ တွေ ကင်းတဲ့နေ့ ...

အလွမ်းမင်းသားလေး | 08:27 | Best Blogger Tips



ဆော့ချင် တိုင်း
ဆော့ ကစားဝ  လို့ 
နာနေတဲ့    ငါ့  အသဲကို
နေသာ  သလို  နေဖို့ 
နင်   မပြောနဲ့ 

အသံထွက်  မငိုပေမယ့်
ရှိုက့် ကြီး  တငင်  နဲ့ 
ကြိတ် ငိုခဲ့တာ
နင် သိလေ  မလား
ခခယယ   နဲ့ 
အချစ်ကို  တောင်းယူစဉ်က
နင်............

အသုံး  မ၀င်တော့ဘူးလို့ 
ခု  မှ ဘာကြောင့်
နင်ပြောရက်တာလဲ
ငါ့   အချစ်က   သတင်းစာ စက်ရုံက
မိတ္တူ  ပွားစက်  မဟုတ်ဘူး

တစ်ယောက်ထဲ   နေတတ်ဖို့ 
ကျေနပ် ခြင်း အချို့ 
အဖော်လုပ်  ခဲ့သလို
ခြေရာ  မကျန်အောင်
ဝေဒနာ  တွေ
မိုးညို ရင် ၀ုန်းဒိုင်းကျဲ
ပြိုဆင်း  တတ်တဲ့
မြစ်aရလိုပဲ
နင်  နဲ့   ပတ်သက်လေသမျှ
အချစ်တွေ မြစ်  ရေထဲ
မျှော  ....ပစ်ခဲ့တော့

ရင်ဘတ်ကြီးထဲ
နင်  နဲ့  ပတ်သက်လေ  သမျှ
နာကျင် မှု့ တွေ
ခြေရာတောင်  မကျန်ခဲ့တာ
နင် နဲ့  ပတ်သက်ဖူးလို့ 
ပရမ်း ပဒါ  တုန်ရီ နေတဲ့ 
ငါ့  ရဲ့   နှလုံးခုန်သံ  တွေတောင်
ခုဆို    ငြိမ့်ငြိမ့် လေး
စီးဆင်းနေတဲ့   မြစ်ရေ လိုပဲ
တည်တည်ငြိမ်ငြိမ်
ရှိနေတတ်ပြီ




ညအက္ခရာ

Sony ဖုန်းဖြင့် Internet ချိတ်ခြင်း...

အလွမ်းမင်းသားလေး | 08:22 | Best Blogger Tips


Sony Ericsson ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။
အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။
အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။
အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။
 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ