အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 11 March 2013

ဒုက္ခတွေ ပြောမနေပါနဲ့တော့ ...

အလွမ်းမင်းသားလေး | 05:11 | Best Blogger Tips




အရက်ဆိုင်တစ်ဆိုင်တွင် လူတစ်ယောက်သည် မြန်မာစည်ဘီယာများ အား တစ်ခွက်ပီး တခွက်မှာသောက်၏။ ၄ ခွက်မြောက် သောက်ပီးသော်.... ပြန်ရန်တံခါးဝ သို့ထ သွားလေလေသည်။
ထိုအခါ ဆိုင်ရှင် မှ ကျသင့်ငွေ ၂၄၀၀ ကျပ် (မြန်မာစည်ဘီယာ ၄ ခွက် ) ဖိုးတောင်းလေသည်။
ထိုလူမှ ..... " ဘာဗျ။ ကျနော်ပေးပြီးပြီလေ။ ခင်ဗျားမမှတ်မိဖူးလား....."...ဟု ဆိုလေတော့၏။
ဆိုင်ရှင်ဖြစ်သူလည်း .." ဟုတ်လား။အေးလေ ခင်ဗျားက ပေးပီးပြီဆိုတော့လည်း ပေးပြီးပြီ ပေါ့ဗျာ."...ဟု ပြန်ပြောလိုက်သည်။


အကျီပေါ်ကသွေးကွက်များ............

အလွမ်းမင်းသားလေး | 05:03 | Best Blogger Tips


မှော်ဘီ နည်းပညာကျောင်းသို့သွားသော မင်္ဂလာဒုံမှ ဖယ်ရီကားရှေ့တွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စကားများနေကြသည်။
ကောင်မလေးက" ဇေယျ နင်အဲ့ဆေးစွဲတာ ဖြတ်မလား ငါ့ကို ဖြတ်မလားပြောတော့ဟာ" ဟုပြောလိုက်ရာ

ဇေယျဆိုသော ကောင်လေးက

" ဟာာာ ငါနင့်ကိုဘယ်လိုအင်အားမျိုးနဲ့ဖြတ်ရမှာလဲဟာ ငါနင့်ကိုငါ့အသက်လောက်ချစ်တာပါဟာ ငါဆေးဖြတ်ပါမယ်နော်.".လို့ ပြန်ဂတိပေးလိုက်လေသည်.

.ထိုဖြင့်ဇေယျနှင့် ကောင်မလေးပြန်အဆင်ပြေသွားသည်။

အချစ်ထက် အရေးကြီးတာ...

အလွမ်းမင်းသားလေး | 04:40 | Best Blogger Tips



အချစ်ဆိုတာ ဘာလဲလို့ 
ငါမသိပါဘူး သိလည်း မသိချင်ဘူး
ဘယ်လိုချစ်ရမယ် ဆိုတာ ငါမသင်ချင်တော့ဘူး
အချစ်ကို ငါခံယူထားသလို ငါနားလည်ထားသလို
အစွမ်းကုန် ချစ်ပြခဲ့  ပြီးပြီး ဘာတွေများလိုနေသေးလို့ လဲ

မင်းအထင်ကြီးတာတွေထဲ
ငါ့အချစ်တွေ အရည်ပျော်လို့ 
အရောင်တွေ မှေးမိန်ကုန်တာ ကြာလှပေါ့
မင်းသိပ်မက်မောတဲ့  ပကာသန အယောင်ဆောင်တွေကလည်း
ငါ့အတွက်တော့ စိတ်ကူးယာဉ်ရုံလေးပါပဲ
ငါ့မှာ ဘာမှမရှိပါဘူး ရှိတဲ့  ငါအချစ်တွေလည်း
မင်းကို အကုန်ပေးပြီးပဲ ဘာမှမကျန်တော့ပါဘူး
မင်းခံယူထားသလိုပေါ့
ငွေဟာ ဒုတိယ ဘုရားသခင်
ငါ့အတွက်တော့ မင်းသာလျှင်  ဒုတိယ ဖန်ဆင်းရှင်ပါ


ဝေးခဲ့ ကြပြီပဲလေ အချစ်ထက်အရေးကြီးတာတွေ
မင်း ရဲ့ ဘဝကို အပိုင်စားရသွားပြီပဲ
ငါကဘာကို မျှော်လင့်နေရဦးမှာလဲ
အချစ်နဲ့  ဝေးကွာတဲ့ အဆိုးဆုံးဒုက္ခကို
ငါခံစားခဲ့ ပြီးပြီးပဲ နောက်ထက် အသဲကွဲလည်း ကွဲပါစေတော့
အရာရာထက် မင်းကိုချစ်မိတဲ့ ငါပဲ အပြစ်ရှိတယ်ပေါ့


သြော်...
ပကာသနမရှိတဲ့  အချစ်က
အခုတော့ ရင်ထဲက ဗလာနတ္ထိနဲ့ 
ဒီကဗျာကို ရေးစပ်မိတယ်
အချစ်ထက် အရေးကြီးတာတွေ
လောကမှာ ရှိနေတာ ငါသိလိုက်ပါပြီလေ..............
.


                           
ဖိုးခွားလေး (ကော့မှူးမြို့ )
 

ချစ်သူ မူပိုင်ရှိသူများ နှင့် မူပိုင်ကို ချစ်တဲ့သူများအတွက် နည်းလမ်းကောင်း-....

အလွမ်းမင်းသားလေး | 04:37 | Best Blogger Tips



ဒီနည်းလေးကို ဘာလို့ ဒီလိုပေးရလည်းဆိုတော့ ချစ်သူတွေရဲ့ဖုန်းထဲကို သီချင်းသွင်း

အကူညီပေးတဲ့အခါနဲ့  အထူးအဆန်းလေးတွေ လုပ်ချင်သူများအတွက် ရည်ရွယ်လို့ 

ပေးချင်းဖြစ်ပါတယ် အကျိုးကျေးဇူးနှစ်ခုမကရပါတယ်။ တစ်ခုကတော့ ချစ်သူတွေရဲ့

ဖုန်းထဲကို သီချင်းမထည့်ခင်မှာ အပေါ်မှာပြထားသလို ကာဗာပုံလေးတွေ ထည့်ပေး

ကိုယ်ပိုင်ဝက်ဆိုဒ်လိပ်စာလေးတွေရေး အမှတ်တရ လုပ်ပေးလို့ ရတယ် ။ ဖုန်းထဲမှာ

Sunday, 10 March 2013

အဆက်/အစက်...

အလွမ်းမင်းသားလေး | 08:42 | Best Blogger Tips


အစက်တွေကြား
အတက်တွေများလေတော့
ရတက်တွေပွားပြီပေါ့ကွယ်။
အချစ်နဲ့အမုန်း
အဆုံးမဲ့ အရှုံးတွေနဲ့
ပျော်ခဲ့နေတာ
အရာအားလုံးရင်းပြီးတော့
ခေါင်းစင်တစ်ခုတတ်ပါရစေ
ဟုတ်တယ် မ-ပါပဲ
ချစ်တယ်လို့ပြောတယ်
ပစ်မယ်လို့လဲပြောတယ်
"--မိန်းမတစ်ယောက်ကို ချစ်ဖို့အတွက်
အရက်ကို အရင်သောက်တတ်ရမယ်--"
ငစောသိတဲ့အသိတစ်ချက်ပါ။
ကဗျာချစ်သူတို့ရေ
ကဗျာကိုချစ်တတ်တာပဲကောင်းမယ်မလား
ခပ်ပါးပါး မာယာတွေနဲ့ လှည့်စားနေတဲ့
မာယာမင်းသမီးတွေကတော့
အသာအယာနဲ့ လှည့်ကွက်ဆင်တတ်ရဲ့
ယုံမှား
မိုက်မှောင်
စရိုက်တွေရှောင်လို့
သူမတူတဲ့ အရူးကွက်နဲ့
လှိုက်ဖို လိုက်ရင်း
သူမ ရင်တွင်းမှာပဲ ချာချာလည်ခဲ့။
အဆက်
အဆက်တဲ့
ထပ်ဆင့်လို့ဆက်ခံရတဲ့ အဆက်ပါ။
 
 
 
.................စောနေသွေး

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ