အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday, 19 March 2013

..ပျော်ပါစေ...

အလွမ်းမင်းသားလေး | 08:10 | Best Blogger Tips


စိတ်တစ်ခုလုံး နွမ်းလျမှိန်ဖျော့
သူမသိတဲ့ အလွမ်းတွေနဲ့
ကျွန်တော် ဒီနေ့ ငိုနေမိတယ်
သူမသိတဲ့
နေရာတစ်ခုမှာ
သူမလာချင်တဲ့

နေရာတစ်ခုမှာမှ
ချစ်ခြင်းကမ္ဘာတစ်ခု တည်ခဲ့မိသူ
အလွမ်းဆိုတဲ့ ဆုလာဘ်ကို
အသေအချာ ထွေးပွေ့မိခဲ့
သူမမြင်မသိနိုင်တဲ့ နေရာကနေ
တိတ်တိတ်ကလေး လွမ်းနေမိရဲ့
ပျော်ပါစေ ဆုတောင်းရင်း
ကိုယ့်ရင်က တနင့်တသည်း ရူးခဲ့ရ
အချစ်ပြတည်နေရာဟာ
သူ့ဆီမှာမှ ဆိုက်ရောက်နေတာ ဆိုးတယ်
ကိုယ့်ဘဝရဲ့အရိပ်အဖြစ်
သူ့ကိုမှ ကျေကျေနပ်နပ်လက်ခံချင်မိတာ ဆိုးတယ်
ဒီနေ့လည်း ဆုတောင်းမိရဲ့
သူပျော်ပါစေ
စိတ်တစ်ခုလုံး နွမ်းလျမှိန်ဖျော့
သူမသိတဲ့ အလွမ်းတွေက
ဒီနေ့မှပဲ ပိုတိုးနေသလိုလို.....။



G-Talk ကို Always Idle လုပ်ချင်နေသူများအတွက် ....

အလွမ်းမင်းသားလေး | 05:20 | Best Blogger Tips


ကျွန်တော် အပေါ်က ပုံမှာ ပြထားသလိုပါပဲ။ G-Talk ကို မီးအ၀ါလေး လုပ်ချင်နေသူတွေအတွက် ကျွန်တော် တင်ပေးလိုက်ပါတယ်။ အရင်ဆုံး Download ချသွားလိုက်ပါ။  ကဲ..စလိုက်ကြရအောင်.... အရင်ဆုံး Download ချသွားလိုက်ပါ။ ပြီးရင် ကျွန်တော် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Download ချထားတဲ့ ဖိုင်ပေါ် Right Click ထောက် Extra Here လုပ်လိုက်ပါ။
မှတ်ချက် ။    ။ ဒါတွေကို လုပ်နေစဉ်အတွင်း မိမိ Gtalk ကိုပိတ်ထားပါ။ မိမိရဲ့ စက်မှာလည်း Winrar ရှိရပါမယ်။




Extra Here လုပ်ပြီးရင် အောက်ကပုံအတိုင်း Foloder လေးတစ်လုံး ရလာပါလိမ့်မယ်။ အဲ Foloder ထဲကို ၀င်လိုက်ပါ။ 
 

♥လမ်းခွဲ မဟုတ်တဲ့ လမ်းလွဲ♥....

အလွမ်းမင်းသားလေး | 05:02 | Best Blogger Tips



လမ်းခွဲခဲ့တာမဟုတ်ဘူး
လမ်းလွဲခဲ့တာပါ
မတူညီ ခြင်းရဲ့  ဆုံမှတ်
ဖြူစင်ခြင်းနဲ့  အဆုံးသတ်ပါရစေ

ငါ ထားခဲ့တာမဟုတ်ဘူး
နင် သွားခဲ့တာပါ
ငါ ပြုံးနေအုံးမယ် ချစ်သူ
နင့်ကို မုန်းမေ့လို့ မရသေးလို့ 

ငါ မငိုတော့ဘူးသိလား
နင် နဲ့ဆုံခဲ့တာတွေပြန်တွေးရင်
အပြုံးတွေဝေတက်လို့ 
ဝေ့ တက်လာတဲ့ မျက်ရည်တွေ
ငါမတားဆီးပါဘူး
ပီတိ ကြောင့်ကျတဲ့မျက်ရည်မို့ ပါ

ခု ပျော်နေပြီလား ချစ်သူ
နင် ပျော်နေရင် ငါ ပြုံးနေမှာပါ
ငါ တို့  ပြန်ဆုံလို့ 
နင် မေးလာမယ့် စကားတစ်ခွန်းက
နေကောင်းရဲ့ လားပေါ့
ငါ မေးချင်တာ နင်အဆင်ပြေရဲ့လားပါ




Monday, 18 March 2013

♥အချစ်+အင်အား♥

အလွမ်းမင်းသားလေး | 07:12 | Best Blogger Tips




Photo: <3အချစ်+အင်အား<3


အချိန်တိုင်း လွမ်းနေမိတယ်
အချိန်တိုင်းလဲ အနားမှရှိနေချင်တယ်
အမြဲတမ်းလဲ ချစ်သူကိုတမ်းတမိတယ်
အမြဲတမ်းလဲ ချစ်သူရဲ့ လိုအင်တွေ ဖြည့်ချင်သူပါ

တမ်းတတယ်ဆိုတာ
ငါ လိုအပ်လို့ မဟုတ်ပါဘူး ချစ်သူ
ပေးဆပ်ချင်တဲ့ နှလုံးသားကဆန္ဒလေးပါ
ပျော်စေချင်တယ် ချစ်သူ

ချစ်တက်တဲ့ လူတစ်ယောက်အတွက်
အချစ်ဆိုတာ အင်းအားကြီးလှပါတယ်
ကိုယ် ချစ်တဲ့သူ ရဲ့အပြုံး တစ်ချက်ကလဲ
ကိုယ့် အတွက် အရာရာကို အောင်မြင်စေပါတယ်

ကိုယ့် ချစ်သူရဲ့ စကားလုံးလေးတွေက
ကိုယ့်အတွက် စာတွေစီ ကဗျာ တွေမမှီနိုင်သလို
သံသာသာ တေးသီချင်းတွေ ဝေးလွင့်စေသူပါ

ကိုယ် ချစ်တဲ့ သူဆီက
အရမ်း....ချစ်တယ်နော်  ဆိုတဲ့
စကားတခွန်းက ဘယ်အရာနဲမှ နှိုင်ယှဉ်လို့ မရနိုင်ဘူးနော်
အချိန်တိုင်း လွမ်းနေမိတယ်
အချိန်တိုင်းလဲ အနားမှရှိနေချင်တယ်
အမြဲတမ်းလဲ ချစ်သူကိုတမ်းတမိတယ်
အမြဲတမ်းလဲ ချစ်သူရဲ့ လိုအင်တွေ ဖြည့်ချင်သူပါ

တမ်းတတယ်ဆိုတာ
ငါ လိုအပ်လို့ မဟုတ်ပါဘူး ချစ်သူ
ပေးဆပ်ချင်တဲ့ နှလုံးသားကဆန္ဒလေးပါ
ပျော်စေချင်တယ် ချစ်သူ

ချစ်တက်တဲ့ လူတစ်ယောက်အတွက်
အချစ်ဆိုတာ အင်းအားကြီးလှပါတယ်
ကိုယ် ချစ်တဲ့သူ ရဲ့အပြုံး တစ်ချက်ကလဲ
ကိုယ့် အတွက် အရာရာကို အောင်မြင်စေပါတယ်

ကိုယ့် ချစ်သူရဲ့ စကားလုံးလေးတွေက
ကိုယ့်အတွက် စာတွေစီ ကဗျာ တွေမမှီနိုင်သလို
သံသာသာ တေးသီချင်းတွေ ဝေးလွင့်စေသူပါ

ကိုယ် ချစ်တဲ့ သူဆီက
အရမ်း....ချစ်တယ်နော် ဆိုတဲ့
စကားတခွန်းက ဘယ်အရာနဲမှ နှိုင်ယှဉ်လို့ မရနိုင်ဘူးနော်
17Like · ·

♥တမ်းတတေး♥

အလွမ်းမင်းသားလေး | 07:07 | Best Blogger Tips

Photo: <3တမ်းတတေး<3


သတိရ ခြင်း ငှက်ငယ်
အချစ်ပင် ထက်မှာ
မနက် နေ့  ည
ထာဝရ ရပ်တည်
တမ်းတ လွမ်းမော
ကြေကွဲသေား အသံ
သူကြားလေ မလား

စေတနာစိတ်
ဝေဆာ အရိပ်ဖြစ်
ချွေးသိပ်ချမ်းမြေ့
ဘ၀ အမောပြေ
လျောကင်းစေဖို့ 
ခိုခို မခိုခို အုပ်မိုး၏

သစ္စာကို တန်ဖိုးထား
မေတ္တာရယ်......လို့ 
ဟစ်ကြွေးနေသူတွေ နဲ့ 
ကံကြုံလို့  ဆုံခဲ့သော်
ခုတွေ့  ခုမေ့ချင်ပါသည်

တွေးမိလေတိုင်း
ရင်ဆွေး တသသ
ခံစားရ မဲ့ အတိတ်ထက်
တွေးမိလေတိုင်း
ရင်း အေးတမြမြ
ခံစားရ မဲ့ အတိတ်ကိုသာ
ရရှိ ခံစားပါရစေ.....။

သတိရ ခြင်း ငှက်ငယ်
အချစ်ပင် ထက်မှာ
မနက် နေ့  ည
ထာဝရ ရပ်တည်
တမ်းတ လွမ်းမော
ကြေကွဲသေား အသံ
သူကြားလေ မလား

စေတနာစိတ်
ဝေဆာ အရိပ်ဖြစ်
ချွေးသိပ်ချမ်းမြေ့
ဘ၀ အမောပြေ
လျောကင်းစေဖို့ 
ခိုခို မခိုခို အုပ်မိုး၏

သစ္စာကို တန်ဖိုးထား
မေတ္တာရယ်......လို့ 
ဟစ်ကြွေးနေသူတွေ နဲ့ 
ကံကြုံလို့  ဆုံခဲ့သော်
ခုတွေ့  ခုမေ့ချင်ပါသည်

တွေးမိလေတိုင်း
ရင်ဆွေး တသသ
ခံစားရ မဲ့ အတိတ်ထက်
တွေးမိလေတိုင်း
ရင်း အေးတမြမြ
ခံစားရ မဲ့ အတိတ်ကိုသာ
ရရှိ ခံစားပါရစေ.....။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ