အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 24 April 2013

*အချစ်မှာအတ္တပါးပါးလေး ဖြစ်ဖို့တော့လိုတယ်***...

အလွမ်းမင်းသားလေး | 07:40 | Best Blogger Tips




အချိုမြိန်ဆုံး အသီးတွေကိုပဲ ချပျိုးမိတာပါ
ဒါပေမဲ့ အဆိပ်တွေကိုပဲ ကိုယ်တိုင်ပြန်သောက်နေရ
ငွေ ဆိုတာ မာန်မာနရဲ့မျိုးစေ့လား သို့သော်..
နားလည်မှုကိုတော့ ၀ယ်ယူလို့ မရနိုင်ပါဘူး.
အတ္တကိုပဲ ခံတွင်းတွေ့ နေရင်
သိမ်မွှေ့ခြင်းကို ကျောခိုင်းရလိမ့်မယ်။

ချစ်ခြင်းကို သတ်သူဟာ အမုန်းဆိုတဲ့ကြမ်းကျုပ်သူ များလား
ပျံ့လွင့်ခြင်းကို ပွေ့ဖက်ထားနေသမျှ
ကြေကွဲခြင်းနဲ့နှစ်ပါးသွားကနေရဦးမှာပေါ့
ရာသီတွေကို မျှောချထားရင်း နောင်တတွေကို
တစ်ခွက်ပြီးတစ်ခွက် ဆက်သောက်လိုက်မိ
အမှန်တရားဆိုတာ ကျကွဲတတ်တယ်လား။

ရယူမှုတိုင်းမှာ လောဘကို နန်းတင်ထားရင်
နှလုံးသား ပလ္လင်ထက်မှာ အသည်းစားကဗျာရှင်
အလွမ်း အက္ခရာလေးပဲ မင်းမူနေလိမ့်မယ်
အာဇာနည်တွေရဲ့တေးသွားတိုင်းမှာတောင်
ကျရှုံးခြင်းသံစဉ်တွေ စိုးမိုးရသေးတာပဲလေ။

မနုဿထောင်ချောက်ထဲမှာ ယစ်မူးချင်ရင်
အပြင်အဆင်က အသူရာထက် နက်ဖို့ လိုမယ်
ဝေဒနာကို ချောင်ပိတ်ထားရင် ဖြူစင်မှုကို နှုတ်ဆက်လိုက်ပါ
ချစ်ခြင်းတရားအတွက်တော့ သွေးအေးသတ္တ၀ါတစ်ကောင်ကို
ရင်ခွင်မှာ ပိုက်ထားဖို့ လိုလိမ့်မယ်။

အလွမ်းပြင်ဆင်ချက် ဆိုတဲ့ စာကြောင်းက
အလွမ်းကို ဥပေက္ခာ မပြုနိုင်ပါဘူး။
ဘုရားပြီးသွားရင် ငြမ်းဖျက်ရတယ် ဆိုပေမဲ့
အချစ်ပြီးရင်တော့ အလွမ်းကို ဖက်ထားရဦးမှာပဲလေ
အမှားဝင်္ကပါ မှာ နိဂုံးမချချင်ရင် အရာအားလုံးကို
နှလုံးသား အမိန့်အောက်မှာ ဒူးထောက်ရလိမ့်မယ်
အချိန်မလွန်ခင်လေးမှာ နားလည်မှုဆိုတာလေးကိုတော့
စားသုံးတတ်အောင် လေ့ကျင့်ရဦးမယ်..။.

ဗေဒင်မှန်လိုက်ပုံများ...

အလွမ်းမင်းသားလေး | 07:03 | Best Blogger Tips

ရိုးရိုးအေးအေး စာရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့လမ်းထိပ်တွင် ဟောခန်းဖွင့်စားနေသော ဗေဒင်ဆရာထံ သွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များကြုံနေရခြင်းမှာ ကိုဘမောင်အိမ်တွင် မလျော်ကန်၊ မသင့်မြတ် သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ လိုက်ကြည့်လေတော့သည်။
အိမ်သို့ ရောက်ရောက်ခြင်းပင်...
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာထိုးထားတဲ့ ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ... နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”

Tuesday, 23 April 2013

♥သင်ခန်းစာ အသစ်♥...

အလွမ်းမင်းသားလေး | 07:09 | Best Blogger Tips


<3သင်ခန်းစာ အသစ်<3



လာပါ လာပါ လို့ 
ငါ မဖိတ်ခေါ်ခဲ့တဲ့ 
နင် က 

တိတ်တိတ်လေး
အသံမပေးပဲ ပြန်ထွက်သွားခဲ့ရင်လဲ
ငါ တားမိမှာမဟုတ်ပါဘူး

တွေ့ ဆုံ ခြင်းအဆုံးက
ခွဲခွာခြင်းဆိုတာ 
နားလည်ထားပါတယ်

နင် ထွက်သွားလို့ 
ငါ ပျတ်သုန်းသွားမယ် မထင်ပါနဲ့ 
မဲ့ပြုံးလေးတော့
ပြုံးမိနေမှာပါ

နင့် ကြောင့်
အပြုံးတစ်ခု
ပိုင်ဆိုင်ဖူးတယ် 

နင့် ကြောင့်
နှလုံးရပ်ဝန်း
စိမ်းစိုခဲ့ဖူးတယ်

နင့်ကြောင့်
လှပတဲ့ အိမ်မက်အတွေးတွေ
ပုံဖော် ခွင့်ရခဲ့ဖူးတယ်

နင့် ကြောင့်
မျက်ဝန်းမှာ
မိုးတွေရွာခဲ့ဖူးတယ်
ဘာပဲပြောပြော သင်ခန်းစာအသစ်
သင်ယူခွင့်ရခဲ့လို့  နင်က ငါ့ရဲ့ 
ဆရာ တစ်ဆူ အဖြစ်
ကျေးဇူးတင်နေမှာပါ......။

23.4.2013...........8:27 PM
 
 
လာပါ လာပါ လို့ 
ငါ မဖိတ်ခေါ်ခဲ့တဲ့
နင် က

တိတ်တိတ်လေး
အသံမပေးပဲ ပြန်ထွက်သွားခဲ့ရင်လဲ
ငါ တားမိမှာမဟုတ်ပါဘူး

တွေ့ ဆုံ ခြင်းအဆုံးက
ခွဲခွာခြင်းဆိုတာ
နားလည်ထားပါတယ်

နင် ထွက်သွားလို့ 
ငါ ပျတ်သုန်းသွားမယ် မထင်ပါနဲ့ 
မဲ့ပြုံးလေးတော့
ပြုံးမိနေမှာပါ

နင့် ကြောင့်
အပြုံးတစ်ခု
ပိုင်ဆိုင်ဖူးတယ်

နင့် ကြောင့်
နှလုံးရပ်ဝန်း
စိမ်းစိုခဲ့ဖူးတယ်

နင့်ကြောင့်
လှပတဲ့ အိမ်မက်အတွေးတွေ
ပုံဖော် ခွင့်ရခဲ့ဖူးတယ်

နင့် ကြောင့်
မျက်ဝန်းမှာ
မိုးတွေရွာခဲ့ဖူးတယ်
ဘာပဲပြောပြော သင်ခန်းစာအသစ်
သင်ယူခွင့်ရခဲ့လို့  နင်က ငါ့ရဲ့ 
ဆရာ တစ်ဆူ အဖြစ်
ကျေးဇူးတင်နေမှာပါ......။
ုkabyarchitthulay
 

( mp3 player )ပြုလုပ်ပုံနည်း ...

အလွမ်းမင်းသားလေး | 07:07 | Best Blogger Tips


( mp3  player  )ပြုလုပ်ပုံနည်းတွေကတော့အများကြီးရှိကြပါတယ်အဲဒီထဲမှအလွယ်ဆုံး
နည်းနှစ်နည်းကိုတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းတော်လို့ တတ်လို့ တော့မဟုတ်ပါဘူး

ကိုယ်သိသလောက်လေးကိုပြန်လည်မျှဝေတင်လိုက်တာပါစားရေးတာ
အမွှားပါရင်လဲအဲမှားပြန်ပြီအဟဲဖြည့်ဖတ်ပေးပေါ့နော   ဒီပို့ စ်

လေးကိုတင်ချင်တာကြာပါပြီလာမေးကြတဲ့ သူငယ်ချင်းတွေရှိလို့ အခုလိုတင်ပြလိုက်

တာပါသိပြီးသူတွေရှိသလိုမသိသေးတဲ့ သူငယ်ချင်းများအတွက်အောက်ပါပုံလေးအတိုင်းလိုက်လုပ်ကြအောင်ကဲစကြစို့ D

မိမိကြိုက်နှစ်သက်တဲ့ ပုံတွေကို facebook smiley chat -code ပြုလုပ်နည်း ...

အလွမ်းမင်းသားလေး | 05:22 | Best Blogger Tips


ကျွန်တော်ဒီင်္နေ့  သူငယ်ချင်းတစ်ယောက်နဲ့ FaceBook မှာစကားပြောရင်း facebook smiley chat code တွေ ဘယ်မှာရနိုင်မလည်းမေးတော့ ကျွန်တော်လည်းလိုက်ရှာလိုက်တာ ဆိုဒ်ကောင်းလေးတစ်ဆိုဒ်ရောက်သွားတယ် အောက်မှာလည်းသူများလုပ်ပြီးသား ကုတ်တွေရှိတာနဲ့  ဆိုဒ်လင့်ပေးလိုက်ပြီး ဆိုဒ်ထဲလျှောက်လေ့လာရင်းတွေ့ မိတာလေးကို ရေးသားမျှဝေပေးလိုက်ပါတယ်


ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ