အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 6 May 2013

Tap 4 Call - free phone calls ...

အလွမ်းမင်းသားလေး | 08:47 | Best Blogger Tips


Tap4Call - free phone calls


ဒီတစ်ခါတော့ အသစ်ထွက်လာတဲ့ နိုင်ငံတစ်ကာကို ဖုန်း Free Call လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်
ဒီ Free Call လေးက တော်တော်လေးကိုကောင်းပါတယ်.. မိမိခေါ်ချင်တဲ့သူမှာ ဒီ Software ကို တင်ထားမှ ခေါ်လို့ရမှာမဟုတ်ပါဘူး တင်မထားရင်လည်းခေါ်လို့ရမှာဖြစ်ပါတယ်..အကောင့်မဖွင့်ဘဲနဲ့လည်း
အသုံးပြုလို့ရမှာဖြစ်ပါတယ် Apk ကို ဖုန်းမှ Install လုပ်ပြီးရင် သင့်ကို 30 ပေးပါတယ် ပေးထားတာကို ကုန်အောင်သုံးလိုက်မိရင်တော့ဖြုတ်ချပြီးပြန်တင်လည်းမရတော့ပါဘူး..ပိုက်ဆံကို ဘယ်လိုများလာအောင်လုပ်ရမလဲဆိုတော့ သူ့မှာပေးထားတဲ့ Free ဂိမ်းတွေကို Download လုပ်ပေးရင် 30 ကနေပြီးတော့ပိုပိုများလာမှာပါစမ်းကြည့်တော့လိုင်းက တော်တော်လေးကို ကောင်းတာကိုတွေ့လို့
ပြန်တင်ပေးလိုက်ပါတယ်ဗျာ ~~
အားလုံးအဆင်ပြေကြပါစေနော်....

Download Here

 

IT MIN MIN

 

Sunday, 5 May 2013

ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ (၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့)...

အလွမ်းမင်းသားလေး | 04:05 | Best Blogger Tips



ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ


၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့
ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။ 
Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။
“Trusted Contacts” ဆိုတာ ဒီလိုပါ။
၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။


အချစ်ရှုံးတဲ့ ကျွန်တော်...

အလွမ်းမင်းသားလေး | 03:40 | Best Blogger Tips

ထပ်တလဲလဲ ဘယ်လောက်ပြောပြော
မောတယ်မရှိ
ဓါးသွားထက်က ပျားရည်ပါတဲ့
ဓါးလဲ မကြောက် အမှားလဲ မကြောက်
အလွမ်းနဲ့ ဇာတ်သိမ်းမတဲ့
လာစမ်း အဲဒီ အလွမ်း
အားလုံးကိုပန်းလိုသီပါ့မယ်
 
နှစ်သက်ခဲ့ဖူးတယ်
နှစ်သက်နေအုန်းမယ်
ချစ်သူကိုလေ
တချို့က ငွေကြေးချို့တဲ့ကြတယ်
တချို့က ပျော်ရွှင်မှုတွေ ချို့တဲ့ကြတယ်
ကျွန်တော်ကတော့ သူမအကြင်နာတရား
ချို့တဲ့ခြင်းကိုခံလိုက်ရတယ်
အချိန်တွေ ဟောင်းသလို
ရာသီတွေ ပြောင်းသလို
သူမ တွင်တွင်ကြီးကို
ပြောင်းလဲသွားခဲ့တယ်

သွေးရူး တန်းရူးကျန်ခဲ့တဲ့ ကျွန်တော်
ရာသက်ပန်ဖြစ်မလားပဲ
အမှတ်တရအနေနဲ့
ဒဏ်ရာကို ဒဏ်ရာအတိုင်း
ထားလိုက်ပါတော့မယ် ။


 
 
                                                            jasmine

Wednesday, 1 May 2013

please very sorry lover...

အလွမ်းမင်းသားလေး | 08:43 | Best Blogger Tips

  http://www.mooigratis.nl/wp-content/uploads/2010/03/gouden-hart.jpg


ငါ့နှလုံးသားတစ်စုံကိုက...ရိုးအတာပါ
 အဆိပ်ကြွယ်...အနမ်းကမ်းခြေပေါ်မှ
ခွင်းမတောင်းပဲဝင်အပန်းဖြေခဲ့တာကိုး....။
အနာဂတ်မျက်လုံးတစ်စုံနဲ့ တော့
ထက်မြက်သူကိုလက်ဆွဲနှုတ်မဆက်ရဲပါဘူး...
        သို့ သော်...........

မျက်ရည်စများနဲ့ ..ငါ့ ရဲ့ငိုသံကိုတော့ 
မည်သူမှကြိုမြင်နှိုင်လိမ့်မည်မဟုတ်....
ထို့ ကြောင့် .............
ပန်းတစ်ပွင့်ရဲ့ ..မြူဆွယ်သံအောက်မှ....
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပေမဲ့ .
ချစ်တက်အောင်..ငါမခိုးချခဲ့လို့ သာ
ဘယ်သူ့ဆီကမှခွင့်မတောင်းပဲ
မာယာများတဲ့မင်းကို...မုန်းပြစ်ခဲ့တာ..
please  very sorry lover......../။

m.s.naylinphyo



နင်ပျော်ရင်ပြီးတာပဲ.....

အလွမ်းမင်းသားလေး | 08:14 | Best Blogger Tips



နင် ပျော်နေတယ်ဆိုတာ
ငါ  နင့်မျက်နှာကိုမမြင်ရပေမယ့်
ခံစားသိနေတယ်......။

နင်ပျော်တော့ ငါလည်းပျော်တယ်..
နင့်ဆီိကို တခါတရံမှ ရောက်လာတတ်တဲ့
ပျော်ရွှင်မှုတွေကို... မျှဝေယူရမှာတောင်
နင့်အတွက် ငါကနှမြောပေးနေတာ....။

ဘာလို့...နင့်ဆီကို စိတ်ညစ်စရာတွေက
အတောင်ပံတပ်ပြီး ခဏခဏရောက်လာရသလဲ...
ဒါမှမဟုတ် နင်ကိုက စိတ်ညစ်တတ်လွန်းသူလား...။

နင့်မှာ နွေးထွေးတဲ့ ရင်ခွင်တစ်စုံရှိတယ်...
နင့်ကို ကာကွယ်အုပ်မိုးပေးမယ့် လက်တစ်စုံရှိတယ်...
အဲလို ချစ်ခင်ကြင်နာတဲ့ သူတစ်ယောက်ပိုင်ဆိုင်ထားတာ...
ကဲ ဒါဆိုဘာလိုသေးလဲ......။

နင်စိတ်ညစ်တဲ့အခါတိုင်း
နင့်ကိုချစ်တဲ့ သူတစ်ယောက်
နင့်ကိုအားပေးတတ်တဲ့ သူတစ်ယောက်
နင့်ကိုနှစ်သိမ့်ပေးတတ်တဲ့ သူတစ်ယောက်
အမြဲရှိနေတယ်ဆိုတာ အမှတ်ရပေးပါ.....။


 (မိုးငွေ့)

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ