အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday, 7 May 2013

အပြစ်မကင်းတဲ့ချစ်ခြင်းတွေ...

အလွမ်းမင်းသားလေး | 23:38 | Best Blogger Tips






ဆိုစကားတင်း
ချစ်ခြင်းဖွဲ့တွေ
တွေဝေစွာပင်
ဝေးမှာစိုးကြောက်
လွမ်းလောက်ပါတဲ့
တွယ်ငြိတပ်မက်
ဝေဒနာ....

ရိုးသားစိတ်လေး
ကွယ်ပျောက်ပြေးမှာ
စိုးရွံ့ပါရဲ့
စိတ်မှာဖြစ်သော
ဒါဏ်ရာတွေလေ
အယင်ကထက်...ပိုများနေ

မပြောသာသည်
နှောင်တည်ရစ်ပတ်
သံယောဇဉ်စ
မြင်ခဲ့သည်လေ
သည်းရင်ပူစေ
ကျွမ်းမြေ့စေသား
အတွေးမှားတွေ
နှလုံးသားထိ
စွဲငြိဝင်.....

သည်းသည်းလှိုက်ခုန်
ရင်အစုံသည်
တွယ်ငြိခြင်း၏
မြစ်ဖျားခံရာ
သံသရာစက်ဝန်း
ခဏခြင်းသာ
ကြုံဖူးပါရဲ့
နုညံ့ဖက်ပွေ့
အတွေ့...၌ပင်
ပျော်မောခဲ့ဖူး
ရင်ခုန်ဖူး၏
ခွဲခဲ့ရလည်း
မလွမ်းသာ......

မလွမ်းသာသည်
ရင်မှာသည်းသည်း
အလွမ်းထဲနစ်မွန်း
ချစ်လွန်း၍သာ
အရာရာပင်
မတွယ်ငြိဟန်
ဟန်ဆောင်စကား
နှုတ်ဖျားတင်.......

“ရိုးရိုးသားသား”
စကားသည်လို
ဆိုခဲ့သည့်နှုတ်
မှားမိမှန်းပင်
စိတ်ဝယ်ထင်သည်
ချစ်မိရင်မှာ
မလွန့်သာ.....

“ချစ်သည်”သခင်
ရင်ခွင်ကသိ
ဖွင့်ဟလှစ်ကြား
စကားသည်လို
ဆိုချင်ပါသည်
တို့နှုတ်ဖျားမှ
မပြောသာသည်
ခွဲခက် မခွာဝံ့
မစွန့်သာသည်
ရင်ကဝေဒနာ
သခင်မြင်မလား.......


ကွန်ပြုတာအတွက် Android ဆော့ဝဲ မလိုသော Viber ...

အလွမ်းမင်းသားလေး | 23:28 | Best Blogger Tips




ဒီနည်းလေးနဲ့ ဆော့ဝဲ လေးကိုတော့ မသိသေးတဲ့ ညီအကို သူငယ်ချင်းများ

ကိုရည်ရွယ်ပါတယ် သိပြီးသားဘော်ဘော်တွေကိုတော့ မပြောဘူးနော်..ဟိဟိ

စာနဲ့ရေးရင် နားမလည်မှာ စိုးရိမ်လို့ ပုံ နှင့်တကွ စာကိုလဲ တခါတည်း ပူးတွဲရေးထည့်လိုက်ပါတယ်

ဒါလေးကတော့ ကွန်ပြူတာကနေ  ဖုန်းဆီကို Viber ခြင်း တိုက်ရိုက်ခေါ်လို့ရမယ့် နည်းလေးပါ

ဟိုအရင်ကတော့ Computer မှာ Viber ခေါ်လို့ ရပါတယ် ဒါပေမယ့် မိမိ စက်ထဲမှာ

Bluestacks ကို အရင်သွင်းပြီးမှာ Android app တွေ နဲ့ Viber တို့ ဘာညာသာရကာ

အမျိုးစုံအောင် သွင်းလို့ရပါတယ်

ဒီမှာတော့ Bluestacks မလိုတော့ပါဘူး Viber ကနေပြီးတော့ ကွန်ပြုတာအတွက် 

ထုတ်လိုက်ပါပြီ နဲနဲတော့ ကောင်းသွားတာပေါ့ bluestacks သုံးစရာမလိုတော့ဘူးပေါ့နော်
 

Viber v3.0.0.1686 for Android...

အလွမ်းမင်းသားလေး | 08:40 | Best Blogger Tips




Android ဖုန်း/Tablet တွေအတွက် မေလ ၇ ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ပြောလို့ရ ၊ Message Free ပို့လို့ရ ၊ Group chat ပြောရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ အထူးခြားဆုံးကအခု version အသစ်မှာ Video File တွေကိုပါ Share လိုရပါပြီ။ Viber v3.0.0.1686 for Android အောက်ကလင့်ခ်မှာ download ရယူနိုင်ပါပြီ။


WebcamMax 7.7.3.6 Multi Language Final ...

အလွမ်းမင်းသားလေး | 06:47 | Best Blogger Tips



ဒီကောင်လေးကတော့ မိမိတို့ရဲ့ ကွန်ပျူတာ ကင်မရာကနေ မိမိတို့ရဲ့ ပုံလေးတွေကို စိတ်ကြိုက် ရုပ်ပြာင် ပုံလေးတွေ ဖြစ်အောင် Effect တွေအများကြီးနဲ့ ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အရင်တုန်းကလည်း ဒီကောင်လေးတွေကို တင်ပေးဖူးပါတယ်..။ ဒါကတော့ နောက်ဆုံးထပ်ထွက်လာတဲ့ Latest Version လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒေါင်လော့လင့် ယူတဲ့နေရာမှာ patch ဖိုင်ရယ်၊ keymaker ရယ် ၂ခု ပေါင်းထည့်ပေးထားပါတယ်..။
 
 

Monday, 6 May 2013

Cyberlink Power Director 11 ( Full Version ) ...

အလွမ်းမင်းသားလေး | 09:14 | Best Blogger Tips


သူငယ်ချင်းတို့အတွက် ကိုယ်တိုင် movie/songs/photoslideshow များဖန်တီးလို့ရအောင် CyberlinkPower Director11  ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဘာကီးမှထည့်စရာ မလိုပါဘူး။
ဒေါင်းပြီးရင်လည်းအဆင်သင့်သုံးရုံပါပဲ။ ဘယ်လို Install လုပ်ရမယ်ဆိုတာကိုလည်းပုံနှင့် သေချာရှင်းပြ
ပေးထားတာမို့ သူငယ်ချင်းတို့အဆင်ပြေမယ်လို့ ထင်ပါတယ်။

 နမူနာအဖြင့် ကျွန်တော်လုပ်ထားတဲ့ သီချင်းလေးကိုကြည့်ပါအုန်း....


ကိုယ်တိုင်ဖန်တီးဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာပုံနှင့်အဆင့်ဆင့်ပြထားတာလေးကို
ကျွန်တော်နှင့်အတူ လိုက်လုပ်ကြရအောင်...  ဆော့စ်ဝဲလ်တစ်ခုတင်ပေးလိုက်ရတာလွယ်ပါတယ်။
ဒါပေမယ့်ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းပြဖို့ခတ်တယ်။ ကျွန်တော်ကတော့ ပုံနှင့်သေချာရှင်းပြတဲ့အတွက်
သူငယ်ချင်းတို့ ပိုပြီးနားလည်လွယ်မယ်ထင်လို့ အချိန်တွေအများကြီးပေးလိုက်တာပါ။ ကဲ...စမယ်...
ဆော့စ်ဝဲလ် ကိုတော့အောက်မှာအရင်သွားဒေါင်းလိုက်ပါ။
ပုံ1...။။။။  ဒေါင်းလို့ရတဲ့ဆော့စ်ဝဲလ်ကိုကျွန်တော်က Desktop မှာထားလိုက်ပါတယ်...

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ