အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 18 May 2013

ကို့ . .အတွက်...

အလွမ်းမင်းသားလေး | 03:24 | Best Blogger Tips

Photo: ကို့ . .အတွက်

သွေးဆောင်မှုမပါတဲ့
ချစ်ခြင်းတွေနဲ့
ဖြူစင်စွာ ချစ်ခဲ့မိတာပါ၊
စကားလုံးပေါင်း
မြောက်များစွာကြောင့်
ရင်ကို အဖျားခတ်သွားခဲ့တာမို့
ဒီနေ့ထိ . . . . .
စိတ်ချစွာ
မချစ်ကို လက်မခံဝံ့
ကျမ မချစ်တတ်လို့မဟုတ်ပါ. . . .ကို
အစကတည်းက အချစ်ငတ်တဲ့ကလေးပါ
ကို . . မချော့တတ်ဘူး . .တဲ့
တကယ်လား . .ကို
ချစ်သူ. . . .
မာန်မချကြေးနော်
အတုန့်အလှည့်မရှိတဲ့
ချစ်ခြင်းတရားတွေကို
ကျမ . . .ဘယ်လိုသာဓကတွေနဲ့
သက်သေပြရမလဲ
ချစ်တယ် . .ဆိုတဲ့ စကားနှစ်လုံး
လွယ်လွယ်သုံးလို့မရပြန်
ကျမ . . .လေ
ကို့ ကိုယ် . .လေးနက်စွာ
မြတ်နိုးမိတယ်
တိုင်းတာမဲ့ . . . . . ချစ်တယ်
သ၀န်တိုတဲ့စကား ပြောတော့မလို့လား
သ၀န်တိုပါချစ်သူ . . . . . .
မယုံသလိုတော့မလုပ်ပါနဲ့
ရင်မှာနာကျင်လွန်းလို့ပါ

<3 ယွန်းပန်ချီ


သွေးဆောင်မှုမပါတဲ့
ချစ်ခြင်းတွေနဲ့
ဖြူစင်စွာ ချစ်ခဲ့မိတာပါ၊
စကားလုံးပေါင်း
မြောက်များစွာကြောင့်
ရင်ကို အဖျားခတ်သွားခဲ့တာမို့
ဒီနေ့ထိ . . . . .
စိတ်ချစွာ
မချစ်ကို လက်မခံဝံ့
ကျမ မချစ်တတ်လို့မဟုတ်ပါ. . . .ကို
အစကတည်းက အချစ်ငတ်တဲ့ကလေးပါ
ကို . . မချော့တတ်ဘူး . .တဲ့
တကယ်လား . .ကို
ချစ်သူ. . . .
မာန်မချကြေးနော်
အတုန့်အလှည့်မရှိတဲ့
ချစ်ခြင်းတရားတွေကို
ကျမ . . .ဘယ်လိုသာဓကတွေနဲ့
သက်သေပြရမလဲ
ချစ်တယ် . .ဆိုတဲ့ စကားနှစ်လုံး
လွယ်လွယ်သုံးလို့မရပြန်
ကျမ . . .လေ
ကို့ ကိုယ် . .လေးနက်စွာ
မြတ်နိုးမိတယ်
တိုင်းတာမဲ့ . . . . . ချစ်တယ်
သ၀န်တိုတဲ့စကား ပြောတော့မလို့လား
သ၀န်တိုပါချစ်သူ . . . . . .
မယုံသလိုတော့မလုပ်ပါနဲ့
ရင်မှာနာကျင်လွန်းလို့ပါ

 
ယွန်းပန်ချီ

MMTech (မြန်မာနည်းပညာ) v-1 {Android}...

အလွမ်းမင်းသားလေး | 02:32 | Best Blogger Tips

 

ဒီ app လေးကို ဖန်တီးရခြင်းရည်ရွယ်ချက်ကတော့ မြန်မာနည်းပညာဆိုဒ်တွေ

အများကြီး ရှိတဲ့အထဲကမှ update ဖြစ်သော ဆိုဒ်များကို စုစည်းဖော်ပြထားပြီး

တင်သမျှ ပို့စ်များ ကို အင်တာနက်ဖွင့်ထားရုံဖြင့် အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်မည်

ဖြစ်ပါသည်။ Feed များကို Download လုပ်ပြီးပါက Offline လည်း ဖတ်ရှုနိုင်ပါမည်။

အဓိကကတော့ မိုဘိုင်းဖုန်းကနေ အင်တာနက်အသုံးပြုရတာ မလွယ်ကူတဲ့ကြားက

ဝက်ဆိုဒ်အများကြီးကို လျှောက်ဖွင့်နေစရာမလိုဘဲ ဒီ app လေးတစ်ခုနဲ့

တင်သမျှပို့စ် အားလုံး သိစေဖို့ပါ။

 

Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း ...

အလွမ်းမင်းသားလေး | 02:26 | Best Blogger Tips



သူငယ်ချင်းတစ်ယောက်  လာအကူညီတောင်းနေလို့  ပြန်ရေးနေရမှာကလည်းအချိန်မရတာနဲ့
ညီလေး မောင်တလုံးးဆီက  ငှါးတင်လိုက်တယ်...ေိေိ...
 
ဒီနည်းကတော့ လတ်တလော အသုံးလိုနေတဲ့ ကိုယ့်အတွက် ကွက်တိပါပဲ ဘာလို့ လဲ

ဆိုရင် အကောင့်တွေ အများကြီး ဖွင့်ထားဖို့  လိုအပ်နေတဲ့ အချိန်မလို့ ပါ ။  တစ်ခုကို

Browser တစ်ခု  လုပ်ရရင် သေရချည်ရဲ့ ။ ရှိတာမှ Mozila & Chrome& Ie& သုံးခုပဲ

Thursday, 16 May 2013

ပိုင်ဆိုင်ခြင်း နဲ့  ရယူခြင်း ...

အလွမ်းမင်းသားလေး | 08:19 | Best Blogger Tips






လိုချင် မြတ်နိုး လို့ 
ခူးခြွေ  လိုက်ယုံနဲ့ 
ဘ၀   က   ကြွေ လာမှာ မဟုတ်ဘူး
ဆုပ်ကိုင်ထားတဲ့ 
လက် ကလေး မြဲနေရင်
မိုးတွင်း မှာ အပင်  မစိုက်လဲ
ဆောင်းတွင်းမှာ  အသီး ဝေစေ  တယ်ကွယ် 

လမ်းခွဲ  စကား မဆို နဲ့ 
အလွမ်းတွေ ကို
လမ်း လွှဲပြီးသားမို့ 
ပိုင်ဆိုင်ဖို့   သက်သက်  နဲ့ 
ရှင့်    အပေါ်  တွယ်တာမိခဲ့တာပါ


သံယောစဉ်  ချစ်ခြင်းတွေ
မြစ့် တစ်စင်း လို စီးဆင်း  ဖို့ တွက်
ပင်လယ်ပြင်  ရင်ကွင်ကျယ် ကြီးက
ရှင့်  .... ရင်ခွင်ကြီးပေါ့

ရှင့်   ရင်ဘတ်  ဘေး
ရပ် နေပြီး   ချစ်ပါတယ် လို့ 
ခဏ  ခဏ  ပြောပြမှ
ရှင်   ယုံကြည်တယ်ဆိုရင်
ကျမ   ရင်ဘတ်ကို   ဖွဖွ လေး
ခဏ လောက် လာ ခေါက်ကြည့်ပါ
ရှင်..  မရှိရင်  မဖြစ်နိုင် တဲ့ 
ရင်ခုန်သံ နဲ့   အသက်ရှုနေသူမို့ 
ရှင်....   ရှိနေရုံ  အသိ နဲ့ 
ကျမ နှလုံးသား  မြက်ခင်း  ပြင်
စိမ်းလန်း နေ  စေ  တယ်


အချစ်မှာ  တရား တယ်
မ  တရား ဘူး  မရှိဘူး
ချစ်ပြီး ဆိုမှတော့
ပိုင်ဆိုင်ချင်  ကြသူတွေထဲ
ကျမ   လဲ  အပါ  အ၀င် မို့ 
ရှင့်    ကို ချစ်မိတဲ့ အချိန်က စလို့ 
ပိုင်ဆိုင် ဖို့  ကို အမြဲတွေးခဲ့တာ
ကျမ  ....အပြစ်လား



ညအက္ခရာ



ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ