အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Wednesday, 19 June 2013
Eye Color Changer Pro v1.2.8 APK 2MB...
အလွမ်းမင်းသားလေး | 04:47 | Best Blogger Tips
မျက်လုံး ကာလာချိန်းချင်တဲ့ သူငယ်ချင်းတွေအတွက် ဓာတ်ပုံမှာ ကိုယ်ကြိုက်တဲ့အရောင်ချိန်းပြီးတော့
Face book မှာလန်းနိုင်ပါပြီ အပြင်မှာထည့်စရာမလိုပါဘူး အပြင်မှာဆို အန္တရာယ်များတယ်
https://play.google.com/store/apps/details?id=com.lyrebirdstudio.eyecolorchanger.pro 
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Sunday, 16 June 2013
ပျော်ဝင်မြစ် ...
အလွမ်းမင်းသားလေး | 03:00 | Best Blogger Tips
လျှာဖျားပေါ်က ဒိန်ခဲ
တစိမ့်စိမ့်ပျော်ကျသွားသလို
ငါ့ညတွေတော်တော်များများဟာ
အမှောင်ထဲမှာပျော်ဝင်တတ်လာတယ်
တရားခံဟာ...နင်ပဲ...ဖြစ်မယ်ထင်တယ်
ဟုတ်တယ်...ချစ်သူရေ
နင့်ပုံရိပ်တွေဖောင်းကြွလို့ နေတယ်
ယစ်ကောင်တွေကိုငါ့အပါးမှာညီးညူကြတယ်
(တနည်း )ငါဟာယစ်ထုတ်ကြီးပေါ့
မျက်လုံးနှစ်ဖက်စုံမှိတ်လို့ တရှိန်ထိုးမော့ချမိတိုင်း
ဖန်ခွက်ကိုတိုးတိုက်လိုက်တဲ့
နင်ငါ့ကိုမုန်းသွားခဲ့တဲ့နေ့ က
နှလုံးသားရဲ့ မြည်တမ်းခြင်းတွေနဲ့ ထပ်တူညီမျှတယ်
ဟော....တဖြည်းဖြည်းနဲ့ လျောဆင်းသွားတဲ့
ချော်ရည်တွေဟာ အူသိမ်အူမထဲမှာ
ပူခနဲနွေးလို့ တငွေ့ ငွေ့ တက်လာတဲ့
သက်ရောက်မှုတွေထဲမှာ
နင့်ကိုသတိရခြင်းတွေကရောပြွန်းလို့ နေသေးတယ်
သင့်တင့်မျှတမှုမရှိတဲ့အတွေးတွေကို
တခဏဖယ်ထုတ်ရှင်းလင်း
ပုလင်းအဖုံးကိုတရစ်ခြင်းလှည့်ဖွင့်
နောက်တခါအတွက်ပြင်ဆင်ခွင့်တွေလဲရချင်သေးတယ်
မိုးသူ(တောင်ကြီး)
ပျော်ပါစေ...
အလွမ်းမင်းသားလေး | 02:28 | Best Blogger Tips
အချိန်တိုင်းအားငယ်နေတတ်တဲ့ကောင်မလေး
အရာရာသိမ်ငယ်တတ်တဲ့ ကောင်မလေး
လောကကြီးကို မော်မကြည့်ဝံတဲ့ ကောင်မလေး
လူတွေကိုကြောက်ရွံတတ်တဲ့ ကောင်မလေး
ငါ့လက်ကိုတွဲထားရမှ လုံခြုံပါတယ်ဆိုတဲ့ ကောင်မလေး
ငါ့ကိုအမြဲတမ်း အားကိုးတတ်တဲ့ကောင်မလေး
အခုတော့
အခြားကောင်လေးတစ်ယောက်ကို
နင်ကောင်းကောင်းဦးဆောင်နေနိုင်ပြီပေါ့နော်
နင်သိလား
အဲ့ဒီနင့်ရဲ့သတ္တိတွေဟာ ငါ့ဆီကကူးစက်သွားတာမျိုးမဟုတ်ပါဘူး
ငါရဲ့သတ္တိတွေအားလုံးကို ငါနင့်အတွက်ပေးလိုက်တာမျိုးပါ
နင်လွှင့်ပစ်ထားခဲ့ပြီးတဲ့နောက်မှာတော့
ဟောဒီလောကကြီးကြီးထဲမှာ ခေါင်းငုံအရှုံးပေးရင်း
အရာရာကို ကြောက်ရွံ သိမ်ငယ်နေတတ်တဲ့ကောင်လေးတစ်ယောက်
အလွမ်းတွေအပြည့်နဲ့ပေါ့
                                                     ဖြိုးဇာနည်
"ထားခဲ့တဲ့ ချစ်သူ သို့..."
အလွမ်းမင်းသားလေး | 02:18 | Best Blogger Tips
ပျော်ပါစေလို့ဆုတောင်းပေးတိုင်း
ပျော်နေမယ်လို့  မင်ထင်လား။
ပြေလည်ပါစေလို့ဆုတောင်းပေးတိုင်း
ပြေလည်မယ်လို့  မင်းထင်လား။
မေ့ပစ်လိုက်ပါလို့မင်းပြောလာတိုင်း
မေ့လို့ရမယ်လို့  မင်းထင်လား။
မချစ်နဲ့တော့လို့မင်းပြောလာတိုင်း
ငါ့နှလုံးသားကို ဝရန်းထုတ်
အမိန့်ပေး သတ်ပစ်လို့
ငါမုန်းသွားမယ် မင်းထင်လား။
ငါ့ရဲ့ချစ်ခြင်းတွေမှာ မုန်းဖို့ရယ်မပါ
ပေးဆပ်ကာချစ်နေဦးမှာမို့
အရှုံးနဲ့အမုန်းဘယ်လိုမှ
တွက်ယူမထားပါဘူး။
အလွမ်းမြို့လေး
♥*´`*•.¸¸.•*´`*♥ သတိရပါ ♥*´`*•.¸¸.•*´`*♥
အလွမ်းမင်းသားလေး | 02:02 | Best Blogger Tips
ကျောချင်းကပ်နှုတ်ဆက်နေတဲ့သူငယ်ချင်းလေးအတွက်♥*´`*သတိ၇ပါ♥*´`*
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ