Thursday, 4 July 2013
လမ်းခွဲ...
အလွမ်းမင်းသားလေး | 05:11 |
ကဗျာ
နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။
တာရာမင်းဝေ
Wednesday, 3 July 2013
ဖုန်းနံပါတ်ဖြောင့်၍ ဖုန်းခေါ်နည်း (for andriod phone)...
အလွမ်းမင်းသားလေး | 06:48 |
Andriod ဖုန်းဆိုင်ရာ

ဖုန်းနဲ့ ပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး
နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့
ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
- ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။
Conferendo-VZO Free Video Chat (for andriod phone)...
အလွမ်းမင်းသားလေး | 06:29 |
Andriod ဖုန်းဆိုင်ရာ

ဒီဆောဝဲလေးကတော့ andriod ဖုန်းတွေအတွက် VZO
သုံးနိုင်တဲံဆောဝဲလေးဖြစ်ပါတယ်...။VZO အကောင့်ကိုပဲ sign in
ဝင်လို့ရပါတယ်...။အရင်က ၀က်ဆိုက်တွေမှာတွေ့ပြီး ဖုန်းထဲထည့်ပြီး install
လုပ်တာ မရလို့စိတ်ညစ်ခဲ့ရဖူးပါတယ်....။အခု ဒီဆောဝဲလေးက version 2.3.6
ဆိုရင် အားလုံးအသုံးပြု လို့ရပါတယ်...။ဥပမာ sumsang galaxy y,ace,ace
plus,w အစရှိတဲ့ မော်ဒယ်နိမ့် ဖုန်းတွေမှာ တောင်အသုံးပြုလို့
ရပါတယ်...။ဒါကြောင့် မြန်မာလူမျိုး အသုံးများကြတော့ VZO ဆောဝဲလေး ကို
ဖုန်းအတွက် တင်ပေးလိုက်ပါတယ်...။
Sunday, 30 June 2013
အတတ်နိုင် ဆုံးပါ...
အလွမ်းမင်းသားလေး | 07:08 |
ကဗျာ
သိုသိပ် မထား တတ်လို့ 
ဒီရင်ဘတ် ထဲက
ခံစားချက်တွေ
ထုတ်ထုတ်ပြမိတာ
ငါ့ အမှား လား...........................။
ဒီ အခန်း ကျဉ်းထဲ
ဒီ အလွမ်း တွေ ထပ်နေလို့ 
ဒီ ည လောက် ငါ မုန်းတာ
ဒီ ည ပဲ ပေါ့
အလွမ်း တွေ မှတ်ပုံ မတင်ရလို့ 
နင် သံယောဇဉ် ဖြတ်ခဲ့တာလား.........။
ဆိုစမ်း ပါအုံး ဟ
ဘာ တဲ့ 
နင့်  လောက် ချစ်တတ်တဲ့သူ
ဒီ ကမ္ဘာ မှာ မရှိလောက်ဘူး ဟုတ်လား
အဟက့်.............လို့  ရီမထွက်အောင်
ခဏ လောက် ငါ အသက်အောင့်ထားလိုက်မယ်
မသေ ခြာတဲ့  စကား လုံးနဲ့ 
ငါ့ သမိုင်းထဲ ရာဇ၀င် မလာတွင် နဲ့ 
မှတ်တမ်း မတင်ထားမိတဲ့ 
နင် နဲ့  ပတ်သက်တဲ့ 
ခံစား ချက်တွေကို
အလေးနက် မထားမိခဲ့လို့ 
ပေါ့ပျက်ပျက် ဖြစ်ခဲ့ရင်
အရာရာ အတွက် I m Soe Sorry ပဲကွာ.။
ညအက္ခရာ
ဖုန်းတွေလေးနေရင် ပြောင်သလင်းခါအောင်ရှင်းပေးမယ့် မြန်မာCleaner ...
အလွမ်းမင်းသားလေး | 06:43 |
Andriod ဖုန်းဆိုင်ရာ
Subscribe to:
Posts (Atom)


