အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 22 July 2013

အပြစ်မတင်ပါနဲ့...

အလွမ်းမင်းသားလေး | 07:27 | Best Blogger Tips




 ချစ်သူရေ.....
မင်းနဲ့ဝေးကွာခဲ့တဲ့နောက်
ရင်ခုန်လိုက်တိုင်းသတိရမိတာ
ငါ့ရဲ့....အပြစ်တစ်ခုတဲ့လား။
နားလည်မှုလွဲမှားခဲ့တဲ့
စကားလေးတစ်ခွန်းကြောင့်
မင်းနဲ့ငါ
ဝေးကွာခဲ့ပေမယ့်
ငါ့ရင်ခုန်သံစည်းချက်တိုင်းမှာ
မင်းနာမည်လေးကိုရွတ်ဆိုနေမိတယ်။
ဟိုအရင်က
အရာတွေကိုသတိရမိတိုင်း
မင်းရဲ့ပုံရိပ်တွေက
ငါ့ရင်ဘတ်ထဲကိုတိုးဝင်နေဆဲပါချစ်သူ...။
အလွှာခြားနေတဲ့
နှလုံးသားနှစ်ခုကိုပေါင်းစပ်ဖို့အတွက်
ငါတို့ရဲ့အချစ်တစ်ခုတည်းနဲ့
မပြည့်စုံနိုင်ဘူးဆိုတာ
မင်းသိအောင်
ငါဘယ်လိုပြောပြရမလဲကောင်မလေးရယ်။
အဲဒီအတွက်...
ငါမင်းကိုအရမ်းသတိရတယ်ချစ်သူ...။
မင်းနားလည်အောင်
ရှင်းမပြနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါပဲအပြစ်တင်ရမလား
ဒါမှမဟုတ်
အလွှာခြားနေတဲ့
နှလုံးသားနှစ်ခုကိုပေါင်းစပ်ပေးခဲ့တဲ့
အချစ်ဆိုတဲ့အရာကိုပဲအပြစ်တင်ရမလား
ငါ...မဝေခွဲတတ်ခဲ့ဘူးချစ်သူ။
အဲဒီအရာနှစ်ခုရဲ့ကြားမှာ
ငါ့ရဲ့အချစ်တွေက
မင်းအတွက်.....
ထာဝရသစ်လွင်နေဆဲပါချစ်သူ။
ရင်ခုန်သံစည်းချက်တိုင်းမှာ
မင်းကိုသတိရမိတဲ့ ငါ့ရဲ့....
စိတ်တွေကိုအပြစ်မတင်ပါနဲ့ချစ်သူရယ်...။

                                                    

                                                      အောင်ကိုမင်း


Desktop Icon Toy...

အလွမ်းမင်းသားလေး | 03:34 | Best Blogger Tips


မိမိ ကွန်ပြူတာ မှာ ရှိတဲ့ Software တွေကို လှုပ်ခိုင်းမယ်၊ပုံစံတွေပြောင်းခိုင်းမယ်။တော် တော် လန်း တဲ့ Computer Software လေးတစ်ခုပါ။

>>Key ထည့်ဖို့ ကတော့ အောက်မှာ ကျနော် Video တင်ပေးထားပါတယ်ဗျ။<<
>>Video ဒေါင်းရတာအဆင်မပြေတဲ့သူတွေအတွက်ကတော့<<


AppMonster Pro Backup Restore v2.7.5.2 Apk...

အလွမ်းမင်းသားလေး | 03:29 | Best Blogger Tips


AppMonster Pro Backup Restore အသုံးပြုတဲ့ သူငယ်ချင်းတွေ အတွက်
19ရက်နေ့ 7လပိုင်း Update လေးတင်ပေးလိုက်ပါတယ်
သူကတော့ application တွေ ဂိမ်းတွေကို Backup Restore လုပ်ပေးတဲ့ဆောစ့်ဝဲလ်လေးပါ 
သူက တကူးတက လုပ်စရာမလို ဖုန်းထဲကို ဂိမ်းဖြစ်ဖြစ် ဆောစ့်ဝဲလ်ဖြစ်ဖြစ်
အသစ်သွင်းလိုက်တာနဲ့ Backup လုပ်ပေးပါတယ် ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့်
ဖုန်းကို reset လုပ်လိုက်ရတာဘဲဖြစ်ဖြစ် အရင်ထည့်တဲ့ ဂိမ်းတွေ ဆောစ့်ဝဲလ်တွေကို အလွယ်တကူပြန်ရရှိုနိုင်ပါတယ် အွန်လိုင်းမှာ ပြန်လည်မျှဝေချင်တဲ့ သူငယ်ချင်းတွေအတွက်
Dropbox နဲ့ချိတ်ဆက်ထားလို့ရပါတယ် အခြားလုပ်ဆောင်ချက်တွေလည်းအများကြီးရှိပါတယ်
 

Monday, 15 July 2013

ည...

အလွမ်းမင်းသားလေး | 08:32 | Best Blogger Tips



မနေ့   ည    က
ဒီအချိန်..........
ဒီနေ့  ည  မှာရော
မှောင်  နေမလား
မပြည့်   မဆမ်း လခြမ်း ကွေး မှာ
ဘယ်သူတွေ   ခိုတွဲ  အိပ်စက်  နေမလဲ


တိတ်ဆိတ် စွာ  နေတတ် တဲ့ 
အမှောင် ထုကို
ဘယ်သူတွေ  လေလံတင် ရောင်းချဖို့ 
ကြံရွယ် နေကြသလဲ
အပြယ့် တစ်ပြယ်   ည အမှောင်  မှာ
အလင်းရောင်  က ကျီစယ်နေတာ
အမှောင်ချစ်တဲ့ 
ငါ.............ရင်နာလိုက်တာ

တော်ပြီကွာ
ခံစားချက်တွေ  ထည့်လွမ်း
ဒီ  ညချမ်း   မှာ
နင်  မရှိတာ ငါ့ အတွက်
လိုအပ်ချက်  တွေ ရှာမရတဲ့ 
ဝေဒနာ  တွေ  ပိုတိုး လာသလိုပဲ

ကျေးဇူ့ ပြုပြီး
ငါ့.............အနား ပြန်လာပေးပါ
ကလေး ......လေးရာ...





ညအက္ခရာ


အဆိုတော် ဆိုတေး အခြေနေတိုးတက်ကောင်းမွန်လျှက်ရှိ ...

အလွမ်းမင်းသားလေး | 06:46 | Best Blogger Tips




မန္တလေး-ဇူလိုင်၁၅
ယနေ့နေ့လယ် ၂နာရီအချိန်ဆက်သွယ်မေးမြန်းချက်အရ ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင်ကုသလျှက်ရှိသော တေးသံရှင်ဆိုတေးမှာ အခြေ နေတိုးတက်ကောင်းမွန်လျှက်ရှိကြောင်း ၄င်း၏ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်မှ အတည်ပြုပြော ကြားသည်။
ဦးနှောက်အလုပ်လုပ်ပုံလည်း တိုးတက်လာပြီ။ သွေပေါင်လည်းမှန်လာပြီ။ သတိကတော့မရတချက်ရတချက်ပဲ။ ကောလဟလတွေက မမှန်ပါဘူးဟု ဦးရဲမြင့်အောင်က ပြောသည်။
ကားမောင်းသူ သန်းဝင်လှိုင်မှာအရိုးအထူးကုဆေးရုံသို့ ယနေ့တွင်ပြောင်းလည်းကုသလျှက်ရှိကြောင်း ၄င်းကထပ်လောင်းပြောကြားသည်။






ဖိုးလပြည့်
 PopularNewsJournal

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ