ခေါင်းစဉ်လေးကိုမြင်လိုက်တာနဲ့ဘဲ စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ ကျွန်တော်လည်း အတော်လေး
စိတ်ဝင်စားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Galaxy S4 မှာပါတဲ့ နာမည်ကြီးတဲ့
Feature တစ်ခုဖြစ်တဲ့ Air Call Accept ဆိုတဲ့ Function
ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Galaxy S4 မှာဘဲအသုံးပြု နိုင်ခဲ့တာပါ။
အခုဆိုရင်တော့ Android OS 1.5 နှင့်အထက်ရှိတဲ့ မည်သည့် Hand Set မှာမဆို
Air Call-Accept ဆိုတဲ့ Function ကိုအသုံးပြုနိုင်နေပါပြီ။ အဲဒီ Function
လေးကတော့ ဖုန်းလာတဲ့အခါမှာ ဖုန်းကို ထိစရာကိုင်စရာမလိုဘဲ ဖုန်းရဲ့
မျက်နှာပြင်ပေါ်ကို လက်လေးနဲ့ လှုပ်ရမ်းလိုက်ရုံနဲ့
ဖုန်းကိုင်ပြီးသားဖြစ်မှာပါ အတော်လေးတော့ လန်းပါတယ်ဗျာ။
Friday, 26 July 2013
Tuesday, 23 July 2013
Gmail|Hotmail|Yahoomail တို့အကောင့်အများကြီးနှင့် ချိတ်ပြီးချက်နိုင်သော imo.apk...
အလွမ်းမင်းသားလေး | 08:45 |
Andriod ဖုန်းဆိုင်ရာ
ခု ကျွန်တော် share မှာက Android
ဖုန်းကိုင်တဲ့သူတွေအတွက် ကိုင်နေတဲ့ imo ပါ။ အရမ်းနာမည်ကြီးပါတယ်။
ကျွန်တော်ကတော့ iOS ကိုင်တော့ Android အတွက်တော့ မသိသေးပါဘူး။ ဒီအကောင်က
gtalk လိုပဲ ကိုယ့် ပုံကိုယ်တင်လို့ရပါတယ်။
အရင် version တွေကတော့ မရဘူး။ ခုထွက်နေတဲ့ version က 3.4.3 ပါ။ June 25,
2013 တုန်းက ထွက်ရှိခဲ့တာပါ။ ကဲ အဲ့ဒါနဲ့ပတ်သတ်တာ လေ့လာချင်ရင် https://play.google.com/store/apps/details?id=com.imo.android.imoim မှာ လေ့လာကြည့်ပါ။ တကယ့် free ပေးတဲ့ apk application ပါ။ ကဲ။ ခုတော့ ဒေါင်းလုတ်ဆွဲဖို့ပေးထားမယ်ဗျာ။ ချသာချပေါ့။
Monday, 22 July 2013
အပြစ်မတင်ပါနဲ့...
အလွမ်းမင်းသားလေး | 07:27 |
ကဗျာ

ချစ်သူရေ.....
မင်းနဲ့ဝေးကွာခဲ့တဲ့နောက်
ရင်ခုန်လိုက်တိုင်းသတိရမိတာ
ငါ့ရဲ့....အပြစ်တစ်ခုတဲ့လား။
နားလည်မှုလွဲမှားခဲ့တဲ့
စကားလေးတစ်ခွန်းကြောင့်
မင်းနဲ့ငါ
ဝေးကွာခဲ့ပေမယ့်
ငါ့ရင်ခုန်သံစည်းချက်တိုင်းမှာ
မင်းနာမည်လေးကိုရွတ်ဆိုနေမိတယ်။
ဟိုအရင်က
အရာတွေကိုသတိရမိတိုင်း
မင်းရဲ့ပုံရိပ်တွေက
ငါ့ရင်ဘတ်ထဲကိုတိုးဝင်နေဆဲပါချစ်သူ...။
အလွှာခြားနေတဲ့
နှလုံးသားနှစ်ခုကိုပေါင်းစပ်ဖို့အတွက်
ငါတို့ရဲ့အချစ်တစ်ခုတည်းနဲ့
မပြည့်စုံနိုင်ဘူးဆိုတာ
မင်းသိအောင်
ငါဘယ်လိုပြောပြရမလဲကောင်မလေးရယ်။
အဲဒီအတွက်...
ငါမင်းကိုအရမ်းသတိရတယ်ချစ်သူ...။
မင်းနားလည်အောင်
ရှင်းမပြနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါပဲအပြစ်တင်ရမလား
ဒါမှမဟုတ်
အလွှာခြားနေတဲ့
နှလုံးသားနှစ်ခုကိုပေါင်းစပ်ပေးခဲ့တဲ့
အချစ်ဆိုတဲ့အရာကိုပဲအပြစ်တင်ရမလား
ငါ...မဝေခွဲတတ်ခဲ့ဘူးချစ်သူ။
အဲဒီအရာနှစ်ခုရဲ့ကြားမှာ
ငါ့ရဲ့အချစ်တွေက
မင်းအတွက်.....
ထာဝရသစ်လွင်နေဆဲပါချစ်သူ။
ရင်ခုန်သံစည်းချက်တိုင်းမှာ
မင်းကိုသတိရမိတဲ့ ငါ့ရဲ့....
စိတ်တွေကိုအပြစ်မတင်ပါနဲ့ချစ်သူရယ်...။
အောင်ကိုမင်း
Desktop Icon Toy...
အလွမ်းမင်းသားလေး | 03:34 |
နည်းပညာ
မိမိ ကွန်ပြူတာ မှာ ရှိတဲ့ Software တွေကို
လှုပ်ခိုင်းမယ်၊ပုံစံတွေပြောင်းခိုင်းမယ်။တော် တော် လန်း တဲ့ Computer
Software လေးတစ်ခုပါ။


>>Key ထည့်ဖို့ ကတော့ အောက်မှာ ကျနော် Video တင်ပေးထားပါတယ်ဗျ။<<
>>Video ဒေါင်းရတာအဆင်မပြေတဲ့သူတွေအတွက်ကတော့<<
AppMonster Pro Backup Restore v2.7.5.2 Apk...
အလွမ်းမင်းသားလေး | 03:29 |
Andriod ဖုန်းဆိုင်ရာ
AppMonster Pro Backup Restore အသုံးပြုတဲ့ သူငယ်ချင်းတွေ အတွက်
19ရက်နေ့ 7လပိုင်း Update လေးတင်ပေးလိုက်ပါတယ်
သူကတော့ application တွေ ဂိမ်းတွေကို Backup Restore လုပ်ပေးတဲ့ဆောစ့်ဝဲလ်လေးပါ
သူက တကူးတက လုပ်စရာမလို ဖုန်းထဲကို ဂိမ်းဖြစ်ဖြစ် ဆောစ့်ဝဲလ်ဖြစ်ဖြစ်
အသစ်သွင်းလိုက်တာနဲ့ Backup လုပ်ပေးပါတယ် ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့်
ဖုန်းကို reset လုပ်လိုက်ရတာဘဲဖြစ်ဖြစ် အရင်ထည့်တဲ့ ဂိမ်းတွေ
ဆောစ့်ဝဲလ်တွေကို အလွယ်တကူပြန်ရရှိုနိုင်ပါတယ် အွန်လိုင်းမှာ
ပြန်လည်မျှဝေချင်တဲ့ သူငယ်ချင်းတွေအတွက်
Dropbox နဲ့ချိတ်ဆက်ထားလို့ရပါတယ် အခြားလုပ်ဆောင်ချက်တွေလည်းအများကြီးရှိပါတယ်
Subscribe to:
Posts (Atom)

