အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 12 September 2013

ကျဆုံးသွားသော အညတရ စစ်သည်များအား ဂုဏ်ပြုပါသည်...

အလွမ်းမင်းသားလေး | 08:01 | Best Blogger Tips

ကျဆုံးသွားသော အညတရ စစ်သည်များအား ဂုဏ်ပြုပါသည်
**************************************

ထိုကြယ်တွေကြွေလေတိုင်း

ညစဉ်ညတိုင်း

အမှောင်ရဲ့ကောင်းကင်ထဲ

လူမသိသူမသိပါပဲ

ကြယ်လေးတွေတဖြုတ်ဖြုတ်ကြွေနေကြတယ်။



ကြယ်ကြွေတာ ဆုတောင်းရင်ပြည့်သတဲ့

ကြယ်တွေကိုချစ်တဲ့ငါ 

ညစဉ်အခါ ကြယ်တွေကိုထိုင်ကြည့်လို့

အတ္တတွေအပြည့်နဲ့ ဆုတွေတသီကြီးတောင်းခဲ့ဖူးတယ်။



ဖြတ်ခနဲလေးတချက်ပါပဲ.

နှစ်သန်းပေါင်းများစွာ တည်ဆောက်ခဲ့တဲ့အလင်း 

ပျက်ဆီးတဲ့အချိန်လေးအတွင်းမှာ

ခနတွင်းပျောက်ကွယ်ခဲ့တယ်။



ဓူဝံလိုကြယ် ဗီးနပ်စ်လိုနတ်ဖုရား

လူတွေကတင်စားလို့ ထင်ရှားကြပေမယ့်

ကြယ်တာရာအစုအဝေး သေးငယ်တဲ့ဒီကြယ်လေးတွေကျ

လမင်းကို ၀န်းရံခလို့ 

စွမ်းသလောက်အလင်းဝေမျှတာတောင်မှ

တိတ်တဆိတ်နဲ့ကြွေကျ မြေခရတာတောင်

ဘယ်သူမှတောင်မသိလိုက်ဖူးကွယ်။



ကြယ်တွေကိုချစ်တဲ့ငါ

သူတို့ပေးတဲ့အလင်း နှလုံးသားမှာမှတ်တမ်းတင်ရင်း

ဒီလိုကြွေလွင့်တဲ့အခါ တော်ပြီငါ ရင်နာလွန်းလို့

ကိုယ့်ဆုတောင်းပြည့်စေဖို့

ဒီတစ်ခါကြယ်တွေကြွေရင်ဖြင့်

ဘယ်သောအခါမှ..

ကိုယ်တကယ်မရေတွက်တော့ဘူးကွယ်။



မဒမ်ကိုး

၁၂. ၉.၂၀၁၃

(credit to မဒမ်ကိုး )

 
ထိုကြယ်တွေကြွေလေတိုင်း

ညစဉ်ညတိုင်း

အမှောင်ရဲ့ကောင်းကင်ထဲ

လူမသိသူမသိပါပဲ

ကြယ်လေးတွေတဖြုတ်ဖြုတ်ကြွေနေကြတယ်။



ကြယ်ကြွေတာ ဆုတောင်းရင်ပြည့်သတဲ့

ကြယ်တွေကိုချစ်တဲ့ငါ

ညစဉ်အခါ ကြယ်တွေကိုထိုင်ကြည့်လို့

အတ္တတွေအပြည့်နဲ့ ဆုတွေတသီကြီးတောင်းခဲ့ဖူးတယ်။



ဖြတ်ခနဲလေးတချက်ပါပဲ.

နှစ်သန်းပေါင်းများစွာ တည်ဆောက်ခဲ့တဲ့အလင်း

ပျက်ဆီးတဲ့အချိန်လေးအတွင်းမှာ

ခနတွင်းပျောက်ကွယ်ခဲ့တယ်။



ဓူဝံလိုကြယ် ဗီးနပ်စ်လိုနတ်ဖုရား

လူတွေကတင်စားလို့ ထင်ရှားကြပေမယ့်

ကြယ်တာရာအစုအဝေး သေးငယ်တဲ့ဒီကြယ်လေးတွေကျ

လမင်းကို ၀န်းရံခလို့

စွမ်းသလောက်အလင်းဝေမျှတာတောင်မှ

တိတ်တဆိတ်နဲ့ကြွေကျ မြေခရတာတောင်

ဘယ်သူမှတောင်မသိလိုက်ဖူးကွယ်။



ကြယ်တွေကိုချစ်တဲ့ငါ

သူတို့ပေးတဲ့အလင်း နှလုံးသားမှာမှတ်တမ်းတင်ရင်း

ဒီလိုကြွေလွင့်တဲ့အခါ တော်ပြီငါ ရင်နာလွန်းလို့

ကိုယ့်ဆုတောင်းပြည့်စေဖို့

ဒီတစ်ခါကြယ်တွေကြွေရင်ဖြင့်

ဘယ်သောအခါမှ..

ကိုယ်တကယ်မရေတွက်တော့ဘူးကွယ်။



မဒမ်ကိုး

၁၂. ၉.၂၀၁၃

(credit to မဒမ်ကိုး )
 
 

ဖုန်းထဲကနေ ဓါတ်ပုံတွေကို Frames လှလှလေးတွေ ထည့်ပေးမယ့် Love Frames apk ...

အလွမ်းမင်းသားလေး | 07:48 | Best Blogger Tips


Cover art
ဒါလေးကတော့ ဖုန်းထဲမှာ မိမိတို့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို Frames လှလှလေးတွေကို
ထည့်ပေးမယ့် apk လေးပါ။ လုပ်ရတာ အရမ်းလွယ်ကူပါတယ်။

စမ်းသုံးကြည့်လိုက်ပါဥိး။ပျိုပျိုမေတွေ ပိုကြိုက်လောက်ပါတယ်။အရမ်းလန်းတယ်။နော်။
internet နှင့်ချိတ်စရာမလိုဘူး။ offline သုံးလို့ရတယ်။။

Wednesday, 11 September 2013

ချစ်သူသိစေ ...

အလွမ်းမင်းသားလေး | 07:01 | Best Blogger Tips


ချစ်သူမရှိဘဲ လွင့်မိတဲ့ ကမ်း
မိုးရွာလည်း လှိုင်း မမြင်ခဲ့ဘူး
ရင်ထဲ မီးပင်လယ်တွေ ဝေနေခဲ့တယ်..။
ပူလောင်ပြီး နေရထိုင်ရခက်လိုက်ပုံများ…
မိုးသည်းချိန်လိုပါပဲ လွမ်းစိတ်တွေရဲ့ တစ်ဖတ်
ဘာမှလုပ်လို့မရအောင် ထိုင်းမှိုင်းစေခဲ့တယ်
ဘာပဲဖြစ်ဖြစ်.......ဖြေသိမ့် မိတယ်
                                           ဆောင်းမနက်ခင်းလိုပါပဲ ..ချစ်သူရယ်..။
ကဗျာဟာ  ငါ့ခံစားချက်ဖြစ်သလို
မင်းဟာ...ငါ့ အတွက်
ငါ့ခံစားချက်ကို ဖြစ်ပေါ်စေသူ
ကဗျာဟာ
ငါ့နှလုံးသားဖြစ်သလို
မင်းဟာ..ငါ့ အတွက်
ငါ့နှလုံးသားကို လှုပ်နိုးနိုင်သူ
ကဗျာဟာ
ငါ့ရှင်သန်ခြင်းဖြစ်သလို
မင်းသာ ငါ့ အတွက်
ငါ့ရှင်သန်ခြင်းကို ဆက်လက်အသက်ဆက်စေသူ...။
ဒါပေမဲ့ ....
ကွေးညွတ်တက်တဲ့ ယုံကြည့်ခြင်းတစ်ချို့အတွက်
ဘဝရှင်သန်ခြင်းနဲ့ မိသားစုကိုငေးမော
ဆီမကုန်သေးတဲ့ နှလုံးသားတစ်စုံ အတွင်းမှာ
လကိုဖမ်းဆုပ် ကြယ်တွေကို ပန်းကုံးလုပ်
ရူးကြောင်ကြောင် အဲ့ သလို လူတစ်ယောက်က
မပြီးဆုံးနိုင်တဲ့ စိတ္တဇတွေ လဲပြိုကျသွားမှာ တွေးရင်း
တိတ်တိတ်လေး ခိုးညှိနေတဲ့ လူ့ နွား တွေကိုမြင်တိုင်း
ရောင်းစုံပန်းတွေ ခြွေခူးသွားမှာ စိုးရိမ်မိ နေလေရဲ့ ...။
 
 
နေလင်းဖြိုး
 

Android Mobile ဖုန်းတွေမှာမိမိချစ်သူနာမည်လေးထိုးပြီး Live Wallpaper သုံးပြီးလန်းချင်တဲ့ သူတွေအတွက်...

အလွမ်းမင်းသားလေး | 06:41 | Best Blogger Tips







Fig ~ 1
ကျွန်တော် နေမကောင်းတဲ့ကြားက Post မရေးဖြစ်တာကြာလို့ Post လေးတစ်ခုလောက်တော့ ကြိုးစားပြီး ရေးလိုက်ချင်ပါတယ်ဗျာ။အဲ့ဒီ Post လေးကတော့ Android Mobile ဖုန်းလေးတွေမှာ Live Wallpaper အလန်းလေးတွေထားပြီး အသုံးပြုချင်တဲ့သူတွေအတွက်ပေါ့ဗျာ။ဒီ Live Wallpaper ကတော့တော်တော်လေးကို လန်းတဲ့ Apk လေးပေါ့ဗျာ။စာလုံး ဒီဇိုင်းလေးတွေကိုလဲ မိမိစိတ်ကြိုက် Touch Screen ကို 2 ချက်ထောက်ပြီး စိတ်ကြိုက် Design တွေကိုချိန်းလို့ရသလို အောက်မှာပါတဲ့ Digital Date နဲ့ Clock တွေကိုလဲ မိမိစိတ်ကြိုက် ဒီဇိုင်းလေးနဲ့ အလန်းဆင်လို့ရပါတယ်။

ပြီးဆုံးသွားသော မိုးသည်းညပုံပြင်.....

အလွမ်းမင်းသားလေး | 06:26 | Best Blogger Tips




မဟုတ်ပါဘူး မရှိပါဘူး
တကယ်တော့ ....
ဒါဟာ... ပုံပြင်ဇာတ်လမ်းတစ်ပုဒ်။

တကယ် ထင်ရောင်ထင်မှားဖြစ်အောင်
ဖန်တီးထားတာ....

ကာယကံရှင်ကတော့ သိမှာပါ....။

မိုးကိုချစ်တယ်....

မိုးက ကိုယ့်ကို အမှတ်တရတွေအများကြီးပေးခဲ့တယ်
ပြီးတော့ မရိုးစင်းနိုင်တဲ့ ပုံပြင်တွေပြောတယ်...။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ