အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Wednesday, 17 October 2012
Photoshop ၀ါသနာရှင်များအတွက် အလွယ်ဆုံး ဓာတ်ပုံပြင်နည်း...
အလွမ်းမင်းသားလေး | 07:53 | Best Blogger Tips
ဆော့ဝဲကလည်း သုံးရတာလမ်းတယ် မော်ဒယ်ကလည်း ဖလမ်းဖလမ်..ဆိုတော့ကာ....
ဒီဆော့ဝဲလေးကလည်း ၀ါသနာတူသူငယ်ချင်းများအတွက် အသုံးဝင်တဲ့ ဆော့ဝဲပါ
ဒီဇိုင်း ၊ကာလာ၊ အဖြူအမဲ၊ ခဲချစ်ပန်းချီ ၊ နှစ်ကိုယ်ခွဲသုံးကိုခွဲ၊ရုပ်ပြောင်၊ ပန်းဘောင်
အလှဆင် အစုံသုံးရတယ် စက်လည်းမလေးတဲ့ ပေါ့ပေါ့ပါးပါးလေးပါ ။အသုံးပြုပုံက
လွယ်ကူနေသောကြောင့် ယူဖြစ်အောင်သာ ဆောင်ထားကြပါလို့ .......................။
ဒီမှာယူလိုက်ပါ - http://www.mediafire.com/? Eflim Design Effect softwere
မောင်(စွယ်စုံကျမ်း)
Computer ကို Viber ထည့်ပြီး Viber ရှိသောဖုန်းတွေနဲ့ ပြောချင်ရင်...
အလွမ်းမင်းသားလေး | 07:49 | Best Blogger Tips
စမ်းသုံးချင်သောသူတွေ  အဆင်ပြေစွာသုံးနိုင်ဖို့   နည်းလမ်းတွေကို  ရေးပြပါ့မယ်
Viber ထည့်ထားသော   ကွန်ပျုတာကနေ  မြန်မာပြည်က  ဖုန်းတွေနဲ့ ပြောချင်ရင်
အဆင်ပြေပါတယ် အကယ်၍ ကိုယ်ဝယ်ထားတဲ့ဖုန်းက Viber မရဘူးဆိုရင်တောင်
ကိုယ့်ကွန်ပျုတာမှာ ထည့်ထားရင်  ပြောရတာ အဆင်ပြေမှာပါ ။ မြန်မာပြည်ကလူ
တွေအနေနဲ့  Viber ကနေ လှမ်းခေါ်ဖို့ အဆင်ပြေပါတယ် ။ ပုံမှန်  ဖုန်းအထွက်က
ခေါ်မယ်ဆိုရင်  ပိုက်ဆံတွေ အများကြီးကုန်ကျပါမယ်။ Viber ထည့်ထားလိုက်ရင်
ပြည်ပက  ကိုယ့်ချစ်သူခင်သူ   သူငယ်ချင်းတွေနဲ့   ဖလမ်းဖလမ်း  ပြောလို့ ရပါပြီ
Viber ထည့်ထားတဲ့  ဖုန်းကနေ  ကွန်ပျုတာကို ခေါ်ချင်တာပဲဖြစ်ဖြစ် Computer
Viber ကနေ ဖုန်းကိုခေါ်တာပဲဖြစ်ဖြစ် အဆင်ပြေမှာပါ ...............................။
ပထမအဆင့်ဒီဆော့ဝဲကို Download ယူပါ - Bluestacks Download 
အင်စတောလုပ်ပြီးရင် Serch box ကနေViber for Androit ကိုရိုက်ပြီး Install လုပ်ပါ
Desktop ပေါ်မှာ App ဆိုတဲ့ဖိုင်လေး ရောက်နေပါလိမ့်မယ် အထဲမှာ Viber ရှိနေပါပြီ
လိုင်းကောင်းဖို့ တော့လိုပါတယ် အဆင်ပြေတဲ့အခါ နားပူး ဘက်ထရီကုန်သည်အထိ
ပြောလို့ ဆိုလို့ ရပါတယ် ၂ဖက်စလုံး လိုင်းကောင်းရင်တော့ အတိုင်းထက်အလွန်ပါပဲ...
မောင်(စွယ်စုံကျမ်း)
ဇာတ်ဆရာအလိုကျ...
အလွမ်းမင်းသားလေး | 07:38 | Best Blogger Tips
ကိုယ်တိုင်ရေး
ကိုယ်တိုင်တွေး
ကိုယ်တိုင်ဖန်တီးထားတဲ့ 
ငါ့ရဲ့ တစ်ခန်းရပ်အချစ်ဇာတ်လမ်းမှာ
အရံလူဖြစ်လိမ့်မယ်လို့ 
ဘယ်တုန်းကမှ မတွေးခဲ့ မိဘူး
ထားလိုက်ပါတော့လေ ကံကြမ္မာ
ဇတ်ညွှန်းရေးဆရာက ငါ့အတွက်
အလွမ်းကကြိုးတွေပဲ ဖန်တီးခဲ့ တာကို
နောင်အခါမှာ အခွင့်သာလို့ 
ကံကြမ္မာဇတ်ဆရာက ငါ့ကိုသနားခဲ့ ရင်ပေါ့
ဖြစ်လိုက်ချင်ပါတယ် ဇာတ်ဆရာရေ
ဘယ်အခန်းဘယ်နေရာရောက်ရောက်
ဇာတ်သိမ်းခန်းမှာ မင်းသမီးလေးနဲ့ သာ ပေါင်းရပါရစေသား
ဖိုးခွားလေး (ကော့မှူးမြို့ )
ဘဝ ခါးခါး....
အလွမ်းမင်းသားလေး | 07:29 | Best Blogger Tips
ဘဝတွေက ခါသီးလွန်းတယ်ဗျ
ဓါးသွားပေါ်ကို မျက်စိမှိတ်လျှောက်နေရသလို
အိမ်မက်တွေကလည်း မရေရာအောင် ဝေးလွန်းတယ်
မပွင်နိုင်တဲ့  တံခါးပဲကို ငါလက်တွေ နာခံပြီးခေါက်နေမိတာ
ကြာလာတော့ လက်တွေတောင် အသမာတတ်နေပေါ့
ဘာလဲအောင်မြင်မှူဆိုတာ
လူတွေအထက်ပေါ်ရောက်နေတာကိုပြောတာလား
လကွယ်မရှိပဲ ခဲ့ ရင် လပြည့်ညက
ရင်ခုန်စရာ ဘယ်လိုလုပ်ကောင်းမလဲ
ဟုတ်တယ် ဘဝခါးခါးတွေ ဖျက်ကျော်နိုင်မှ
ချိုမှိန်တဲ့  ဘဝချိုချိုလေ ဘဝကို ရောက်မှာ
နေမဝင်ပဲ နေထွက်တာကိုလိုချင်လို့ ဘယ်ရမလဲ
ခါးသက်တဲ့ အရာတွေကို ကြောက်နေတာလား
ခါးသက်တာတွေ ဆေးဖတ်ဝင်နေတာ မတွေးမိလို့ ပါ
အမှောင်တွေဖုံးနေတုန်းပဲ
မကြာခင်အလင်းလာတော့မယ် ထင်ပါရဲ
ဒုက္ခတွေ ထုပ်ပိုးထားတဲ့  အမှောင်တုထဲ
ငါမျက်လုံးမှိတ်လို့  အကြိမ်ကြိမ်ခုန်ချဘူးတယ်
ပြန်တတ်လာတိုင်း ငါဒုက္ခတွေကိုငါ ဖြေရှင်းတတ်နေပြီ
မနေတတ်ပဲ ဘယ်လိုဘဝမျိုးက ကျေနပ်စရာကောင်းမလဲ
သေချာတယ် ဘဝခါးခါးကြီးထဲ ရုံးထွက်ဖို အတွက်
အရင်ဆုံး ငါ အဲဘဝခါးခါးကြီးတွေထဲကပဲ
နေသားကျအောင်နေရဦးမယ်.....................။
 ဖိုးးခွားလေး (ကော့မှူးမြို့  )
အရိပ်စစ်.....
အလွမ်းမင်းသားလေး | 07:25 | Best Blogger Tips
အငိုနဲ့ စလို့
  အငိုနဲ့ ဆုံးမယ့်
     လူ့ဘဝရဲ့ အချိန်ခဏလေး
          မင်းဘာလုပ်မယ် တွေးသလဲ.........?
ကိုယ့် သမိုင်းကို
   ကိုယ်တိုင် ရေးဖို့
         ငါတို့မှာ
            ကိုယ်ပိုင် အခွင့်အရေး တွေ ရှိတယ်.............။
တွေးချင်သလို တွေးပြီး
     ရေးချင်သလိုသာရေး
          ကိုယ်လုပ်ခဲ့တဲ့ အလုပ်က
              မှတ်တမ်း တစ်အုပ် အဖြစ်
                  သမိုင်းမှာ တွင်ကျန်ရစ်ခဲ့ရင်
                       ဒါဟာ
                          ကိုယ့်ဘဝရဲ့ အရိပ်အစစ်
                               ဖျောက်ဖျက်ပစ် ဖို့တော့ ခက်လိမ့်မယ် သူငယ်ချင်း...............။
                                                       ညီညီ(မြန်အောင်)
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ