အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 27 October 2012

ပြောပြပေးပါ သူငယ်ချင်းလေး....

အလွမ်းမင်းသားလေး | 23:47 | Best Blogger Tips
မင်း အသည်းနှလုံးရဲ့လျို့ဝှက်ချက်ကို

ဖုံးကွယ်မထားပါနဲ့ သူငယ်ချင်းရယ်

ကိုယ်ကို...ကိုယ့်တစ်ယောက်တည်းကို

တိတ်တိတ်လေး ပြောပြပါလားကွယ်......

ချစ်စရာကောင်းတဲ့ အပြုံးနဲ့

ချိုချိုသာသာ ပြုံးတတ်သူလေးရယ်

မင်းပြောမဲ့နှလုံးသားထဲက စကားတွေကို

ကိုယ်နားတွေနဲ့ မဟုတ်ပဲ ကိုယ်အသည်းနှလုံးနဲ့

နားထောင်ပေးမှာပါ သူငယ်ချင်းလေးရယ်.........

အချစ်ဆိုတာ သောကတွေပဲ

ယူဆောင်လာတယ်လို့ မင်းထင်နေသလားကွယ်

အချစ်ဆိုတာ သုခတွေကိုလည်း ယူဆောင်လာပေးတယ်ဆိုတာ

မင်းယုံအောင် ကိုယ်သက်သေပြချင်ပါတယ်ကွယ်

အချစ်ကို ယုံကြည်သင့်ပါတယ် အချစ်မှာအပြစ်မရှိပါဘူကွယ်

အချစ်ကို ကစားတဲ့သူတွေသာမယုံသင့်တာပါ သူငယ်ချင်းလေးရယ်.........

နှလုံးသား အချစ်ဆိုတာ

မျက်၇ည်တစ်စက် လင်္ကာတပုဒ်နဲ့ တူတဲ့

ပေးဆပ်ရမယ့် ခါးသီးခြင်း အရာလို့

မင်းထင်နေခဲ့ရင်

နှလုံးသား အချစ်ဆိုတာ

ပျားရည်တစ်စက် ကဗျာတပုဒ်နဲ့ တူတဲ့

ရယူရမယ့် ချိုမြိန်ခြင်း အရာလို့

မင်းထင်အောင်

ကိုယ်သက်သေပြချင်ပါတယ် သူငယ်ချင်းလေးရယ်........

အဆုံးအစမရှိတဲ့ ကိုယ်ရဲ့အိမ်မက်တွေထဲမှာ

အမြဲစိုမိုးထားသူလေးရယ်

မင်းဟာကိုယ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့

ပုလဲရတနာတစ်ပါး ပါပဲကွယ်

မင်းနှလုံးသားထဲက လျို့ဝှက်ချက်ကို

ကိုယ့်ကို ပြောပြပေးပါတော့ သူငယ်ချင်းလေးရယ်........


စလေမောင်သားသားးးးးးးး

ပုံလေးတွေကို ဘောင်လေးတွေထဲမှာထည့်ရအောင်....

အလွမ်းမင်းသားလေး | 05:16 | Best Blogger Tips


သူငယ်ချင်းတို့ရဲ့ပုံတွေကို ဒီဇိုင်းစုံပြီးလှတဲ့ဘောင်လေးတွေထဲမှာ ထည့်ကြည့်ရအောင်နော်...
ဒီ Photoshop လေးအသစ်ထွက်လာလို့တင်ပေးလိုက်တာပါ .. စိတ်ဝင်စားမယ်ဆိုရင် ယူထားလိုက်နော်...
အရင်ဆုံး ဒီနေရာလေး
ကိုသွားလိုက်ပါ... အောက်မှာရှင်းပြထားတဲ့အတိုင်း လုပ်ကြည့်ရုံပါပဲနော်....




သူငယ်ချင်းတို့ရဲ့လှပတဲ့ပုံလေးတွေကို ဒီလိုလှတဲ့ဘောင်လေးထဲကို ထည့်ကြည့်လိုက်နော်... ဒါဆိုပိုပြီးလှသွားမှာသေချာပါတယ်...
(သူငယ်ချင်း ထက်ထက်ရဲ.ပို.စ်လေးပါ)
 
 
အွန်လိုင်းမင်းသား 

အစိုးရ ငြိမ်းအဖွဲ့ နှင့် KIO တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြန်တွေ့မည်...

အလွမ်းမင်းသားလေး | 02:39 | Best Blogger Tips


ချင်းမိုင်(မဇ္စျိမ) ။        ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၌ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

ထိုသို့ ဆွေးနွေးမှု စတင်ပြုလုပ်ရန် သဘောတူကြောင်း ဗုဒ္ဓဟူးနေ့တွင်ပင် ဝန်ကြီး ဦးအောင်မင်း ထံမှ အကြောင်းကြား လာခြင်း ဖြစ်သည်။

“စာထဲမှာက ၃ဝ ရက်နေ့ ရွှေလီမှာ စတင်လုပ်ကိုင်သွားရန် ဆန္ဒရှိတယ်။ ဘယ်နှစ်ရက် ဆိုပြီး သတ်မှတ်တာ မရှိဘူး။ ဒီနေ့ အီမေးနဲ့ အကြောင်းပြန်လာပါပြီ” ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးဆန့်အောင် က မဇ္စျိမကို ပြောသည်။

နှစ်ရက်ကြာ ဆွေးနွေးရန် စီစဉ်ထားသဖြင့် ဆုံးဖြတ်ချက် တစုံတရာ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ဆက်ပြောသည်။


မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် အင်္ဂါနေ့ညနေပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ 

၂၀၁၃ တွင် မြို့နယ် ၂၀ ၌ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရမည်..

အလွမ်းမင်းသားလေး | 02:27 | Best Blogger Tips
၂၀၁၃ တွင် မြို့နယ် ၂၀ ၌ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရမည်
ရန်ကုန်၊အောက်တိုဘာ-၂၇

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို မြို့နယ် ၂၀ တွင် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်မှစတင်ကာ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောသည်။

စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည့် မြို့နယ်များမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် မြ၀တီမြို့၊ ချင်းပြည်နယ် ဟားခါးမြို့၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့၊ မိုးကုတ်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ မော်လမြိုင်မြို့၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ တာချီလိတ်မြို့၊ မူဆယ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နှင့် ငပုတောမြို့တို့ဖြစ်သည်။
7 Day News

Photoshop ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း ..

အလွမ်းမင်းသားလေး | 01:31 | Best Blogger Tips



ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းတော့ နည်းနည်းရှုပ်ပါတယ်..။ တဆင့်ချင်းစီ ကြည့်သွားလိုက်ရင်တော့ တတ်သွားမှာပါ..။
ဒီမှာတော့ ဝင်းဒိုးထဲမှာပါတဲ့ ပုံလေးနဲ့ပဲ ပြပေးလိုက်ပါတယ်..။ တတ်အောင်သင်တဲ့ အနေနဲ့ ဘယ်ပုံနဲ့စမ်စမ်း အဆင်ပြေပါတယ်..။ တကယ်လုပ်တတ်သွားပြီ ဆိုတော့မှ မိမိတို့ရဲ့ ပုံလေးတွေနဲ့ လုပ်ကြည့်ရင်လည်း ရပါတယ်..။ ကဲစလိုက်ရအောင်

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ