အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 3 November 2012

စည်းကမ်းမဲ့ ယာဉ်အစီးရေ နှစ်ထောင့် ခုနှစ်ရာ ကျော်အား အောက်တိုဘာလ အတွင်း မှတ်သား ဖမ်းဆီးခဲ့.

အလွမ်းမင်းသားလေး | 23:30 | Best Blogger Tips



ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ မော်တော် ယာဉ်တွေကို မှတ်သား ဖမ်းဆီးပြီး အရေးယူ ဆောင်ရွက်
လျက်ရှိရာ ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်းက ယာဉ်စီးရေ နှစ်ထောင့် ခုနှစ်ရာ ကျော်ကို ဖမ်းဆီး အရေးယူ ခဲ့တယ်လို့ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ ကြေးနန်းနဲ့ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရပါတယ်။ ဒီလို မှတ်သား ဖမ်းဆီး ခဲ့ရာမှာ ခရီးသည်တင် ယာဉ်များ လူပို တင်ဆောင်ခြင်း၊ မီးနီ ဖြတ်သန်း မောင်းနှင်ခြင်း၊ လမ်းမများမှာ စည်းကမ်းမဲ့ ယာဉ်ရပ်နား ထားခြင်းနဲ့ ခရီးသည်တင်

တောသူမရဲ့ရည်းစားစာ...

အလွမ်းမင်းသားလေး | 23:22 | Best Blogger Tips

မြို့သား အစ်ကို
စကားချို
သူ့ကိုချစ်မိနေပြီရှင့်၊

ထဘီတိုတို ရေစိုစို
ကျွန်မ အလှ ကပိုကရို
မြို့သူတွေထက် ပိုသတဲ့ရှင့်၊

ပြောင်းဆန် ထမင်း
ဆူးပုတ်ဟင်း
သူ စားချင်ရင် ခုချက်ချင်း၊

ပဲနီလေးပြုတ်
မုန့်ဖက်ထုပ်
သူစားချင်ရင် ချက်ချင်းလုပ် ၊

သူ ကြိုက်တယ်ဆို
ထန်းရည်ချို
မြူအိုးလိုက်ကို ပေးတယ် ရှင့် ၊

သူနဲ့တွေ့ရန်
ကောက်စိုက်ပြန်
ခရေပန်း ပန်ရတယ် ရှင့် ၊

သူနဲ့ တွေဆုံ
စံပယ်ရုံ
ညတိုင်း ပုံပြင် ပြောတယ်ရှင့် ၊

တစ်ညသာ
လ လည်းမိုက်
မြို့သားရယ်....အမေ ရိုက်မှာ စိုးတယ် ရှင့် ၊

ဖိတ်စာ ရိုက်ရန်
မြို့သို့ပြန်
ခုထိ ပြန်မလာသေးဘူးတဲ့ ရှင့်

နေဝင်ချန်ယွန်း
မီးအိမ်ထွန်း
မျက်ရည် သုတ်ရင်း လွမ်းတယ်ရှင့် ၊







ဌေးကြည် (စလင်း )

ကလေးအတွေး...

အလွမ်းမင်းသားလေး | 23:16 | Best Blogger Tips



(၁)
အမွှာလေးနှစ်ယောက်က ကျောင်းဆင်းပြန်တာနဲ့ ဖေဖေ့ကို အားရဝမ်းသာပြောတယ်။


"ဖေဖေ.. ဖေဖေ... ဒီနေ့အခန်းထဲမှာ အချောဆုံး၊ အခန့်ဆုံးဖခင်တစ်ဦးကိုရွေးပါလို့ မဲပေးကြတော့ ဖေဖေရသွားတယ်သိလား?"

"ဟုတ်လား... ! ဖေဖေက ဘယ်လိုရသွားတာလဲ?"

"လူတိုင်း ကိုယ့်ဖေဖေကို ကိုယ်မဲထည့်ကြတယ်လေ။ ဖေဖေက မဲနှစ်မဲနဲ့ အနိုင်ရသွားတာပေါ့"


(၂)

"ဖေဖေ... မောင်မောင်ရဲ့ အဖေက ရေကူးအရမ်းတော်တာပဲ။ ဖေဖေကျတော့ ဘာဖြစ်လို့ ရေမကူးတတ်တာလဲ?"

"မောင်မောင်ရဲ့ အဖေက ငါးအမြဲစားတော့ ရေကူးတတ်တာပေါ့။ ဖေဖေက ငါးမှမစားတာ ဘယ်ရေးကူးတတ်ပါ့မလဲ?"

ကောင်မလေးအတွက် ...

အလွမ်းမင်းသားလေး | 21:50 | Best Blogger Tips


လှိုင်းခတ်နေတဲ့ ဒီရင်က

အကြင်နာသံစဉ်တွေကို

တကယ်ပဲမင်းမမြင်လို့လား

ချစ်နေတာကိုသိရဲ့နဲ့


ခံရခက်အောင် မင်းကလှောင်ပြုံးလို့

မာယာတွေသုံး နေတာလား....

ဒါမှမဟုတ်

မင်းအတွက်

နေလို  လလို  အရိပ်လေးလို 

မရိုးနိုင်ပါဘူးလို့ဆိုတဲ့

မင်းရဲ့  Hero  နေရာမှာ

ငါဟာ အစားထိုးနိုင်မဲ့သူ မဟုတ်လို့လား.....

ကောင်မလေးရယ်မင်းသိထားပါ

မင်းရဲ့နေ့များ အမောတွေကြားမှာ

 မင်းခိုနားတဲ့ အရိပ်တစ်ခု ဖြစ်ခွင့်မရခဲ့ပေမယ့်

မင်းဘ၀ရှေ့ရေး မင်းရင်အေးစေဖို့

ငါလေအေးအဖြစ် ရှိနေမယ်ဆိုတာ

မင်းရဲ့ရောင်စဉ် မင်းကောင်းကင်လို

ထာဝရ ဖန်ဆင်းနေတစ်စင်း

ဖြစ်ခွင့်မရပေမယ့်

သူ့ရဲ့အပူ မင်းမယူနိင်ဖို့

 ငါတိမ် ထူထူတွေ အဖြစ်ရှိနေမယ်ဆိုတာ....

 မင်းရဲ့ဘ၀ မင်းညတွေကို

ထာဝရဖန်ဆင်း လ တစ်စင်းဖြစ်ခွင့် မရပေမယ့်

မင်းရဲ့အပါး မင်းအနားမှာ

 အမြဲခစား ကြွေလွင့်သွားတဲ့အထိ

 အပြုံးတွေဆင့် ကြယ်တပွင့်လို ငါရှိနေမယ်ဆိုတာ

 ကောင်မလေး ယုံထားပါ..... 




အောင်သက်ခိုင်

ထိထိမိမိဟာသဓါတ်ပုံများ ...

အလွမ်းမင်းသားလေး | 21:45 | Best Blogger Tips




ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ