အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 10 November 2012

ကွန်ပြူတာ mouse မျှားပုံကို အရုပ်ပုံလေးများထည့်နည်း....

အလွမ်းမင်းသားလေး | 19:18 | Best Blogger Tips


ဘယ်လိုပြင်မလဲဆိုတာကိုမေသျှမ်းသိသာလေးတွေပြောပြမယ်နော်
ပြင်ချင်တဲ့သူငယ်ချင်းတွေက အရင်ဆုံး ဒီဆိုဒ်ကိုသွားပါ
http://totallyfreecursors.com/
အဲဆိုဒ်ရဲ့မူလစာမျက်နှာမှာ ပုံလေးတွေရှိတယ်နော် လိပ်ပြာပုံ တခြားပုံတွေရောပေါ့
အဲဒီထဲက ပုံတစ်ခုကို နမူနာရွေးလိုက်ပါ
ကိုယ်ကြိုက်တဲ့ပုံတစ်ခုကိုရွေးပါ (အောက်က ပုံ ကိုကြည့်ပါ)
နောက်တစ်မျက်နှာမှာ အောက်ကပုံလို ပုံလေးတွေမြင်ရပါလေ့မယ် အဲ့ဒီမှာ Download Now ဆိုတာနိုပ်လိုက်ပါ
အဲ့ဒါနှိပ်ပြီးရင် အောက်ကပုံလေးလို တက်လာလိမ့်ပါမယ် အောက်ကပုံလေးလို တက်လာရင် OK နှိပ်လိုက်ပါ

Computer Icon မှာမြန်မာစာ မပေါ်ဘူးဆိုရင်....

အလွမ်းမင်းသားလေး | 19:14 | Best Blogger Tips



အပေါ်ကပုံလေးကြည်ပါအုံးမြန်မာစာမပေါ်ဘူး
အောက်ကပုံမှာတော့မြန်မာတွေမြင်ရတယ်။
မြန်မာစာပေါ်အောင်ဘယ်လိုလုပ်ရသလဲဆိုရင် Control Panel အရင်ဆုံးသွား
ပြီးရင်တော့ အောက်ကအမည်းရောင်လေးနဲဝိုင်းထားတဲ့ Change the theme
သွားပါ။

မင်းပေးသမျှ.....

အလွမ်းမင်းသားလေး | 10:07 | Best Blogger Tips


မင်းပေးတဲ့ ဒီအချစ်
နောက်ကျခဲ့ပေမယ့် တန်ဖိုးထားတယ်။

မင်းပေးတဲ့ ဒီအပြုံး
ဘယ်လောက်ပဲ နွမ်းလဲ မြတ်နိုးတယ်။

မင်းပေးတဲ့ ဒီအနမ်း
ဘယ်လောက်ပဲ ကြမ်းလဲ ကြည်နူးတယ်။

မင်းပေးတဲ့ ဒီအလွမ်း
ဘယ်လောက်ပဲ လေးလဲ ခံယူရဲတယ်။

ကောင်လေးရေ....
အတူနေချိန် တိုတောင်းခဲ့ပေမယ့်
မင်းပေးသမျှ အချစ်၊ အနမ်း၊ အလွမ်း
အမှတ်တရတွေ အားလုံး
ငါနှလုံးသားထဲ....
သော့ခတ် သိမ်းဆည်းထားတယ်။
တစ်သက်တာ ထာဝရပေါ့ကွယ်။

နိုင်းနိုင်းစနေ

လွမ်းစေတီ...

အလွမ်းမင်းသားလေး | 09:58 | Best Blogger Tips


တို့ထိခွင့်လည်းမရှိတော့
ဆုပ်ကိုင်ခွင့်လည်းမရှိတော့
မင်းရင်ခုန်သံကိုလုံအောင် ဖုံးပေးပိုင်ခွင့်လည်းမရှိတော့
မင်းလည်းမေ့လျော့လိုက်ရုံ
ပုံပြင်ကိုပုံပြင်အတိုင်းထားလိုက်ရုံ
ဒီလောက်ပဲတို့တတ်နိုင်ခဲ့..။

သူ့ကိုမင်း မချစ်ပဲနဲ့
မင်းကိုသူ ဘာလို့သိမ်းပိုက်ခဲ့တာလည်း
မင်းနဲ့ငါနဲ့ ချစ်ရက်သားနဲ့ ငါတို့ဘာလို့ ဝေးကွာခဲ့တာလည်း
ရာဇ၀င်ခေတ်
ပဒေသရာဇ်တို့ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ္ထုမှာ
ချစ်ရသူတို့ ဇာတ်နာခဲ့ရဖူးပါပြီ။

အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်
အငွေ့အသက်တွေ ကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့အလွမ်းတွေငါပွေ့ရင်း
တောင်ကုန်းလေးပေါ် ငါတက်ခဲ့တယ်။

ညောင်ပင်က
ဓမ္မတေးကိုဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာငိုနေရဲ့
ငါ့နှလုံးသားက လူ့သမိုင်းထဲ လဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကိုပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ငရဲကို..။
မိုဃ်းဇော်

G-Talk ကနေမေးလ်ဖွင့်တဲ့အခါ Firefox နဲ့တိုက်ရိုက်ပွင့် လာအောင်....

အလွမ်းမင်းသားလေး | 09:34 | Best Blogger Tips



ကျွန်တော်အခု တင်ပေးလိုက်တဲ့ နည်းလမ်းလေးကတော့ ကျွန်တော်တို့ G-Talk ကနေ G-Mail Icon လေးကို
နှိပ်ပြီး မေးလ်ဖွင့်တဲ့အခါမှာပဲဖြစ်ဖြစ် Link တစ်ခုခုကိုဖွင့်တဲ့အခါမှာ Firefox နဲ့တိုက်ရိုက်မပွင့်ပဲ IE နဲ့ပဲဖြစ်ဖြစ်
အခြား Browser တစ်ခုခုနဲ့ဖြစ်စေ ပွင့်လာတဲ့အခါမှာ Firefox နဲ့တိုက်ရိုက်ပွင့်လာအောင် ပြန်ပြီးလုပ်တဲ့နည်း
လမ်းလေးပါ..အကိုတစ်ယောက် မေးထားတာလေး ရှိတာနဲ့ အခြားမသိသေးတဲ့သူများပါအဆင်ပြေသွားအောင်
တင်ပေးလိုက်တာပါ..ကျွန်တော်အလွယ်တကူနဲ့ လုပ်တက်သွားအောင် အောက်မှာပုံလေးတွေနဲ့ ဖော်ပြပေး
ထားပါတယ်..

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ