အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 8 December 2012

Cancelလုပ်ပစ်မယ်...

အလွမ်းမင်းသားလေး | 05:50 | Best Blogger Tips



ကောင်မလေးရယ်.....
 အချစ်ဆိုတာက...........
  ပေးတိုင်လည်း ယူလို့ မရသလို
   ယူချင်နေလည်းပေးလို့ မရတာတွေရှိတယ်
    ပေးတိုင်းလည်း လက်ခံလို့ မရတဲ့ အခြေနေတွေလည်းရှိသေးတယ်.......
....။

ပေးဆပ်သူနဲ့ လက်ကခံသူ
 နားလည်မှူရှိဖို့ က အဓိကကျတယ်
  အရင်က ငါမှားခဲ့ တယ်ငါ့နှလုံးသားရဲ့ စေညွှန်ရာကို
   ငါ့ဦးနှောက်ကလိုက်လုပ်ပေးနေတော
့ ငါလေ
    မချစ်သင့်တဲ့ သူကိုချစ်မိပြီး ချစ်သင့်တဲ့ သူကိုတော့မျက်ကွယ်ပြုမိတယ်....
.......။

အခုလေငါ့နှလုံသားတခါးအမြဲဖွင့် ထားတယ်
 ဒါပေမယ့်ငါ့နှလုံးသာကး ငါ့ဦးနှောက်အောက်ကိုရောက်သွာြး
ပီ
  ငါ့ဦးနှောက်ကစဉ်းစားပြီး နှလုံးသားကိုပြန်ပြီးစေညွှန်ေ
နတယ်
   ဝင်ချင်တဲ့ သူဝင် ထွက်ချင်တဲ့ သူထွက် အချိန်တော့
    ငါ့ဦးနှောက်ကစဉ်းစားပြီး အားလုံးကို CANCEL လုပ်ပစ်လိုက်တယ်
     ငါအခုနှလုံးတခါးဖွင့်ထားတယ် ဘယ်သူဝင်ရဲသေးလဲ
      ဝင်လာသူအားလုံး CANCEL လုပ်ပစ်လိုက်မယ်...............
...................။
                                                                                           

                                                                                      ဖိုးခွားလေး(ကော့မှူးမြို့ )

မေ့သွားမှာပါ....

အလွမ်းမင်းသားလေး | 05:48 | Best Blogger Tips



ယုံကြည်ချက်တွေ ကွဲလွှဲနေတဲ့ 
ငါတို့ နှစ်ယောက်အတွက်
ပေါင်းစပ်ဖို့ ဆိုတာ ဘယ်နည်းမှ မဖြစ်နိုင်တော့ပါဘူး
နားလည်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားနေလည်း
အရာအားလုံး ကသဲထဲရေသွန်သလိုဖြစ်ကုန်တာပါပဲ
ရှေ့ ဆက်မရတော့မယ့်အတူတူ
ငါတို့ တွေ အမုန်းမရှိပြုံးပြုံးလေးနဲ့ ပဲလမ်းခွဲလိုက်ကြမယ်.....။

နင်လည်း နင့်လမ်းနင်ဖောက်ပြီးနင့်ခရီး
နင်လျှောက်
ပြီးတော့ နင့်သမိုင်းနင်ရေး
ငါလည်းငါ့လမ်းငါဖောက်ပြီး ငါ့ခရီးငါလျှောက်ပြီး
ငါခရီးငါလျှောက်တော့မယ်
ငါတို့ တွေနှလုံးသားနဲ့ ရင်းပြီး ချစ်ခဲ့ ကြတယ်
ပြီးတော့ဦးနှောက်နဲ့  လက်တွဲဖြုတ်ကြမယ်ပေါ့လေ
တဘဝလုံးစာ စိတ်မညစ်ဖို့ အတွက် တခဏတာတော့
ငါတို့ နှလုံးသားတွေ အပွန်းပဲခံလိုက်ကြမယ်လေ
ကြာတော့လည်း မေ့သွားမှာပါငါမရှိလည်း နင်နေတတ်သွားမှာပါ....။
 
ဖိုးခွားလေး(ကော့မှုး)

လေလှိုင်း ...အချစ်...

အလွမ်းမင်းသားလေး | 05:46 | Best Blogger Tips



ချစ်တယ်ဆိုတဲ့  နင်ရဲ့ မရေရာတဲ့ 
ဒီစကားလေးတစ်ခွန်းနဲ့  ငါ့မှာလေ
တစ်ညလုံးအိပ်မရအောင် ပျော်မဆုံးဖြစ်ခဲ့ ရတယ်
လေထဲမှာလာတဲ့ အချစ်က လေထဲမှာပဲလွှင့်သွားမယ်လို့  နင်ထင်နေတာလား

မရောရာမသေချာတဲ့ နင့်ကိုပဲ
ငါ့ရင်မှာတမ်းတမ်းစွဲဖြစ်နေမိတာ
သြော်...အခုတော့နင်ကလမ်းခွဲစကား
ဆိုလာပြီပေါ့လေ
ငါက နင်ရဲ့ လိုရာမရှိသုံးလေ လိုရင်ချစ် မလိုရင်လည်း ပစ်လိုက်ပေါ့

ရင်နာနာနဲ့  ဆက်ချစ်နေလို့ 
သေရာပါမဲ့  ဒဏ်ရာတစ်ခု ရလိုက်ပါတယ်
သြော်..အချစ်တဲ့ လား ပါးပြင်ပေါ်မျက်ရည်တွေနဲ့  ဟားတိုက်လို့ ရီလိုက်တယ်
တလောကလုံးလည်း ဟားတိုက်လို့  ငါ့အဖြစ်ကိုလှောင်နေကျတယ်
နောင်တလည်းမရချင်တော့ဘူး
နောင်လာမယ့်သူတွေ ငါ့အဖြစ်မျိုးမဖဖြစ်ပါစေနဲ့ ပေါ့လေ...။



ဖိုးခွားလေး(ကော့မှုး)

Friday, 7 December 2012

တွေးတွေးပြီးရယ်...၇..

အလွမ်းမင်းသားလေး | 07:37 | Best Blogger Tips
အမြန်မောင်းတဲ့ ကားတစ်စင်းနောက် ရဲကားတစ်ကားလိုက်လာတယ်။ တစ်နေရာမှာ မီတော့ ရဲက ကားသမားကို

"ခင်ဗျာ ဘာလို့ ဒီလောက် အမြန်မောင်းရသလဲ? ဒဏ်ငွေ အများကြီးဆောင်ရမယ်ဆိုတာ မသိဘူးလား?
ဒီငွေတွေနဲ့ တခြားအလုပ်လုပ်နိုင်တယ်ဆိုတာ မသိဘူးလား?"

"ဟုတ်ကဲ့ သိပါတယ်. . အဲဒီငွေတွေနဲ့ ကျွန်တော်လိုင်စင်သွားဖြေလို့ရပါတယ်"

"လိုင်စင်မရှိပဲနဲ့ ခင်ဗျာကားမောင်းတယ်..."

အဲဒီမှာ ကားသမားမိန်းမက စကားအမြန်ဖာတယ်။

Wednesday, 5 December 2012

Facebook Account အသစ်ပြုလုပ်နည်း...

အလွမ်းမင်းသားလေး | 06:39 | Best Blogger Tips




Facebook ကို (ကျွန်တော်အပါအ၀င်)အင်တာနက်အသုံးပြုသူအားလုံးနီးပါး အသုံးပြုကြပါတယ်။ ထို Facebook ထဲကိုဝင်ရောက်အသုံးပြုနိုင်ဖို့  အတွက်Facebook Account တစ်ခုရှိရမှာဖြစ်ပါတယ်။ Email တစ်ခု ရှိရုံနဲ့  Facebook account တစ်ခုကို လွယ်လွယ်ကူကူဖွင့်လို့ ရပါတယ်။ Account ဖွင့်နည်းကို ကျွန်တော် ပုံနဲ့ တကွ ဖော်ပြပေးထားပါတယ်။ Facebook နဲ့  ပတ်သက်ပြီး နောက်ထပ်သိသင့်သိထိုက်တဲ့ အကြောင်းအရာပို့ စ်တွေကိုလဲ နောက်ထပ်တင်ပေးဦးမှာပါ။ သိပြီးသားမိတ်ဆွေများကတော့ သည်းခံပေးပါခင်ဗျာ။ အောက်မှာကြည့်လိုက်ကြပါဗျာ….

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ