အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 12 December 2012

ဟူးဟူးထ အောင်မြန်မယ့် Mozilla Firefox ...

အလွမ်းမင်းသားလေး | 06:43 | Best Blogger Tips





ဒီနည်းကို ကျွန်တော်ကိုယ်တိုင်တွေးတောကြံဆ ထားတာ မဟုတ်ပါဘူး ..  Online ပေါ်မှာလိုက်မွှေရင်း ရှာတွေ့ခဲ့တာပါ .. ဒီနည်းကို တွေ့တဲ့အချိန်တုန်းက ကျွန်တော်ကိုယ်တိုင်နားလည်နိုင်ရုံ အနှစ်ချုပ်ကိုပဲ မှတ်သားထားခဲ့မိတာကြောင့် မူရင်း ပို့စ်ပိုင်ရှင်ကို By Name နဲ့ Credit မပေးနိုင်တော့တာကို အားနာမိပါတယ် .. ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် လက်တွေ့လုပ်ကြည့်တဲ့အခါ တစ်ကယ်ပဲ ထိရောက်မှုမြင့်မားတဲ့ နည်းပညာတစ်ရပ်ဖြစ်နေတာကြောင့် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင်ရယ် .. ကျွန်တော်ကိုယ်တိုင် ပြန်ဖတ်ချင်တဲ့အချိန် အလွယ်တကူပြန်ရှာနိုင်အောင် ရည်ရွယ်ပြီး ဒီနည်းပညာလေးကို ကျွန်တော့ ဘလော့မှာ တင်လိုက်တာပါ .. 

ကဲ .. လေရှည်နေရင် ဖတ်ရတာ ပြင်းသွားလိမ့်မယ် စလိုက်ကြစို .. Mozilla Firefox ကို ပြင်ဆင်မှုတွေလုပ်ပေးရပါမယ် .. ဒါပေမယ့် .. ဒီနည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေက ပညာရှင်အဆင့် ပြင်ဆင်မှုတွေဖြစ်တဲ့အတွက် အဆင့်အားလုံးကို သေသေချာချာ ဂရုတစိုက်လုပ်ဖို့တော့ အရေးကြီးပါတယ် .. မှားသွားခဲ့ရင်တော့ Mozilla ကို Uninstall လုပ်ပစ်ဖို့ပဲ ရှိတော့တာပေါ့ ..

မငိုနဲ့တော့ ချစ်သူရေ ...

အလွမ်းမင်းသားလေး | 06:07 | Best Blogger Tips









ပင်လယ်ရပ်ဝန်းမှာ တိုက်ခတ်ဖို့

မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ ... ?

အဖြေကို ရှာမတွေ့ခင်မှာပဲ -

- အညာဒေသမှာ အသံမဲ့ မိုးတွေက ရွာ .....

ဒီလိုပါပဲ ...

ဝင်းမှည့်နေတဲ့ ဟာရီကိန်းတစ်ခုက -

- ငါ့ရင်ဘက်ပေါ်ကို တည့်တည့် မတ်မတ်ကြွေ အကျ -

- ချစ်သူ ခမျာမှာလည်း

မိုးဆွေနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုကုသ ရမလဲ မသိရှာခဲ့ ...

မငိုပါနဲ့ ...

မငိုနဲ့တော့ ချစ်သူရေ ...

နောက်ဆိုရင် အနားမှာပဲ ရှိနေတော့မှာပါ .....

.......... ...... ..........

ချစ်သူကို ချော့တဲ့ ငါ့အားပေးစကားတွေက

ဘာကြောင့်များ ငိုသံတွေ စိုရွှဲနေရတာလဲ ... ?

ခလေးငယ် တစ်ယောက်ရယ် ...

မရေရာသေးတဲ့ အနာဂါတ်ကို

ခိုကိုးရာမဲ့ မျှော်ငေးနေမလား ... ?

သူမအတွက်တွေးပြီး

အကြိမ်ကြိမ်ကြေကွဲ ပါတယ် ..... ။

တစ်ခါတရံမှာ

အိုမာခရမ် နဲ့ တာရာမင်းဝေရဲ့ သဘောထားကွဲလွဲမှုလေးလို

သူမကို မြတ်နိုးခဲ့ပါတယ် .....

တစ်ခါတရံမှာတော့

အားလုံးနဲ့ သဘောထားကွဲလွဲလိုက်ချင်တယ်

အချစ် နဲ့ စစ် ဆိုတာ နှစ်ခုလုံး မတရားပါဘူး

ကိုယ့် အလှည့်ရောက်ခဲ့ရင်

အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်လိုက်မယ်

သူရဲကောင်းမဖြစ်ရင်လည်း နေပါစေ ...

အချစ်စစ်မှန်ရင်

ရွပ်ရွပ်ချွံချွံ ပဲ  ပေးဆပ်လိုက်မယ် ..... ။     ။






အလင်းရိုင်း

♥♥♥♥♥♥♥♥ငါမပိုင်တဲ့သူစိမ်း♥♥♥♥ ♥♥♥♥

အလွမ်းမင်းသားလေး | 04:56 | Best Blogger Tips


ရယ်မောတုန်းက
နင့် နှတ်ခမ်းကွေးကွေးလေးတွေ
မလျော့ကျအောင်
မဖြစ်ညစ်ကျယ် ပြတ်လုံးများနဲ့ 
ကျားကန်ပေးခဲ့တာ ဘယ်သူလဲ ...

ငိုကြွေးတုန်းက
နင့် မျက်ဝန်းကမျက်ရည်တွေ
မစီးကျအောင်
နှလုံးသားကို လက်ဖမိုးလုပ်
သုတ်သင်ပေးခဲ့တာ ဘယ်သူလဲ ...

အချစ်တွေ အနှစ်တွေ
မကိုးကွယ်တတ်ခဲ့သူ
သိုးမည်လို ဘ၀မျိုးမှာ
လူပြောများတာ ထမင်းစားရေသောက်ဆန်လာတယ် ..

စိန်စီရွှေခြယ် အနာဂတ်တွေ
လာခြင်းကောင်းတဲ့ အတိတ်တွေ
ဟုတ်ပါတယ်
ဘာတစ်ခုမှမပေးနိုင်တဲ့ဘဝ
နှူတ်ဆိတ်နေတာ ဆန်းသလား ...

သြော် ဒီမှာ
နင့်အကြောင်းမက်မက်ထားတဲ့ အိမ်မက်တဆင်စာ
သတိရရင် ထုတ်ထုတ်ဝတ်လှည့်

သိပါတယ်
နင်ဆိုတာ ငါမပိုင်တဲ့ သူစိမ်း
ငါ ဆိုတာ
နင်မလာဝံ့တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဘဲ ....။



ဒီမွန်(အသဲကွဲတိုးရစ်)

Tuesday, 11 December 2012

Android ဖုန်းမှ WiFi လွင့်ပြီး computer တွင် ချိတ်ဆက်အသုံးပြုနည်း ...

အလွမ်းမင်းသားလေး | 05:24 | Best Blogger Tips

အခုနောက်ပိုင်း Mobile Phone တွေမှာ အင်တာနက် စနစ်ပါတွဲအသုံးပြုနိုင်ပါတယ်။ Mobile Phone အသုံးပြုသူ ထက်ဝက်ကျော်က ဖုန်းပြောတာထက် Internet ကို ပိုအသုံးပြုကြတယ်လို့တောင် MPT ကဆိုပါတယ်။ တချို့က Mobile Phone မှာပဲ အင်တာနက် အသုံးပြုရတာကို အားမရကြဘူး။ မိမိရဲ့ Computer/Laptop စသည်ဖြင့် ဖုန်းက အင်တာနက် စနစ်ကို Computer မှာ အသုံးပြုချင်ကြတယ်။ ကျွန်တော့်ကို မေးတဲ့သူလဲ အရမ်းများနေတယ်။ အဲဒီအတွက် တခြား မသိ့သေးတဲ့ သူတွေအတွက်ပါ အဆင်ပြေအောင်ဆိုပြီး ဒီ Post လေးကို ရေးလိုက်တာပါ။

Android ဖုန်း အသုံးပြုတဲ့သူတွေအနေနဲ့ ဖုန်းက အင်တာနက်စနစ်ကို computer မှာအသုံးပြုဖို့အတွက် ပထမဆုံးသိ့ရမှာက မိမိကိုင်ထားတဲ့ ဖုန်းက Android Version 2.2 (or) 2.2 နဲ့ အထက် အသုံးပြုထားတဲ့ ဖုန်း ဖြစ်ရပါမယ်။ တခြားနည်းလမ်းတွေလဲ အများကြီး ရှိပါသေးတယ်။ ဒါက wi fi လွင့်ပြီး သုံးတဲ့ နည်းပါ။ ကျွန်တော် အလျဉ်းသင့်သလို ရေးပြီး တင်ပေးသွားပါ့မယ်။

Mozilla-Firefox Browser မြန်အောင်လုပ်နည်းလေးလာပါပြီ...

အလွမ်းမင်းသားလေး | 05:06 | Best Blogger Tips

                  ဒီMozillaFirefoxBrowserကိုမြန်အောင်လုပ်နည်းကဘလော့မိတ်ဆွေတော်တော်များများ တင်ထားတာလဲတွေ့ဖူးပါတယ်။တူမယ်တော့မထင်ဘူးနော်ဒါလေးကတော့အလုပ်လည်းလုပ်သလိုအဆင့် လည်းများတယ်နော်။စိတ်ရှည်ဖို့တော့လိုတယ်နော်အောက်မှာပုံနဲ့တကွအဆင့်ဆင့်လုပ်နည်းတွေပြပေး ထားပါတယ်.။ဘလော့ဂါမိတ်ဆွေအားလုံးကိုခင်မင်လေးစားလျှက်kp3မိသားစု...
Comment မှာခြေရာလေးတွေထားခဲ့ပေးကြပေါ့နော်။အချိန်တွေမနည်းပေးရတယ်ဆိုတော့
အဆင့်တွေများသလိုသိသိသာသာမြန်လာပါလိမ့်မည်။
အဆင့်-၁အောက်ပုံ Mozilla-Foirefox ဘားမှာ(about:config)ပြီး Enter ကိုခေါက်လိုက်။




အောက်ပုံအတိုင်းပေါ်လာပါလိမ့်မည်။ဟိုအကွက်လေးထဲမှာအောက်ကစာသားကိုထည့်ပေးပြီးEnterပြန်
ခေါက်လိုက်ပါ။( network.http.pipelining)
 

အဆင့်-၂ အောက်ကပုံ

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ