အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 5 January 2013

...လွမ်း...

အလွမ်းမင်းသားလေး | 20:17 | Best Blogger Tips


လွမ်းရေ……
လွမ်းလိုက်တာ…
          မာယာတွေဝေနေအောင်
          ပန်ထားတဲ့အပြုံးနဲ့ နင်
          ပြန်လာမယ် ပုံပြောခဲ့တဲ့လမ်းလေး
          ပင်လယ်နှုတ်ခမ်းဘေးက မြို့လေးမှာ
          ငါ ကြွေနေတုန်းပဲလေ……
လွမ်းရေ……
နွမ်းလိုက်တာ……
          ကုန်ကြမ်းတစ်ပုဒ်အတွက်
          ပေးဆပ်လိုက်ရတာ နှလုံးသားတစ်ခုလုံး
          အပြာရောင်စက္ကူထောင့်စွန်းက
          မျက်ရည်တစ်ကွက်
          ဒါ ငါ့ကဗျာရဲ့ နက်ရှိုင်းမှု ရှိုက်သံလေ……
လွမ်းရေ……
မောလိုက်တာ……
          ပဲ့ကြွေသံမဲ့ နှလုံးသားအကြေနဲ့
          ဖွဲ့သီထားတဲ့ အလွမ်းတေး
          ဟိုး…အဝေးက ငါ……
          တိတ်တိတ်လေး ဆိုနေမယ်လေ……
လွမ်းရေ……
ခက်လိုက်တာ……
          သွေးချင်းချင်းနီခဲ့တဲ့
          အတိတ်တွေကို ခုတ်လှဲဖို့
          တခုတ်တရအနမ်းတွေကို
          မေ့ပစ်ရမယ်……သတိရတိုင်း
          ပွင့်တတ်တဲ့ မျက်ရည်စတွေကို
          သုတ်ပစ်ရဦးမယ်လေ……

                                ♥ မိုးဇက်ဒီမွန်း ♥

“အလွမ်းရင့်ရင့် နတ်ဆိုးရဲ့ စောင်းကြိုးပြတ်ရစ်သမ်”...

အလွမ်းမင်းသားလေး | 20:13 | Best Blogger Tips



ငါ့နာမည် “မိုးဇက်”တဲ့
ကမ္ဘာကျော် ဂီတပညာရှင်မဟုတ်
မိုးကိုဇက်ကြိုးတပ်သူလည်းမဟုတ်
လူတွေထဲက လူ
ကိုယ့်မျက်ရည်နဲ့ကို မိုးမိနေတဲ့သူ...
ငါဟာ “ဒီမွန်း”
ကဖျက်ကယက်တော့မလုပ် အပျက်ပျက်နဲ့သွေးထွက်
ဒဏ်ရာဒဏ်ချက်တွေသိပ်ပေါတဲ့ နတ်ဆိုးပေါ့...
ငါ့အခန်းထဲကြည့်စမ်း
အစိမ်းရင့်ရောင် မျက်နှာကျက်အောက်မှာ
တွန့်ကြေနေတဲ့ အသဲအပိုင်းအစတွေ
အစအဆုံးမရှိတဲ့ ဖွာလန်ကြဲကဗျာတွေ
ပန်းနုရောင်အတိတ်ကို ထုပ်သိမ်းထားတဲ့
ဒိုင်ယာရီနွမ်းနွမ်းတွေနဲ့ လွမ်းငွေ့ငွေ့ရစ်သိုင်း
စိုထိုင်းနေတုန်းပဲ...
ငါရေးခဲ့တဲ့ ကဗျာတစ်ပွင့်က
ဓါးတစ်လက်လို ထက်ရှခဲ့ရင်တော့
ခွင့်လွှတ်...ကောင်မလေး
နင်ပေးတဲ့ဒဏ်ရာတွေ
စာရွက်ပေါ် ကြဲပက်ရုံလေးသက်သက်ပါ
အမုန်းတဲ့လား....စိုးစဉ်းမှမပွင့်ခဲ့ပါဘူးကွာ
ငါဟာ နင့်အတွက်
အချစ်တစ်ခုသာပွင့်တဲ့ “သီးသန့်သစ်ပင်”ပါ
နင့်အပြုံးတစ်ချက်နဲ့တင်
ပန်းတွေ ပင်လုံးညွှတ်နေခဲ့တာပါ
နင်ချိုးဖျက်ခဲ့တဲ့ အကိုင်းအလက်တွေမှာတောင်
ငါ့အချစ်တွေ ပါခဲ့သေးတယ် သွေးစက်လက်နဲ့လေ...
နင်ခုတ်ထစ်တဲ့နေ့ရက်တွေမှာ လည်စင်းရင်း
ငါ့ဘ၀ရစ်သမ်တွေ စောင်းကြိုးပြတ်ခဲ့ရတာပါ....
ငါ  ရှုံးခဲ့ပါတယ်....ငါ  မမုန်းခဲ့ပါဘူး....ကောင်မလေး...
ငါ့ ရင်မှာရွာတဲ့မိုးကို စာရွက်ပေါ်ရွာချရုံလေး
ကဗျာရေးခဲ့တာပါကွာ.....။       ။



♥ မိုးဇက်ဒီမွန်း ♥

ဝိုင်နီ ဝိုင်ဖြူ....

အလွမ်းမင်းသားလေး | 20:08 | Best Blogger Tips



လင်မယားနှစ်ယောက် အိမ်ထောင်သက်နှစ်(၃ဝ)ရှိခဲ့ပြီ။ တစ်နေ့မှာယောက်ျားဖြစ်သူက မိန်းမကို လေသံအေးအေးနဲ့ "မိန်းမရေ... ငါတို့လက်ထပ်ခဲ့တာ နှစ်(၃ဝ)ရှိခဲ့ပြီ။ နင်လည်း ပင်ပန်းခဲ့ပြီ။ ဒါကြောင့် နောက်တစ်ပတ်ကစပြီး နင့်ကိုရာထူးတိုးပေးမယ်" လို့ပြောတယ်။

ယောက်ျားရဲ့အပြောကိုကြားတော့ မိန်းမက ဝမ်းသာအားရနဲ့ "ဘာရာထူးတိုးပေးမလို့လဲ?" မေးတယ်။

"အင်း.... နောက်တစ်ပတ် ငါမယားငယ်ယူမလို့၊ အဲတာ နင့်ကို မယားကြီးရာထူးပေးမယ်" ဆိုပြီး ရက်မကြာခင်မှာ ယောက်ျားက မယားငယ်ယူလိုက်တယ်။


တွေးတွေးပြီးရယ်....

အလွမ်းမင်းသားလေး | 19:58 | Best Blogger Tips



(၁)
လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။

ပထမရဲ ။။။။။ ဟာ...တော်တော်ဖြစ်သွားတာပဲ။

ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။

ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင်

ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃...အင်း.. ခေါင်းတည့်သွားပြီ။

ပထမရဲ ။။။။။ အင်း.. အခုမှ အသက်မရှုတော့ဘူး


ပုံလေးတွေကို ဘောင်လေးတွေထဲမှာထည့်ရအောင် ...

အလွမ်းမင်းသားလေး | 06:36 | Best Blogger Tips


သူငယ်ချင်းတို့ရဲ့ပုံတွေကို ဒီဇိုင်းစုံပြီးလှတဲ့ဘောင်လေးတွေထဲမှာ ထည့်ကြည့်ရအောင်နော်...
ဒီ Photoshop လေးအသစ်ထွက်လာလို့တင်ပေးလိုက်တာပါ .. စိတ်ဝင်စားမယ်ဆိုရင် ယူထားလိုက်နော်...
အရင်ဆုံး ဒီနေရာလေး
ကိုသွားလိုက်ပါ... အောက်မှာရှင်းပြထားတဲ့အတိုင်း လုပ်ကြည့်ရုံပါပဲနော်....

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ