အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 2 February 2013

♥♥♥♥♥ ပျော်ရွှင်ခြင်းးးးပေးဆပ်ခွင့်♥♥♥♥♥

အလွမ်းမင်းသားလေး | 23:56 | Best Blogger Tips




ချစ်သူ......
 
ငါ့ ပျော်ရွှင်ခြင်းတွေ
 
နင့်ကို ပေးလို့ရရင်
 
ငါ ပြုံးနေသမျှ
 
နင်ပျော်စေချင်သူပါ
 
ချစ်သူရယ်..........
လမင်း တစင်းအလင်းမသာနိုင်းတဲ့

နင့်ရင်မှာ ငါကကြယ်ပွင့်လေးလောက်တော့

ထွန်းလင်းပေးချင်သူပါ

ချစ်သူရာ.........

ငါလေ မိန်းကလေးတန်မဲ့

နင့်ကိုပြောမထွက်တဲ့စကားလေးကို

ပွင့်လင်းစွာပြောပြချင်ပါတယ်ဟာ

အကြောင်းပြချက်မရှိပဲ

နင့်ကို သိပ်ချစ်မိသွားခဲ့တယ်

ဘာအကြောင်း ကြောင့် နဲ့မှ

မေ့လို့မရခဲ့ဘူး

သိပ်ချစ်တယ် ချစ်သူရယ်

စိတ်ညစ်တာတွေ မတွေ့ စေချင်ဘူး

ပျော်ရွှင်ခြင်းနဲ့ အတူ

ချစ်သူမျက်နှာလေးလင်းလက်ပါစေနော်.........။

အလွယ်ကူဆုံး Proxy ကျော်နည်း ...

အလွမ်းမင်းသားလေး | 23:36 | Best Blogger Tips



ဒီပိုစ့်ကို ''အလွယ်ကူဆုံး Proxy ကျော်နည်း'' လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်..။ ဘာလို့လဲဆိုတော့ တခြား Proxy ကျော်နည်းတွေလို Proxy နံပါတ်တွေနဲ့ Port နံပါတ်တွေ လိုက်ပြောင်းထည့်ပေးဖို့ မလိုပဲ ဒီအောက်ကလင့်လေးကို Notepad နဲ့ ကူးမှတ်ထားပြီး မိမိတို့ အသုံးလိုတဲ့အခါ Browser ရဲ့ Address Bar မှာ copy-paste နဲ့ ထည့်၊ Enter ခေါက်လိုက်ရင် နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites တွေကို တွေ့ရပါလိမ့်မယ်..။ နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites ၁၀ခုလောက်ကို ဒီအောက်ကလင့်မှာ ဖေါ်ပြပေးထားလို့ တခုမရ၊ နောက်တခုနဲ့ ပြောင်းသုံးပေးလိုက်ရင် ကျနော်တို့လို Blogspot တွေကိုပါ အလွယ်တကူ ဝင်ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။ Proxy ကျော်တယ်ဆိုတာ ဘာကို ပြောတာလဲ..။ တချို့က မသိသေးပါဘူး..။ မိမိတို့ အသုံးပြုနေတဲ့ အင်တာနက်လိုင်းကို ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရပိုင်းတွေက ၎င်းတို့ မကြည့်စေချင်တဲ့ ဝဘ်ဆိုဒ်တွေကို ပိတ်ထားတတ်ကြပါတယ်..။ အရင်တုန်းက မြန်မာပြည်မှာဆို ကျနော်တို့လို Blogspot တွေနဲ့ တခြား ဖရီး ဆိုဒ်တွေကို ဝင်ကြည့်လို့ မရအောင် ပိတ်ထားတတ်ပါတယ်..။ အခုနောက်ပိုင်းတော့ သေချာမသိတော့..။ နောက်ပြီး လိုင်းကျတဲ့အခါမျိုးတွေမှာလည်း မိမိတို့ ကြည့်ချင်တဲ့ ဆိုဒ်တွေကို ဝင်လို့ မရတတ်ပါဘူး..။ အဲ့လိုအခါမျိုးတွေမှာ Proxy ကျော်မှ အဆင်ပြေပါတယ်..။ Proxy ကျော်နည်းတွေ အများကြီးရှိတဲ့ထဲက ဒီနည်းလေးက အလွယ်ဆုံးမို့ နောက်ပြီး Google ကလည်း Support လုပ်ပေးထားလို့ အားလုံးအတွက် အဆင်ပြေမယ်ထင်တဲ့အတွက် ဒီ Proxy ကျော်နည်းပိုစ့်မှာ ဒီအောက်ကလင့်လေးကို ဝင်ပြီးအသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ Blogspot တွေနဲ့ တခြား ဝဘ်ဆိုဒ်တော်တော်များများကို ဝင်လို့ မရတတ်တဲ့ သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။
ဒီအောက်ကလင့်လေးကို မိမိတို့ရဲ့ မှတ်ရလွယ်တဲ့ နေရာလေးမှာ Notepad နဲ့ပဲ ဖြစ်ဖြစ် ၊ တခြားနည်းနဲ့ပဲ ဖြစ်ဖြစ်သေချာမှတ်ထားလိုက်ပါဗျာ..။ အခု တခါတည်း လုပ်တတ်ချင်တဲ့သူများကတော့ ဒီလင့်ကို ကလစ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။
 

Windows တွေအတွက် Microsoft ကပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက် - SC Command ...

အလွမ်းမင်းသားလေး | 23:29 | Best Blogger Tips


 Kolin Lin     28 January 2013     06:44
F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ခက်နေတာက Start Normal Window ကနေဝင်ရင် ဝင်းဒိုးမတက်ဘူး. အကိုပြောသလို နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်တယ်။ အဲလိုပဲ..CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်မိတယ်။ ကျနော်က System Tools တွေသုံးပြိးတဲ့ အခါတိုင်းတစ်ခါမှ Restart မချမိဘူး. ကျနော် သိလိုက်တော့ နောက်ကျသွားပြီ။ 
 

Thursday, 31 January 2013

KakaoTalk Free Calls & Text V3.6.1 For Android ...

အလွမ်းမင်းသားလေး | 19:35 | Best Blogger Tips

Android စက်ရုပ်သမားတွေအတွက် Viber ထက်လန်းတဲ့ KakaoTalk ဆော့ဝဲအလန်းလေးပါ အသံထွက်ကြည်သလို ဖက်ရှင်တွေလည်းတော်တော် စုံပါတယ် စာရိုက်တဲ့အခါမှာလည်း အသုံးပြုတဲ့ မျက်နှာပြောင်အရုပ်လေးတွေဟာလည်း တော်တော်ကိုလန်းပါတယ် ။ Viber လို အသံမကြည်တာတို့ ခဏခဏကျတာတို့လည်း မရှိပါဘူး အရမ်းကောင်းတဲ့ဆော့ဝဲလေးပါ Viber ကိုကြိုက်တဲ့သူ လူဦးရေ 2 သိန်းကျော်ပဲရှိပါတယ် ဒီKakaoTalk ကိုကြိုက်တဲ့သူက 1 သန်းပြည့်တော့ပါမယ် ။ အသုံးပြုတာ လုပ်ရတာ Viber လိုပါပဲ ကိုယ့်နိုင်ငံရွေး ပြီးရင်ဖုန်းနံပါတ်ဖြည့်လိုက်တာနဲ့ သူပို့ပေးတဲ့ကုဒ်နံပါတ်ထည့်ပေးလိုက်ပါ အဆင်ပြေသွားပါပြီ သုံးကြည့်လိုက်ပါ ကြိုက်သွားပါလိမ့်မယ် ။ အခုထွက်တဲ့ နောက်ဆုံးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် ဆိုဒ်က 5 MB ပဲရှိပါတယ် နည်းနည်းလေးပါ အားလုံးပဲ အဆင်ပြေကြပါစေ....။

 

"ကျေးဇူးပါ...အတိတ်လေးရယ်"....

အလွမ်းမင်းသားလေး | 18:41 | Best Blogger Tips



လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို
ကျေးဇူးတင်တယ်...
မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ...
ညခင်းသာတဲ့ လတစ်စင်းကို
ကျေးဇူးတင်တယ်...
အလင်းကြားက ကြယ်တစ်ခင်းမှာ
မင်းအကြောင်းတွေ တွေးခွင့်ရလို့ ...
အိပ်ပျက်ခဲ့တဲ့ ညတာရှည်တွေကို
ကျေးဇူးတင်တယ်..
လူးလွန့် အတွေးထက်က
မပီဝိုးဝါး မင်းပုံရိပ်တွေ
မြင်ယောင်တမ်းတခွင့်ရတဲ့အတွက်..
ချစ်ခွင့်ရတဲ့ခဏတာအတွက်
မင်းတစ်ယောက်ကို
ကျေးဇူးတင်တယ်...
ရင်ခုန်ခြင်းရဲ့  ဘာသာစကားတွေ
သိကြားခွင့်ရခဲ့လို့ ...
မဆုံနိုင်တာ ကြမ္မာတရားလို့ 
ငါမပြစ်မတင်ရက်ခဲ့ဘူး
ရနံ့ သင်းသင်း ဒီချစ်ခြင်းမှာ
တွေ့ ဆုံခြင်းက မထင်ကျန်လည်း
ရှင်သန်ဆဲနှလုံးသားနဲ့ 
ရင်ခုန်သံဘာသာစကား
ကာလာတွေခြားသွားပေမဲ့
အလွမ်းရင့်ရင့် ကဗျာအဖြစ်
ပုံရိပ်ယောင်တွေ ကြွင်းကျန်ရစ်ဆဲပါ မေ ...... ။           ။









                                                            

   လေလွင့်လူ(ကမာမြေ)

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ