အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday, 15 February 2013

ပျောက်သွားတဲ့ Gmail အကောင့်ထဲက စာတွေကိုပြန်ယူနည်း...

အလွမ်းမင်းသားလေး | 23:35 | Best Blogger Tips



1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။
2. Setting ကို သွားပါ။
3. Account and Import tab ထဲကို ဝင်လိုက်ပါ။
4. Add POP3 email account button ကို click ပါ။
5. Gmail အဟောင်း ရဲ့ Address ကို ဖြည့်ပါ။
6. Next Step ကို click ပါ။
7. Gmail အဟောင်းက Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။
8. Add Account ကို click ပါ။
9. Next Step ကို ဆက်သွားပါ။
10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။
11. Send Verification button ကို click ပါ။
 

Thursday, 14 February 2013

ဖေ့ဘွတ်ပေါ်မှ ဟာသများ...

အလွမ်းမင်းသားလေး | 23:49 | Best Blogger Tips


~ သူငယ်ချင်းနှစ်ယောက် လေယာဉ်ပျက်ပြီး သဲကန္တာရထဲရောက်နေ၏~

ပထမလူ ။ ။ သူငယ်ချင်းငါဆီမှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်

ဒုတိယလူ။ ။ သတင်းဆိုးက..

ပထမလူ။ ။ သတင်းဆိုးက ငါတို့မှာ စားစရာဆိုလို့ သဲပဲ ရှိတယ်

ဒုတိယလူ ။ ။ ဒါဆို သတင်းကောင်းကရော

ပထမလူ ။ ။ သတင်းကောင်းက ငါတို့မှာ သဲတွေ များကြီးရှိတယ် ဒန်တန်

ဒုတိယလူ ။ ။ >_/p>

----------------------------------------



~ အားမနာပါနဲ့ ~

တစ်ခါက အိမ်တစ်အိမ်တွင် အိမ်ဖော်အသစ်ခေါ်သဖြင့် သူတို့ အိမ်၏ စည်းကမ်းများ အကျင့်များကိုပြောပြနေ၏




♥♥♥****မာယာ****♥♥♥

အလွမ်းမင်းသားလေး | 23:17 | Best Blogger Tips



ချစ်သူ ငါ့မှာ မာယာမရှိခဲ့ပါဘူး

နင်မခံစားတက်တဲ့ ငါ့ ရင်ခုန်ခြင်းက
 
ရိုးရှင်းဖြူစင်ခဲ့တာပါ
 
ဖြူစင်မှု့ကို အရောင်မဆိုးချင်လို့
 
ရှောင်ပုန်းခြင်းက မာယာ ဆိုရင်
 
ငါ အဲ့အသုံးနှုန်းကို ခံယူလိုက်ပါမယ်
 
ကဗျာရေးဖို့ အတွေးတွေးတိုင်း
 
ခေါင်းထဲ အသိစိတ်ထဲ
 
ဝင်လာတာ နင့်အကြောင်း
 
အပြင်မှာနှင်းတွေဝေနေလဲ
 
ငါ ရင်ထဲမှာ မအေးချမ်းစေနိုင်ခဲ့ဘူး
 
နင့်ရှေ့ မှာ အကြိမ်ကြိမ်ကျရှုံးခဲ့ရလို့
 
အရှုံးဆိုတာ ငါ့ အတွက်မထူးဆန်းတော့ပေမဲ့
 
တစ်ခါတစ်ခါ ကျရှုံးခြင်းဆိုတဲ့
 
အသိစိတ်တစ်ခုက
 
ကောင်းကင်က ကြယ်ကလေးတွေလောက်တောင်မှ
 
မလင်းလတ်နိုင်ခဲ့ဘူးလေ
 
ရင်ခွင်တံခါးကိုဖွင့်လို့
 
တောက်ပတဲ့လမင်းကြီးအနားက
 
လင်လတ်တဲ့ ကြယ်ကလေးအဖြစ်တော့
 
လွတ်လပ်စွာ လင်းလတ်ချင်ပါဘိ...
 
 
 
မာလာထွန်း

***အိမ်မက်မဲ့ ည***

အလွမ်းမင်းသားလေး | 22:10 | Best Blogger Tips



သဇင်တစ်ခက်မာန်တက်စွာနဲ့
အမြင့်နန်းမှာပွင့်လန်းနေတုန်း
ဖန်ဆင်းရှင်ရဲ့လက်နက်ပုန်းကြောင့်
မာယာရမ္မက်ကြားမှာ
ပါးပါးလေးခြွေချခံလိုက်ရတယ်.။

မမြင်နိုင်ပေမဲ့ စီးမျောခြင်းကိုကျေနပ်လက်ခံရင်း
ဝတ်ရည်ကို စုပ်ယူခွင့်မရှိတဲ့
ပျားတစ်ကောင်လို မျှော်လင့်ချက်တွေ
လက်ပြနှုတ်ဆက်ရပြီပေါ့။

နှလုံးသားစာမျက်နှာမှာ
အချစ်ဆုံးလို့ မှတ်ကျောက်တင်လိုက်တာ
ဥပေက္ခာတွေပဲ ရသမြောက်လာတယ်
မျက်ရည်ကို ခစားရင်း။

မျဉ်းပြိုင်ရဲ့နိယာမကိုလက်ခံပေမဲ့
မိုက်မဲခြင်းတွေကို သိမ်းပိုက်ထားတော့
မိုးခါးရေပဲ ဆက်သောက်နေမိတယ်။

အလွမ်းဆိုတဲ့အရာကို
သေမိန့်ချလို့ရရင် ချစ်သမိုင်းမှာ
အသည်းသရဖူဆောင်းပေးချင်ရဲ့
ကြေကွဲခြင်းတွေ နန်းချရင်းပေါ့။

အံ့ပါရဲ့........နော်
ငမိုက်သားကို ပိုင်ဆိုင်ချင်တဲ့ဘုရင်မ
ဝဋ်ကြမ္မာကိုအပြစ်ပုံချ
ဆွေးမြေ့ခြင်းတွေသီကုံး
သတိရခြင်းတွေပဲ
တစ်ထီးတစ်နန်းစံနေတော့တယ်။

ဒါပေမဲ့ ငါ အရမ်းပျော်ပါတယ်
နာကျင်ခြင်းသင်္ကေတက
ငါ့ရဲ့ကဗျာတွေဖြစ်တည်လို့
သေရာပါအမှတ်တရကို
အလွမ်း ဆိုတဲ့ကာရံလှလှလေးအဖြစ်
ရေးသီပါရစေတော့ မာယာချစ်သူရေ။....
 
 
 
 
လရိပ်လေး

Ashampoo Uninstaller 5 5.0.2 Final ...

အလွမ်းမင်းသားလေး | 22:04 | Best Blogger Tips



ဒီကောင်လေးက Ashampoo ကထုတ်တဲ့ Uninstaller လေးပါ..။ မိမိတို့်ရဲ့ အသုံးမလိုတော့တဲ့ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေကို ဒီကောင်လေးနဲ့ ပြန်ထုတ်ပစ်လို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးပါ သူ့ရဲ့ ဒေါင်းလော့ဖိုဒါလေးထဲမှာ ထည့်ပေးထားပါတယ်..။ အောက်မှာလည်း crack ဖိုင်လေးနဲ့ ဖူးသုံးလို့ရအောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ crack ထည့်နည်းကတော့ အရင်တုန်းက ပိုစ့်တွေအတိုင်း အတူတူပါပဲ..။ crack ဖိုင်မထည့်တတ်သေးတဲ့ သူများနဲ့ မသိသေးတဲ့ သူများကတော့ အောက်မှာ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 17.4 MB ရှိပါတယ်..။ ဒီကောင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ