အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 16 March 2013

*အလွမ်းရတု***

အလွမ်းမင်းသားလေး | 04:32 | Best Blogger Tips



 
***အလွမ်းရတု***

အဆုံးသတ်ခဲ့ပြီ
ဖြူလွှလွှ သမုဒယ
ဟန်ဆောင်မှုတွေနဲ့
အရောင်ဖျက်လို့
ဒဏ္ဍာရီဆန်ဆန် ဒဏ်ခတ်လိုက်တယ်။

ပန်းပျိုးခဲ့တာပါ
ရင်အစုံကိုပူရုံပဲ...၊
ရာသီတွေငိုကြွေး
အခွင့်သာခိုက်လေး
အလွမ်းနဲ့
တံတားထိုးပေးထားလိုက်တယ်။

ရစ်မူးမိတဲ့ တဏှာ
မဖြေသာလည်း
စေရာမဲ့ နှောင်ကြိုး
ဆက်ထုံးကြိုးငြိ
ချစ်မိမိန်းမရိုင်း အရူးတစ်ပိုင်းပေါ့။

ထားခဲ့တဲ့ကတိ ၊မှားမိသည့် သမုဒယ
မာယာလှလှ ချေဖျက်၊ချစ်ခဲ့ရက်တွေ
လေအဝေ့မှာ ကြွေ
ကန္တာလေလို အနေခက်
မမေ့ရက်တာ စက္ကန့်တိုင်း။

ဆုံစည်းခွင့်မလိုပါဘူး
နာကျင်ဖူးတဲ့ဒဏ်ရာ
အဖန်တစ်ရာနာလည်း
သံသရာရှေ့ဆက်
လွမ်းရက်အင်္သချေ
ကျွမ်းမြေ့ကြေကွဲ
တမ်းတဆဲပါ……ချစ်သူ။....
 
 
 
.(လရိပ်လေး)

“ ချစ်လျက်လည်း....”

အလွမ်းမင်းသားလေး | 04:26 | Best Blogger Tips
                                  


မေတ္တာတူမျှ  ကြည်နူးရလို့
အကြင်နာဖူး  အိပ်မက်ဦးကို
စိတ်ကူး၌ပင်  မဝေးချင်ခဲ့
သူလျင် ပြောခဲ့ဖူးပါသည်  ။

ချစ်ခဲ့ကြစဉ်  နှစ်ကိုယ်ယှဉ်လို့
ညင်သာနုရွ  သံချိုမြနှင့်
ထာဝရတွက်  လက်ချင်းယှက်၍
ဝှက်ခဲ့ ကတိ ရှိပါသည်  ။

ခုတော့ညင်ငြို  အရင်လိုမဟုတ်
ဘာကိုတွေငေး  တစ်မြေဝေးမှ
အေးစက်မေတ္တာ  ထားသစ္စာကို
သူသာချိုးဖျက်  ကြင်နာပျက်၍
ချစ်လျက် ရင်နာရပါသည်  ။       ။




                                                ဟိန်းစံ(ပဲခူး)

သူများမကြည့်စေချင်တဲ့ photo တွေ video တွေကို Gallery မှာမပေါ်အောင်ေ ဆာ့ဖ်ဝဲလ် မသုံးပဲ အလွယ်တကူဖွက်နည်း(for Android) ...

အလွမ်းမင်းသားလေး | 04:16 | Best Blogger Tips


Android phone တွေမှာ gallary တို့ video player တွေကိုဖွင့်လိုက်ရင် ကိုမမြင်စေချင်တဲ့ ပုံတွေကို ဘာဆော့ဝဲလ်မှမသုံးပဲဖျောက်လို့ရမဲ့နည်းလမ်းလေးပါ။ ဖျောက်ချင်တဲ့ photo and video တွေကို folder အသစ်လေးဆောက်ပြီးထည့်လိုက်ပါ စိတ်ကြိုက်နာမည်ပေးပါ။ ပေးထားတဲ့နာမည်ရဲ့ရှေ့မှာ
(.)ဆိုဒါလေးထည့်ပေးလိုက်ပါ။ ဥပမာ (.picture) ဒီလိုလေးပါ။ ဘာဆော့ဝဲလ်မှ မလိုပဲဖျောက်ထားလို့ရပါပြီ။
 

Driver Genius Professional 12.0.0.1211 ...

အလွမ်းမင်းသားလေး | 04:14 | Best Blogger Tips


မင်္ဂလာပါခင်ဗျာ.... ကျွန်တော်တို့ရဲ့ PC တွေအတွက် လိုအပ်တဲ့ Drivers တွေနှင့် update လုပ်လို့တဲ့ Driver ကို အလွယ်တကူ ရှာဖွေပေးနိုင်ပြီး Download  ပါအဆင်ပြေပြေလုပ်ပေးနိုင်တဲ့ Driver Genius Professional 12.0.0.1211 ကို မျှဝေပေးလိုက်ပါတယ်... Drivers ခွေပျောက်/ပျက်တာနှင့် driver တွေကို update လုပ်မယ်ဆိုရင် ဒီကောင်လေးက အဆင်ပြေပါတယ် ... လိုအပ်တဲ့ Drivers ကိုဒေါင်းလော့ဆွဲပြီး C:/Users /Puclic/Documents/DriverGenius/Downloads ဆိုပြီး ဒေါင်းလော့ဖိုင် သိမ်းထားတဲ့နေရာကို ဖော်ပြထားပေးပါတယ် ... ဒေါင်းထားတဲ့ Driver ကို install မလုပ်ခင် အဲ့ဒီ့ဖိုင်လေးကို မိမိသိမ်းလိုတဲ့နေရာမှာ အရင်သိမ်းထားရင် နောက်လိုတဲ့အခါမှာ အလွယ်တကူပြန်သုံးလို့ရပါတယ် ... အသေးစိပ်သိလိုလျှင် http://www.driver-soft.com  ကို Click ပြီး မူရင်းထုတ်လုပ်တဲ့ ဆိုက်မှာ လေ့လာနိုင်ပါတယ်....
 
 

Advanced Mobile Care Apk v2.0.1 (Android Application) ...

အလွမ်းမင်းသားလေး | 04:10 | Best Blogger Tips


Advanced System Care ဟာ System Cleaner တွေထဲမှာသူသုံးအများဆုံးနှင့် ရေပန်းအစားဆုံး Cleaner
Software ကောင်းတစ်ခုဖြစ်ပါတယ်..အခုလဲ Advanced System Care မှ Android ဖုန်းအတွက် ထပ်မံထုတ်လုပ် လိုက်ပြန်ပါပြီ..Virus သတ်တဲ့တဲ့ စနစ်အပြင်..Battery Saver , Task killer..Games Booster အစရှိတဲ့ အသုံးဝင်Tools တွေပါဝင်တဲ့အတွက် Android စက်ရုပ်ဖုန်းအသုံးပြုသူများအဖိုထူးရှယ် အကြိုက်တွေ့ကြမှာပါ.ဒီ Apk လေးကိုအသုံးပြုခြင်းအားဖြင့် မိမိတို့ရဲ့စက်ရုပ်ဖုန်းလေးဟာ အမြဲပေါ့ပါးလန်းဆန်းနေပါလိမ့်မယ်..Download ယူနိုင်ပါပြီခင်ဗျာ..
 
 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ