Windows 8 သုံးတဲ့ မြန်မာပြည်သားများအတွက် အသုံးဝင်မယ့် လုပ်နည်းလေး
အနည်းငယ်ကို ဒီပိုစ့်မှာ ဖေါ်ပြပေးသွားပါ့မယ်..။ အဲ့ဒါကတော့ Windows 8
64-bit ဝင်းဒိုးတွေမှာ အဖြစ်များတဲ့ ဇော်ဂျီဝမ်းနဲ့ Folder ၊ Icon တွေမှာ
မြန်မာစာ မပေါ်ခြင်း ပြဿနာရယ်၊ Restore Point တွေကို Windows 8 မှာ
ရှာလို့မရတဲ့ ပြဿနာရယ်၊ ဟတ်ဒစ်မှာ အလွယ်တကူ Password မပေးမိအောင်
သတိပြုရမယ့် နေရာ၊ User Account မှာ Password နံပါတ်အပြင် ၊ မိမိတို့ရဲ့
ပုံလေးနဲ့ပါ Windows 8 မှာ Picture Password ပေးပြီး အသုံးပြုတတ်အောင်နဲ့
နောက်တခုကတော့ Windows 8 ကို Recovery အနေနဲ့ Windows 7 မှာမပါခဲ့တဲ့ 32 GB
ရှိတဲ့ USB ထဲမှာ ထည့်တတ်အောင် နေရာအပိုလေးတခုပါလာလို့ အသုံးပြုတတ်အောင်ပါ
ဒီပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
Friday, 19 April 2013
ဖိတ်စာ လိပ်စာ ပိုစ်ကတ် နဲ့ ပြက္ခဒိန် ဒီဇိုင်းကတ် လှလှလေးတွေ လုပ်ချင်ရင်....
အလွမ်းမင်းသားလေး | 04:56 |
ပိုတိုရှော့
Photoshop သမားများအတွက် Brush...
အလွမ်းမင်းသားလေး | 04:41 |
ပိုတိုရှော့
Photoshop သမားများအတွက် Brush တွေ အများကြီးရှိတဲ့ Website တစ်ခုပါ........
တော်တော်များတယ်ဗျ.......စုံလဲစုံတယ်.......
1-Click Download နဲ့ဆွဲလို့ရတဲ့ အတွက်...တော်တော်ကောင်းပါတယ်...
ဒီမှာပါခင်ဗျ ..
Website ကတော့..... >>>> http://brushforphotoshop.com
ညီသူ(နည်းပညာဥယျာဉ်)
Monday, 15 April 2013
မျှော်လင့်ရခြင်း မနက်ခင်းတိုင်းသာ...
အလွမ်းမင်းသားလေး | 08:43 |
ကဗျာ
ငါ့မနက်တွေဟာ အရင်လို အမှားများနဲ့ နိုးထနေရဆဲ
ငါ့နေ့လည်စာဟာလည်း အဆွေးဟင်း တစ်ခွက်မပါမဖြစ်နဲ့
ငါ့ညအိပ်မက်မှာတော့ အရင်က မင်းအနမ်းတွေ ခြောက်လှန့်နေခဲ့တယ်။
ဘယ်ဆီမှာလဲ ဘယ်ရောက်နေလဲ ဘယ်တော့ပြန်လာမလဲ
အသည်းနှလုံးက မေးတဲ့ မေခွန်းပေါင်းများစွာ
သူကအနားမှာပါ သူရှိနေပါတယ် သူပြန်လာတော့မှာပါ
ဦးနှောက်က နှစ်သိမ့်အဖြေစကားက ခါးသီးစွာ
"မှတ်မိသေးလား" တစ်ခါက ရုတ်တရက်ပြောလာတဲ့ စကား
သိပ်မှတ်မိနေတာပေါ့...
ဒါက မပြောင်းလဲနိုင်မယ့် ရင်ဘတ်ထဲက အစစ်တွေမို့လား
ငါ့မှာတော့ မနက်ခင်းတိုင်းမှာ
မျက်လုံးအဖွင့်...
မြင်ရမယ့် မင်းမျက်နှာ ဖူးဖူးလေးအတွက်
ငိုရတဲ့ ညတွေသာ ဆက်နေပါတော့တယ် အချစ်ရေ။
သီဟလုလင်
လွမ်းမိတယ် ...
အလွမ်းမင်းသားလေး | 07:23 |
ကဗျာ
ရွာပါ ….
ရွာပါ …. သည်းလိုက်ပါလေ
မုတ်သုန်မမှန်
မြေနံ့  မသင်း
သင်္ကြန်မိုး
ငယ် …. လွမ်းမိတယ် …… ။
တူးပို့ 
…. တူးပို့  အသံတွေကြားလည်း
ပင်ယံထက်မှာ
ရွှေရည်မလူး
ဖူးပိတောက်
ငယ် ….. လွမ်းမိတယ် …. ။
စိုကာ … စိုကာ
… လောင်းကြပါစေ
သင်္ကြန်ရေမှာ
ရွှင်ပြမလန်း
အမိမြေ သို
့ ….. လွမ်းမိတယ် …… ။
ချစ်သူ ….
ခင်သူ …. ကြင်ဖော်ဝေးမို့ 
အတာကူးလေ
နှစ်ဦးစေသာ …
နွမ်းလို
့ခွေခွေ …… လွမ်းမိ ပါတယ် ……. ။
ကျနော်
ရဲ့ မိတ်ဆွေ သူငယ်ချင်းများ အလွမ်းတွေ ကင်းဝေးစွာဖြင့် တာကူးတဲ့
နှစ်ဦးမှာ ပျော်ရွှင်ကြ ပါစေလို့  ဆုတောင်းလိုက်ရပါတယ် ..... ။
မောင်ဘုန်း
Subscribe to:
Posts (Atom)


