အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 24 April 2013

အတိတ်က ခြေရာ .......

အလွမ်းမင်းသားလေး | 07:47 | Best Blogger Tips




(၁)
နေရာဟောင်းကို ပြန်ရောက်တော့လည်း
သတိရစိတ်က ပိုတိုးမလာ …..
လွမ်းတယ်ဆိုတာ နှစ်ဦးနှစ်ဖက်ခံစားမိမှ
ဖြစ်ပေါ်လာတတ်တဲ့ ဝေဒနာမျိုးလား
မေ့မသွားခဲ့ပေမယ့် … သတိရတာလည်း ဖြစ်မလာတော့
ဥပေက္ခာစိတ်က ကြီးစိုးသွားပြီ ထင်ပါရဲ့ …..
သူကြင်မှကိုယ်ကြင် … တွေ့ဆုံကြုံကွဲလောကကြီးထဲမှာ
ချန်ထားရစ်နိုင်သူတစ်ယောက်အတွက်
အတိတ်ကခြေရာတွေကြားထဲမှာတောင်
ရယ်မောနေနိုင်ဆဲ ကိုယ့်အဖြစ်က
အိပ်မက်တော့ မဟုတ်ပါဘူး ..
စကတည်းက မစစ်မှန်ခဲ့တဲ့ ချစ်ခြင်းတစ်ခုအတွက်
ကြိုမြင်နေတဲ့ မသိစိတ်က
ရင့်ကျက်သွားပြီထင်ပါရဲ့ ……..။
(၂)
ဆုံမှတ်မရှိတော့တဲ့ လမ်းခွဲတစ်ခုမှာ
အိပ်မက်မှ မဟုတ်တာပဲကွယ် ….
လက်တွေ့မှာ ……
ငါတို့ တကယ်ဝေးခဲ့ကြပြီပဲ ……
လျှောက်ဖူးတဲ့ လမ်းတစ်ခုကတော့ …..
အပြောင်းအလဲတွေကြားမှာ ..အသားကျလို့ ……
ရာသီအလိုက် ပြောင်းနေလေရဲ့ …. ။
သွားမယ့် လမ်းတစ်ခုအတွက် ….
ခလုတ်ကန်သင်းတစ်ခုလို့လဲ …. မတွက်ချက်မိခဲ့ပါဘူး …..
ညည်းဆိုဖြစ်တဲ့ သီချင်းတစ်ပိုင်းတစ်စမှာ ….
အတိတ်ထဲက သံစဉ်တစ်ချို့မပါဖြစ်အောင် …
သိစိတ်က ထိန်းချုပ်နေတတ်ပြန်ပြီ ……။
(၃)
လွမ်းစိတ်ဆိုတာ ဘာသာမပြန်တတ်တော့ပေမယ့် …..
တမင်တကာ မေ့ပစ်လို့မရတဲ့ မသိစိတ်က
သတိရတယ်ဆိုတာကို အဓိပ္ပာယ်မဖော်တတ်တော့ဘူးလို့ ….
တစ်ဖတ်သတ်ယုံကြည်နေပြန်တယ် ….။
ခေါင်းမော့လျှောက်မိတဲ့ ခြေလှမ်းတိုင်းက …
မာနကို အဖော်ပြုထားတာလို့ စွပ်စွဲကြလည်း ….
ငါလေ …. ဘယ်လိုတုံ့ပြန်ရမလဲ ….
မျက်ရည်တစက်တလေတောင် ငါ့ခြေလှမ်းပေါ်မကျစေချင်ခဲ့တာ
မာနလို့ သတ်မှတ်လည်း …
ငါက မာနကြီးသူတစ်ယောက်ပေါ့ …..။
(၄)
ရယ်မောသံတွေက ပီပြင်လှသတဲ့ ……
အများအမြင်မှာ ….. မာကျောတယ်လို့ ထင်မှတ်ကြတဲ့ စိတ်တစ်ခုက
အတွင်းကြေများဖြစ်နေမလား …
ငါကိုယ်တိုင်တောင် ပြန်မဆန်းစစ်ချင်ခဲ့ …….
ပြောမိတဲ့ စကားတွေတိုင်းမှာ ….
နာမည်တစ်ခု မရေရွတ်မိအောင် … ဘာသာသတိထားနေမိတာ …..
အာရုံထဲမှာ ထင်ကျန်နေဆဲ
နံပါတ်တစ်ခုကို မနှိပ်မိအောင် ထိန်းချုပ်နေခဲ့ရတာ …..
ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို
အတိတ်က နေရာတွေကြားမှာ … ဖျောက်ဖျက်ဖို့ကြိုးစားနေခဲ့တာ ….
ကျလုဆဲဆဲ မျက်ရည်တစ်ချို့က .. အငွေ့အဖြစ်ပဲ ပျံသွားခဲ့တာ ….
မချိပြုံးလို့ နာမည်တပ်မခံရအောင် ……
ပကတိအချိုသာဆုံးပဲ ပြုံးပြတတ်ဖို့ကြိုးစားနေခဲ့ရတာ …..
ရင်ဖွင့်ခွင့်မရှိတဲ့ ပတ်ဝန်းကျင်မှာ
အသည်းနှလုံးမရှိဘူးလို့ ထင်မှတ်လောက်အောင် ငါမာကြောနေခဲ့ရတာ ….
……..
……………….
…………………………
နင် .. သိရဲ့လား ………………….
ငါလဲ အသည်းကွဲတတ်ပါတယ် ……………….ငါလဲ ငိုကြွေးတတ်ပါတယ်.. ငါလဲ ခံစားတတ်ပါတယ် …..။
 
 
My Green Life
 

နွယ် . . . နှင့် . . ရင်...

အလွမ်းမင်းသားလေး | 07:43 | Best Blogger Tips




နွယ် . . . နှင့် . . ရင်

ကြယ်ရောင်လင်းနေတဲ့ ညချမ်းက
အချိန်အခါမဟုတ် အိပ်မက်တွေကို ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်
နေ့ရယ် ညရယ် အတိတ်ရယ် အိပ်မက်ရယ်

ထိပ်ထားရယ် . .
ငါ့ကို . . . နွယ်ပါ . .
အသိခေါက်ခက်အ၀င်နက်ခဲ့တာပ
အိပ်မက်ကောင်းကင်မှာသာ . . .
နင့်အတွက် မျှော်လင့်ခြင်းတွေ တပွေ့တပိုက်

ခက်တာပဲ . .
ငါကလည်း ညနေခင်းတစ်ခုတောင် ရူးသွပ်ခုံမင်နေရသူ
တခဏတာ လင်းလက်ခွင့်ပေမယ့်
တစ်ဘ၀စာ ပျော်ရွှင်ခြင်းတွေအတွက်
နင်က ဘုရားပေးတဲ့ ဆုလာဘ်ပါ

နီးနီးလေးမှာလား
ဟိုးအဝေးကြီးမှာလား
သံသရာအဆက်ဆက်
အမှောင်က ဘယ်လောက်ပဲနက်ပါစေ . . .
ထိပ်ထားနဲ့ပတ်သတ်သမျှ နေမ၀င်သရွှေ့
ငါတို့ အိပ်မက်တွေမမေ့ကြေး

မဝေးပါရစေနဲ့
တွေးဆမှုလေးတစ်ခုနဲ့တင် ရင်မှာပူတယ်
ဒီလူက . . . အရာရာ နတ္ထိ
ဘ၀ဆိုတာ ဘာဆိုဘာမှ မသိချင်တဲ့ကောင်
အမှောင် ထုထဲ . . နင်းကာဆင်း . .
တစ်ခါမှလည်း မလင်းခဲ့ရ . .

ထိပ်ထားရေ . .
ထိပ်ထားရေ . .
နွယ် . . တဲ့ . .ရင်မှာ
မလွယ်တဲ့ . . . အသိ. .
ငြိငြိ. .သော . . .မိုး . . .
တိုး. . .တိုး. . .ရွာ စေ . . ကွယ်



သက်တန့်ချို

*အချစ်မှာအတ္တပါးပါးလေး ဖြစ်ဖို့တော့လိုတယ်***...

အလွမ်းမင်းသားလေး | 07:40 | Best Blogger Tips




အချိုမြိန်ဆုံး အသီးတွေကိုပဲ ချပျိုးမိတာပါ
ဒါပေမဲ့ အဆိပ်တွေကိုပဲ ကိုယ်တိုင်ပြန်သောက်နေရ
ငွေ ဆိုတာ မာန်မာနရဲ့မျိုးစေ့လား သို့သော်..
နားလည်မှုကိုတော့ ၀ယ်ယူလို့ မရနိုင်ပါဘူး.
အတ္တကိုပဲ ခံတွင်းတွေ့ နေရင်
သိမ်မွှေ့ခြင်းကို ကျောခိုင်းရလိမ့်မယ်။

ချစ်ခြင်းကို သတ်သူဟာ အမုန်းဆိုတဲ့ကြမ်းကျုပ်သူ များလား
ပျံ့လွင့်ခြင်းကို ပွေ့ဖက်ထားနေသမျှ
ကြေကွဲခြင်းနဲ့နှစ်ပါးသွားကနေရဦးမှာပေါ့
ရာသီတွေကို မျှောချထားရင်း နောင်တတွေကို
တစ်ခွက်ပြီးတစ်ခွက် ဆက်သောက်လိုက်မိ
အမှန်တရားဆိုတာ ကျကွဲတတ်တယ်လား။

ရယူမှုတိုင်းမှာ လောဘကို နန်းတင်ထားရင်
နှလုံးသား ပလ္လင်ထက်မှာ အသည်းစားကဗျာရှင်
အလွမ်း အက္ခရာလေးပဲ မင်းမူနေလိမ့်မယ်
အာဇာနည်တွေရဲ့တေးသွားတိုင်းမှာတောင်
ကျရှုံးခြင်းသံစဉ်တွေ စိုးမိုးရသေးတာပဲလေ။

မနုဿထောင်ချောက်ထဲမှာ ယစ်မူးချင်ရင်
အပြင်အဆင်က အသူရာထက် နက်ဖို့ လိုမယ်
ဝေဒနာကို ချောင်ပိတ်ထားရင် ဖြူစင်မှုကို နှုတ်ဆက်လိုက်ပါ
ချစ်ခြင်းတရားအတွက်တော့ သွေးအေးသတ္တ၀ါတစ်ကောင်ကို
ရင်ခွင်မှာ ပိုက်ထားဖို့ လိုလိမ့်မယ်။

အလွမ်းပြင်ဆင်ချက် ဆိုတဲ့ စာကြောင်းက
အလွမ်းကို ဥပေက္ခာ မပြုနိုင်ပါဘူး။
ဘုရားပြီးသွားရင် ငြမ်းဖျက်ရတယ် ဆိုပေမဲ့
အချစ်ပြီးရင်တော့ အလွမ်းကို ဖက်ထားရဦးမှာပဲလေ
အမှားဝင်္ကပါ မှာ နိဂုံးမချချင်ရင် အရာအားလုံးကို
နှလုံးသား အမိန့်အောက်မှာ ဒူးထောက်ရလိမ့်မယ်
အချိန်မလွန်ခင်လေးမှာ နားလည်မှုဆိုတာလေးကိုတော့
စားသုံးတတ်အောင် လေ့ကျင့်ရဦးမယ်..။.

ဗေဒင်မှန်လိုက်ပုံများ...

အလွမ်းမင်းသားလေး | 07:03 | Best Blogger Tips

ရိုးရိုးအေးအေး စာရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့လမ်းထိပ်တွင် ဟောခန်းဖွင့်စားနေသော ဗေဒင်ဆရာထံ သွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များကြုံနေရခြင်းမှာ ကိုဘမောင်အိမ်တွင် မလျော်ကန်၊ မသင့်မြတ် သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ လိုက်ကြည့်လေတော့သည်။
အိမ်သို့ ရောက်ရောက်ခြင်းပင်...
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာထိုးထားတဲ့ ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ... နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”

Tuesday, 23 April 2013

♥သင်ခန်းစာ အသစ်♥...

အလွမ်းမင်းသားလေး | 07:09 | Best Blogger Tips


<3သင်ခန်းစာ အသစ်<3



လာပါ လာပါ လို့ 
ငါ မဖိတ်ခေါ်ခဲ့တဲ့ 
နင် က 

တိတ်တိတ်လေး
အသံမပေးပဲ ပြန်ထွက်သွားခဲ့ရင်လဲ
ငါ တားမိမှာမဟုတ်ပါဘူး

တွေ့ ဆုံ ခြင်းအဆုံးက
ခွဲခွာခြင်းဆိုတာ 
နားလည်ထားပါတယ်

နင် ထွက်သွားလို့ 
ငါ ပျတ်သုန်းသွားမယ် မထင်ပါနဲ့ 
မဲ့ပြုံးလေးတော့
ပြုံးမိနေမှာပါ

နင့် ကြောင့်
အပြုံးတစ်ခု
ပိုင်ဆိုင်ဖူးတယ် 

နင့် ကြောင့်
နှလုံးရပ်ဝန်း
စိမ်းစိုခဲ့ဖူးတယ်

နင့်ကြောင့်
လှပတဲ့ အိမ်မက်အတွေးတွေ
ပုံဖော် ခွင့်ရခဲ့ဖူးတယ်

နင့် ကြောင့်
မျက်ဝန်းမှာ
မိုးတွေရွာခဲ့ဖူးတယ်
ဘာပဲပြောပြော သင်ခန်းစာအသစ်
သင်ယူခွင့်ရခဲ့လို့  နင်က ငါ့ရဲ့ 
ဆရာ တစ်ဆူ အဖြစ်
ကျေးဇူးတင်နေမှာပါ......။

23.4.2013...........8:27 PM
 
 
လာပါ လာပါ လို့ 
ငါ မဖိတ်ခေါ်ခဲ့တဲ့
နင် က

တိတ်တိတ်လေး
အသံမပေးပဲ ပြန်ထွက်သွားခဲ့ရင်လဲ
ငါ တားမိမှာမဟုတ်ပါဘူး

တွေ့ ဆုံ ခြင်းအဆုံးက
ခွဲခွာခြင်းဆိုတာ
နားလည်ထားပါတယ်

နင် ထွက်သွားလို့ 
ငါ ပျတ်သုန်းသွားမယ် မထင်ပါနဲ့ 
မဲ့ပြုံးလေးတော့
ပြုံးမိနေမှာပါ

နင့် ကြောင့်
အပြုံးတစ်ခု
ပိုင်ဆိုင်ဖူးတယ်

နင့် ကြောင့်
နှလုံးရပ်ဝန်း
စိမ်းစိုခဲ့ဖူးတယ်

နင့်ကြောင့်
လှပတဲ့ အိမ်မက်အတွေးတွေ
ပုံဖော် ခွင့်ရခဲ့ဖူးတယ်

နင့် ကြောင့်
မျက်ဝန်းမှာ
မိုးတွေရွာခဲ့ဖူးတယ်
ဘာပဲပြောပြော သင်ခန်းစာအသစ်
သင်ယူခွင့်ရခဲ့လို့  နင်က ငါ့ရဲ့ 
ဆရာ တစ်ဆူ အဖြစ်
ကျေးဇူးတင်နေမှာပါ......။
ုkabyarchitthulay
 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ