အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday, 10 May 2013

Facebook အကောင့် Lock လော့ကျကျနေတယ်ဆိုရင်....

အလွမ်းမင်းသားလေး | 06:43 | Best Blogger Tips


အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ်။


Wednesday, 8 May 2013

အလုပ်များသူများအတွက် Today to do and Tomorrow to do မှတ်စု...

အလွမ်းမင်းသားလေး | 05:25 | Best Blogger Tips






Download - Do it Tomorrow apk for Android




                             

ZawgyiInstaller လေး ပါခင်ဗျာ ...

အလွမ်းမင်းသားလေး | 04:46 | Best Blogger Tips


 

ZawgyiInstaller လေး ပါခင်ဗျာ


♥တမ်းတတေး♥...

အလွမ်းမင်းသားလေး | 04:38 | Best Blogger Tips


သတိရ ခြင်း ငှက်ငယ်
အချစ်ပင် ထက်မှာ
မနက် နေ့  ည
ထာဝရ ရပ်တည်
တမ်းတ လွမ်းမော
ကြေကွဲသေား အသံ
သူကြားလေ မလား

စေတနာစိတ်
ဝေဆာ အရိပ်ဖြစ်
ချွေးသိပ်ချမ်းမြေ့
ဘ၀ အမောပြေ
လျောကင်းစေဖို့ 
ခိုခို မခိုခို အုပ်မိုး၏

သစ္စာကို တန်ဖိုးထား
မေတ္တာရယ်......လို့ 
ဟစ်ကြွေးနေသူတွေ နဲ့ 
ကံကြုံလို့  ဆုံခဲ့သော်
ခုတွေ့  ခုမေ့ချင်ပါသည်

တွေးမိလေတိုင်း
ရင်ဆွေး တသသ
ခံစားရ မဲ့ အတိတ်ထက်
တွေးမိလေတိုင်း
ရင်း အေးတမြမြ
ခံစားရ မဲ့ အတိတ်ကိုသာ
ရရှိ ခံစားပါရစေ.....။
 
 



**ဒဿရဲ့ အတ္တအနမ်း***...

အလွမ်းမင်းသားလေး | 04:18 | Best Blogger Tips





ဒဿရင်ထဲကချစ်ချင်းတရားကို
မဖတ်တတ်တဲ့ငါ့မျက်လုံးတွေ
နေခင်းကြောင်တောင် မှတ်တိုင်တွေမှားခဲ့တယ်။

မာယာလှလှလေးတွေနဲ့ ချစ်ဆုံးတဲ့လား
တမာလောက်တောင် မချိုဆိမ့်နိုင်ဘူး
ကာရံလောက်နဲ့တော့ ကဗျာမဖြစ်ဘူးနော်။

မျက်နှာဖုံးမချွတ်သမျှတော့ ငါ့အချစ်ကတရားမျှတမှာမဟုတ်သလို
လွမ်းပြရုံနဲ့ အငမ်းမရဖက်တွယ်တတ်တဲ့ အချစ်ရူးတော့မဟုတ်ခဲ့ဘူး
မူပိုတယ်ဆိုတာလောက်နဲ့စာမဖွဲ့ချင်စမ်းပါနဲ့တော့။

နောင်တဆိုတာ ငါ့ရာဇ၀င်မှာ ရေးရေးတောင်မရှိတဲ့
မာနတွေနဲ့ထုဆစ်ထားပြီးသား
တယုတယမဟုတ်ရင်တော့ ပြုသမျှကိုရေစက်ချပစ်လိုက်မှာ
နောင်သံသရာထိအောင်။

မြေလူးပေမဲ့ ရနံ့ထူးအောင်တော့ ငါရူးသွပ်အုံးမှာပါ
ခရေဘ၀မြေခရပေမဲ့ သံသယ ကမ္ဘာကိုတော့
ဘယ်တော့မှဒူးမထောက်ဘူး။

ဗလာကျင်းတဲ့ ရင်ခွင်တစ်စုံကိုမြှုပ်နှံရင်း
အရာအားလုံးကိုမဲ့ပြုံးလေးနဲ့ နှုတ်ဆက်ဖို့
အားအပြည့်ထည့်ထားပြီးသား

နေသာသလိုနေခဲ့လိုက်ပါ
ဝေဒနာကိုအဖြေမရှာပါနဲ့တော့
ပြန်တစ်ရာမကနာမှာစိုးတာပါ။
bye.....ဆိုတာ နှုတ်ဆက်ခြင်းနော်။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ