အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday, 24 May 2013

Google Home Page ကိုဒီဇိုင်းဆန်းဆန်းလေးနဲ့သုံးကြရအောင် ...

အလွမ်းမင်းသားလေး | 02:11 | Best Blogger Tips


 

          Google Home Page ကိုဒီလို ဒီဇိုင်းခပ်မိုက်မိုက်လေးတွေ သုံးချင်ကြလား။ ဒီပုံစံ
မကြိုက်သေးရင်လဲ နောက်ထပ်ပုံစံတွေ အများကြီးရွေးလို့ရပါသေးတယ်။ ဘာဆော့(ဖ်)ဝဲ
မှလဲသုံးစရာ မလိုပါဘူး။ ကဲ...ကြိုက်တယ်ဆိုရင်တော့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်
တစ်ဆင့်ချင်း ရှင်းပြပါမယ်။ သိပြီးသားသူတွေအတွက်တော့ ဆောရီးပါဗျာ။ ဘယ်အရာ
မဆိုမသိသေးရင်တော့ ခက်ပါတယ်။ သိပြီးသွားတော့မှပဲ အော်..ဒါလေးများဖြစ်သွားတာ

အလွမ်းဒဏ်ရာအတွက် ဥပက္ခာ...

အလွမ်းမင်းသားလေး | 01:27 | Best Blogger Tips




ချစ်သူ……
မင်းဘဝသာယာဖို့ဆိုရင်
ငါ့ဘဝကိုချနင်း
ထင်းထင်းမြင်နိုင်တဲ့
မင်းမျှော်လင့်ချက်ဆီကို
ငါရောက်အောင်ပို့ပေးလိုက်မယ်……
ငါ့ရင်ကွဲလည်းကွဲပါစေတော့
ငါ့အသည်းထဲနင်ရှိနေတာပဲ……
ရယ်သံမဲ့တဲ့ဒီဘဝထဲ
ငယ်သံပါအောင်တော့ အော်မငိုချင်ဘူး……
ငါ့အချစ်ကပေးဆပ်ဖို့သက်သက်
ကျန်တာဘာအတွက်မှမလိုဘူး……
နင်ပေးခဲ့တဲ့နှလုံးသားအတွက်အနာ
တရ
ငါ့အတွက်တော့အမှတ်တရတွေအပြည့်နဲ
ငါ့စိတ်ထဲမှာနာကျည်းမိပေမယ့်
ငါ့အတွေးထဲတော့
နင့်ပုံရိပ်တွေစိုးမိုးနေတုန်း…
ငါ့နားထဲတော့
နင့်အသံလွင်လွင်လေးတွေ
ခုထိပြန့်လွင့်နေတုန်း……
သြော်……
ငါခုထိ နင့်ကိုချစ်နေတုန်း……
မမုန်းရက်ပါဘူး
ချစ်တောင့်ချစ်ခဲ ငါ့အသည်းမှာ
နင့်အတွက်နေရာ
ထာဝရပေးထားတော့မယ်……
အခုတော့……
နှလုံးသားရဲ့ငိုကြွေးသံတွေ……
အလွမ်းဒဏ်ရာရဲ့ဝေဒနာတွေ……
အထီးကျန်ခြင်းရဲ့ပြုစားမှူတွေ……
အားလုံး   အားလုံးပါပဲလေ……
ငါ့ရင်ထဲမှာ သိမ်းထားလိုက်ပါ့မယ်……
ငါ့ဝေဒနာတွေအတွက်
ခံစားရခက်နေပေမယ့်……
တနေ့နေ့တော့
ငါ့ခံစားချက်တွေကို
ဥပက္ခာပြုနိုင်လာမှာပါ……


လွှမ်းဝေအောင်



Android ဖုန်းအတွက် အလန်းဇယား Wallpaper လေးများ-4...

အလွမ်းမင်းသားလေး | 01:26 | Best Blogger Tips




 Download - Screenv2.5.4.apk


Conferendo video chat For Android ...

အလွမ်းမင်းသားလေး | 00:58 | Best Blogger Tips



ဖုန်းသမား တွေ က တော့  ကွန်ပြူတာ နီးပါး သုံးနိုင်ကြပါပြီး ဗျာ
vzo ချက်တဲ့ ဗျာ စိတ်ဝင်စားတယ် ဆိုရင် ဒေါင်းယူနိုင်ပါသည်
ညီတော့ မစမ်းရသေးပါဘူး ဗျာ အသစ်လေးတော့ အသစ်လေးပါပဲ
ကဲဒေါင်းလိုက်ဦးနော်.. ဒီမှာ ဆိုတဲ့ စာသားလေး ကို နှိပ်ပြီး ဒေါင်းလိုက်ပါနော်..






                                  ညီသူ(နည်းပညာဥယျာဉ်)



Tuesday, 21 May 2013

ချစ်သူ...

အလွမ်းမင်းသားလေး | 07:14 | Best Blogger Tips
ငါ့အတွက်ဘာမှမလိုအပ်ဘူး
ချစ်သူ...
အားငယ်တဲ့အချိန်တိုင်းငါ့နံဘေး
မှာ နင်နေပေးနေရင်ပေါ့...

ငါဘာမှမမက်မောဘူး ချစ်သူ...
ငါဝမ်းနည်းတတ်တဲ့အချိန်တိုင်း
နင့်ရင်ခွင်လေးထဲမှာကလေး
တယောက်လို ငိုခဲ့ရရင်ပေါ့...

ငါဘာမှမတောင်းတတော့ပါဘူး
ချစ်သူ...
ငါ့လက်ကလေးကိုကိုင်ပြီး"နင့်ကို
ငါအရမ်းချစ်တယ်"လို့နင့်ဆီက
စကားသံလေးတွေကိုကြားခဲ့ရ
တိုင်းပေါ့...

ကျေးဇူးတင်ပါတယ် ချစ်သူ...
အရာအားလုံးအတွက်ပေါ့...



Phoe Phyu 
 
 
ငါ့အတွက်ဘာမှမလိုအပ်ဘူး
ချစ်သူ...
အားငယ်တဲ့အချိန်တိုင်းငါ့နံဘေး
မှာ နင်နေပေးနေရင်ပေါ့...

ငါဘာမှမမက်မောဘူး ချစ်သူ...
ငါဝမ်းနည်းတတ်တဲ့အချိန်တိုင်း
နင့်ရင်ခွင်လေးထဲမှာကလေး
တယောက်လို ငိုခဲ့ရရင်ပေါ့...

ငါဘာမှမတောင်းတတော့ပါဘူး
ချစ်သူ...
ငါ့လက်ကလေးကိုကိုင်ပြီး"နင့်ကို
ငါအရမ်းချစ်တယ်"လို့နင့်ဆီက
စကားသံလေးတွေကိုကြားခဲ့ရ
တိုင်းပေါ့...

ကျေးဇူးတင်ပါတယ် ချစ်သူ...
အရာအားလုံးအတွက်ပေါ့...



Phoe Phyu

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ