အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 8 June 2013

*^* ဆုတောင်းမျက်ရည် *^*

အလွမ်းမင်းသားလေး | 07:11 | Best Blogger Tips


*^* ဆုတောင်းမျက်ရည် *^*


မခူးဆွတ်ထိုက်တဲ့ မေတ္တာပန်းရယ်
နန်းများထိုက်လို့ မပန်ထိုက်ဘူးဆို
"နင်" "ငါ့"ရင်ခွင်ကမ္ဘာကို 
မလာပါနဲ့လားကွယ် ...

တစ်မိုးအောက်မှာ မဖောက်လွဲလို့
"နင့်"ကိုသာရည်ရွယ်ပြီး ချစ်ခဲ့မိသူကိုမှ
အပြစ်ဆိုတာမသိ သစ္စာတွေသာ"နင်"အပေါ်ရှိပြီး
ဖြေရှင်းချက်ဆိုတာ မရရှိခဲ့တဲ့
"ငါ့" အမှားအယွင်းတွေက ဘာများလည်းကွယ် ....

"ငါ့"အချစ်တွေကို တိုးလို့ချည်နေဆဲမှာ
"နင့်"ဘက်က ကြိုးကမခိုင်မြဲတော့
ရှောင်ဖယ်ကျောခိုင်း စွန့်ခွာထွက်ပြေး
နားမလည်နိင်ဘူး ချစ်သူရေ ....

"ငါ"ယုံကြည်မျှော်လင့်စွာ တည်ဆောက်ခဲ့တဲ့
အချစ်အိမ်ကလေးကိုမှ မညှာမတာ
ကျေပျောက်အောင် "နင်"နင်းချေရက်တယ်နော်
        ပျော်ပါစေ ချစ်သူရေ
ဘဝတစ်သက်စာ "ငါ့"အတွက်တော့
ဒဏ်ရာဒဏ်ချက်တွေနဲ့ ထားရစ်ခဲ့ပါ
ကြေကွဲစရာ နာကြင်ချင်းများစွာနဲ့
မရွှင်အသဲနာ ရင်သာကွဲပါစေတော့
ချစ်သူ"နင့်"အတွက် ရည်စူးလို့
အပြုံးများနဲ့ ဆုတောင်းပေးမယ်
ပျောက်သောလမ်းမှာ စမ်းတဝါးနဲ့
လျှောက်သောလမ်းမှာ "ငါ့"လိုအဖြစ်မျိုး
မတိုးပါစေနဲ့လို့ ဆုမွန်ချွေရင်း
"ငါ့"ကိုမချစ်တဲ့ "ငါ့"ချစ်သူရေ
"နင့်"ဘဝလေး အစဉ်လှနိင်ပါစေ .....
မခူးဆွတ်ထိုက်တဲ့ မေတ္တာပန်းရယ်
နန်းများထိုက်လို့ မပန်ထိုက်ဘူးဆို
"နင်" "ငါ့"ရင်ခွင်ကမ္ဘာကို
မလာပါနဲ့လားကွယ် ...

တစ်မိုးအောက်မှာ မဖောက်လွဲလို့
"နင့်"ကိုသာရည်ရွယ်ပြီး ချစ်ခဲ့မိသူကိုမှ
အပြစ်ဆိုတာမသိ သစ္စာတွေသာ"နင်"အပေါ်ရှိပြီး
ဖြေရှင်းချက်ဆိုတာ မရရှိခဲ့တဲ့
"ငါ့" အမှားအယွင်းတွေက ဘာများလည်းကွယ် ....

"ငါ့"အချစ်တွေကို တိုးလို့ချည်နေဆဲမှာ
"နင့်"ဘက်က ကြိုးကမခိုင်မြဲတော့
ရှောင်ဖယ်ကျောခိုင်း စွန့်ခွာထွက်ပြေး
နားမလည်နိင်ဘူး ချစ်သူရေ ....

"ငါ"ယုံကြည်မျှော်လင့်စွာ တည်ဆောက်ခဲ့တဲ့
အချစ်အိမ်ကလေးကိုမှ မညှာမတာ
ကျေပျောက်အောင် "နင်"နင်းချေရက်တယ်နော်
ပျော်ပါစေ ချစ်သူရေ
ဘဝတစ်သက်စာ "ငါ့"အတွက်တော့
ဒဏ်ရာဒဏ်ချက်တွေနဲ့ ထားရစ်ခဲ့ပါ
ကြေကွဲစရာ နာကြင်ချင်းများစွာနဲ့
မရွှင်အသဲနာ ရင်သာကွဲပါစေတော့
ချစ်သူ"နင့်"အတွက် ရည်စူးလို့
အပြုံးများနဲ့ ဆုတောင်းပေးမယ်
ပျောက်သောလမ်းမှာ စမ်းတဝါးနဲ့
လျှောက်သောလမ်းမှာ "ငါ့"လိုအဖြစ်မျိုး
မတိုးပါစေနဲ့လို့ ဆုမွန်ချွေရင်း
"ငါ့"ကိုမချစ်တဲ့ "ငါ့"ချစ်သူရေ
"နင့်"ဘဝလေး အစဉ်လှနိင်ပါစေ .....
 
 
ချစ်ရသူလှိုင်မင်း
 
 

Thursday, 6 June 2013

Gtalk နဲ့ Chatting ဝါသနာရှင်များအတွက် :P ...

အလွမ်းမင်းသားလေး | 06:15 | Best Blogger Tips




ကျွန်တော် အင်တာနက်စသုံးတဲ့ အချိန်တုန်းက အားရင် တစ်နေကုန် Chatting ပဲ လုပ်နေတာပါ။ ပျော်ဖို့လည်း

ကောင်းပါတယ်။ ကောင်မလေးတွေနဲ့ ပြောရတာဆိုတော့လေ :P ။ အကောင့်ဆို ၂ ခုတောင် ဖွင့်ချက်တာလေ။

Chatting ကို အဲလောက် ဝါသနာပါတာ :)။ ခု ဒီ My Theme ဆော့ဝဲလ်လေးက Gtalk မှာ စကားပြောတဲ့အခါ

ပြုံးတာ၊ ရယ်တာ၊ ငိုတာ ၊ချစ်တာ ၊လွမ်းတာ၊ အိပ်ငိုက်တာ၊ နှုတ်ဆက်တာတွေကို ပုံလေးတွေနဲ့ ရိုက်လို့ရပါတယ်။

Wednesday, 5 June 2013

"သူစိမ်းတွေလား......??

အလွမ်းမင်းသားလေး | 05:44 | Best Blogger Tips


"သူစိမ်းတွေလား......??



ပါးပြင်လေးနှစ်ခု
အနီးဆုံးထိကပ်ခဲ့ဘူးတယ်

အသက်ရှုသံချင်း
ပွေ့ဖက်ခဲ့ဘူးတယ်

လက်ဖဝါးလေးထဲ
လက်ဖဝါးတခုနွေးထွေးခဲ့ဘူးတယ်

ရင်ဘတ်ကျယ်ကြီးထဲ
ဆံနွယ်တချို့ပြေးဝှက်ခဲ့ဘူးတယ်

နေ့စွဲတွေထဲ
အမှတ်တရပေါင်းများစွာ
ရေးထိုးခဲ့ဘူးတယ်

အိမ်ပြန်ချိန်တချို့
အတူမိုးချုပ်ခဲ့ဘူးတယ်

မျက်ဝန်းတွေနဲ့
နာရီပေါင်းများစွာနှုတ်ဆက်ခဲ့ဘူးတယ်

ဒါပေမဲ့..လမ်းခွဲတဲ့အခါ
အရာအားလုံးဖျက်သိမ်း
အ..ခုတော့.သူ..စိမ်း တွေ တဲ့ လား ..ကွယ် ။  ။




သူစိမ်းတွေလားဆိုတဲ့ဘယ်သူဆိုမှန်းမသိတဲ့သီချင်းလေးကို
နားထောင်မိပြီးရေးမိတာပါ။သီချင်းခေါင်းစဉ်လည်းမသေချာပါဘူး။


ခင်မင်လျက်
ကောင်ကလေး

ှ

ပါးပြင်လေးနှစ်ခု အနီးဆုံးထိကပ်ခဲ့ဘူးတယ်

အသက်ရှုသံချင်း

ပွေ့ဖက်ခဲ့ဘူးတယ်

လက်ဖဝါးလေးထဲ

လက်ဖဝါးတခုနွေးထွေးခဲ့ဘူးတယ်

ရင်ဘတ်ကျယ်ကြီးထဲ

ဆံနွယ်တချို့ပြေးဝှက်ခဲ့ဘူးတယ်

နေ့စွဲတွေထဲ

အမှတ်တရပေါင်းများစွာ
ရေးထိုးခဲ့ဘူးတယ်

အိမ်ပြန်ချိန်တချို့

အတူမိုးချုပ်ခဲ့ဘူးတယ်

မျက်ဝန်းတွေနဲ့

နာရီပေါင်းများစွာနှုတ်ဆက်ခဲ့ဘူ
းတယ်

ဒါပေမဲ့..လမ်းခွဲတဲ့အခါ

အရာအားလုံးဖျက်သိမ်း
အ..ခုတော့.သူ..စိမ်း တွေ တဲ့ လား ..ကွယ် ။ ။





ခင်မင်လျက်

ကောင်ကလေး

Facebook အကောင့်ကို ကာကွယ်ခြင်း ...

အလွမ်းမင်းသားလေး | 05:21 | Best Blogger Tips

             Facebookအကောင့် ကို Secure ဖြစ်ဖို့ အရေးကြီးလာပါပြီ .. အသုံးပြုသူတွေများလာတဲ့အခါ အင်တာနက်သုံးမယ်ဆိုရင် Facebook အကောင့်မရှိဘူး ဆိုရင်ပဲ ခေတ်မမှီတော့သလိုဖြစ်လာပါပြီ .. ဒါပေမယ့် သုံးသာသုံးကြတာ သူ့ရဲ့ Security ကို တော့ သိပ်ပြီးတော့အလေးအနက်မထားမိကြဘူး .. ပုံမှန်အတိုင်းပဲ သုံးနေကြတာပဲ .. Facebook အကောင့်ကို Hack လုပ်ဖို့ဆိုတာလည်း လွယ်တော့မလွယ်လှပါဘူး .. ဒါပေမယ့် အချိန်မရွေးမှာလည်း Hack ခံရနိုင်ပါတယ် ..



Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင် ...

အလွမ်းမင်းသားလေး | 05:14 | Best Blogger Tips




Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်

      
   Windows 7 On /Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ အသံလေးတွေ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။ ပြောင်းပုံ ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။ လုပ်ကြည့်ကြရအောင် …အားလုံးအဆင်ပြေအောင်လို့
အတတ်နိုင်ဆုံးပြုလုပ်ပုံလေးတွေကိုပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်...ပျော်ရွှင်ကြပါစေနော်




ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ