အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 15 July 2013

ည...

အလွမ်းမင်းသားလေး | 08:32 | Best Blogger Tips



မနေ့   ည    က
ဒီအချိန်..........
ဒီနေ့  ည  မှာရော
မှောင်  နေမလား
မပြည့်   မဆမ်း လခြမ်း ကွေး မှာ
ဘယ်သူတွေ   ခိုတွဲ  အိပ်စက်  နေမလဲ


တိတ်ဆိတ် စွာ  နေတတ် တဲ့ 
အမှောင် ထုကို
ဘယ်သူတွေ  လေလံတင် ရောင်းချဖို့ 
ကြံရွယ် နေကြသလဲ
အပြယ့် တစ်ပြယ်   ည အမှောင်  မှာ
အလင်းရောင်  က ကျီစယ်နေတာ
အမှောင်ချစ်တဲ့ 
ငါ.............ရင်နာလိုက်တာ

တော်ပြီကွာ
ခံစားချက်တွေ  ထည့်လွမ်း
ဒီ  ညချမ်း   မှာ
နင်  မရှိတာ ငါ့ အတွက်
လိုအပ်ချက်  တွေ ရှာမရတဲ့ 
ဝေဒနာ  တွေ  ပိုတိုး လာသလိုပဲ

ကျေးဇူ့ ပြုပြီး
ငါ့.............အနား ပြန်လာပေးပါ
ကလေး ......လေးရာ...





ညအက္ခရာ


အဆိုတော် ဆိုတေး အခြေနေတိုးတက်ကောင်းမွန်လျှက်ရှိ ...

အလွမ်းမင်းသားလေး | 06:46 | Best Blogger Tips




မန္တလေး-ဇူလိုင်၁၅
ယနေ့နေ့လယ် ၂နာရီအချိန်ဆက်သွယ်မေးမြန်းချက်အရ ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင်ကုသလျှက်ရှိသော တေးသံရှင်ဆိုတေးမှာ အခြေ နေတိုးတက်ကောင်းမွန်လျှက်ရှိကြောင်း ၄င်း၏ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်မှ အတည်ပြုပြော ကြားသည်။
ဦးနှောက်အလုပ်လုပ်ပုံလည်း တိုးတက်လာပြီ။ သွေပေါင်လည်းမှန်လာပြီ။ သတိကတော့မရတချက်ရတချက်ပဲ။ ကောလဟလတွေက မမှန်ပါဘူးဟု ဦးရဲမြင့်အောင်က ပြောသည်။
ကားမောင်းသူ သန်းဝင်လှိုင်မှာအရိုးအထူးကုဆေးရုံသို့ ယနေ့တွင်ပြောင်းလည်းကုသလျှက်ရှိကြောင်း ၄င်းကထပ်လောင်းပြောကြားသည်။






ဖိုးလပြည့်
 PopularNewsJournal

NS Reminder APK (မေ့တတ်တဲ့ သူငယ်ချင်းများအတွက်) For Android ...

အလွမ်းမင်းသားလေး | 06:35 | Best Blogger Tips



 
မင်္ဂလာပါဗျာ မေ့တတ်သော Android ဖုန်း ကိုင်ဆောင်ထားတဲ့သူတွေ ဒီလိုမျိုးလေး လုပ်ထားရင် အဆင်ပြေပါတယ်ဥပမာ...... မိမိ ပြုလုပ်ရမယ် ဟာတွေကိုမမေ့ရအောင် မိမိ ပြုလုပ်ရမယ် အကြောင်းအရာနဲ့သံပတ်ပေးထားရင် သူအချိန်ရောက်ရင် သူလိုလိုအချက်ပေးပါတယ် အပေါ်က ပုံကို ကြည့်ပါ ကျွန်တော်စမ်းသုံးပြထားပါတယ် ကြိုက်ကြရင်တော့အောက်က လင့်နှင့်ဒေါင်းနိုင်ပါပြီးဗျာ

Download>>>sendspace.com (or) zippyshare.com

 
 
 

Video Caller id (free) ...

အလွမ်းမင်းသားလေး | 06:24 | Best Blogger Tips


မိမိ Android ဖုန်းမှာ ဖုန်းလာရင် Video ပေါ်နေအောင်လုပ်ပေးမယ့် Application လေးပါ။Ringtone အစား Video လေးထည့်တဲ့ သဘောပါပဲဗျ။




                                                       





Sunday, 14 July 2013

Android ဖုန်းထဲကနေ မြန်မာ MP3 သီချင်းများဒေါင်းယူလိုလျှင်...

အလွမ်းမင်းသားလေး | 06:15 | Best Blogger Tips




မိမိတို့ Android ဖုန်းထဲကနေပဲ မြန်မာ MP3 သီချင်းများဒေါင်းယူနိုင်မဲ့ Myanmar Music Store ဆိုတဲ့ App လေးပါ သီချင်းပေါင်းများစွာပါဝင်ပါတယ်  အသစ်တင်တိုင်းလဲပြပေးပါတယ်....။



Click Here to Download
 
  အပေါ်က Version နဲ့ အဆင်မပြေရင် ဒီအောက်က Link မှာ ဒေါင်းယူနိုင်ပါတယ်...
Click Here to download v1.2



                                                 ဝင်းကမ္ဘာကျော်(နည်းပညာ)



ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ