အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 7 October 2013

အသိပေးတောင်းပန်ခြင်း...

အလွမ်းမင်းသားလေး | 08:48 | Best Blogger Tips
သူငယ်ချင်းအားလုံးပဲ  မင်္ဂလာပါ....

              ကျွန်တော် ပြည်တော်ကို အလည်ပြန်ဖို့ အလုပ်တွေများနေတာကြောင့် ပို့တင်ဖို့ မအားတဲ့အတွက် လာလည်ကြတဲ့ သူငယ်ချင်းအားလုံးကို တောင်းပန်ပါတယ်  ၁၅.၁၀.၁၃ နေ့ပြန်မှာပါ  ၁၁ လပိုင်းကုန်မှပြန်လာမှာဖြစ်တဲ့အတွက် အဲအချိန်မှတင်ပေးဖြစ်မှာပါ ဒီကြားထဲမှာတော့ တင်ပေးဖြစ်မှာမဟုတ်တဲ့အတွက် အသိပေးတောင်းပန်တာပါ လာလည်ကြတဲ့ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်လျက်...

                                                                                        အလွမ်းမင်းသားလေး

Saturday, 21 September 2013

သူတို့ မသိကြလို့ ပါ...

အလွမ်းမင်းသားလေး | 09:43 | Best Blogger Tips




မောင်ရေ ----
လူတချို့ကပြောတယ်
'' တကယ်မချစ်လို့ ဝေးကြတာပါတဲ့ ''
တကယ်တော့
သူတို့မသိလို့ပါနော်

- အခုအချိန်မှာ မောင်
ကျွန်မ ဆီက
''ချစ်တယ်''ဆိုတဲ့
စကားကို မကြားချင်တော့ပေမယ့်
တချိန်က မောင်အဲဒီစကားလေးကို
ကျွန်မဆီက လိုလိုလားလား
တောင်းခဲ့ဖူးတယ် ဆိုတာကိုလေ ---

လွမ်းတက်နေပါပြီ ညို...

အလွမ်းမင်းသားလေး | 09:29 | Best Blogger Tips


ကောင်းကင်လို မမြင့်မား
ရေမြေလို မခန်းနားတော့
ဘဝသမားက စာစကားနဲ့ပဲ
ပြောပြရစေလား ညို ....

ငါ့ ဘဝက ဗေဒါလို့တောင်
နင့် အနားမှာ အနေမကြာဘူးနော်
အွန်လိုင်းဆိုပြီး နင် အမြင်တွေများ
မှိုင်းခဲ့လေသလား ညို ....

ရေမြေခြားလို့ ဝေးကြကြေးဆို
အချစ်စစ်ဆိုတဲ့ စကားလုံး
ဘယ်နေရာမှာ သုံးမလဲ ညို ...

ပကာသန ဆိုတာတွေမတွက်
ဩော် .....
ထာဝရအဖော် ဟဲ့ ဆိုပြီး
သဒ္ဒါလွန်ရစ် နယ်ကျွံကာနဲ့
ငါ့ အချစ်တို့ စစ်ခဲ့ပါတယ် ညို ...

ခုများတော့ လေ.......
ရေကြည်အနောက် ခြေရာဖျောက်တော့
ကမ်းစပ်မှာ ငါ လေ မျှော်ရင်း မျှော်ရင်း
လွမ်း လွမ်း တက်နေပါပြီ ညို ... 

                                                      ချစ်ရသူလှိုင်မင်း
 
 

Wednesday, 18 September 2013

နှလုံးသားဒိုင်ယာရီ...

အလွမ်းမင်းသားလေး | 07:29 | Best Blogger Tips



နှလုံးသားဒိုင်ယာရီ




အမှတ်တမဲ့တွေ့ဆုံခြင်းအစကနေ
အမှတ်တရနှလုံးသားဒိုင်ယာရီတစ်အုပ်ဖြစ်ခဲ့မယ်လို့ ယုံတောင်မယုံကြည်မိခဲ့ပါဘူး။

အချစ်ဆိုတဲ့အရာကဘ၀ပျက်စေနိုင်ပေမယ့် အချစ်မပျက်အောင် အရာရာကိုထိန်းချုပ်ခဲ့ပါတယ်
အချိန်တွေကုန်သွားပေမယ့်  သတိရစရာတွေကတော့
 
ဘယ်အချိန်ရောက်ရောက်ရင်ထဲမှာကိန်းအောင်းနေဆဲ။

တိုနှစ်ယောက်ရဲ့ နှလုံးသားရင်တွင်းစကားတွေပြောတတ်တဲ့ ချစ်သူဆုံစည်းရာဒီနေရာလေးလည်းခုတော့
အသက်မဲ့နေခဲ့။

ထိုင်ခုံလေးလည်းအခုတော့ ဘယ်သူတွေအတွက်ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။ 

ခုံတန်းလေးရဲ့နောက်ဖက်ကခရေပန်းပင်ကတော့ အရင်အတိုင်းတည်ရှိနေဆဲအရင်အတိုင်း
ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့
ငါယုံကြည်ပါတယ်။

  ပြောင်းလဲခြင်းမှာချစ်ခြင်းတွေပြောင်းလဲခဲ့ပေမယ့်ငါနှလုံးသားရဲ့ဒိုင်ယာရီမှာမျက်ရေတွေစွန်းထင်နေဆဲ။

 ချစ်သူရယ် အတူလျှောက်ဖူးတဲ့လမ်းတွေလည်းခုတော့ သစ်ရွက်တွေခြောက်သွေ့နေတယ်။

လမ်းလျှောက်ရင်း ငါ့လက်သန်းတစ်ဖက်က
နင့်လက်သန်းလေးနဲချိတ်ဆွဲထားသလို  ဘေးကိုထွက်ထွက်နေမိတယ်။

အိုး...ငါရှက်လိုက်တာ ..ငါကိုလူတွေလှည့်ကြည့်နေတယ်

ငါကိုလူတွေရူးနေတယ်ထင်မိမလားပဲ။
ငါရင်တွေခုန်နေမိတယ်။

မင်းနဲ့လျှောက်ဖူးတဲ့လမ်းလေး ၊မင်းနဲ့သွားဖူးလမ်း၊မင်းနဲထိုင်ဖူးတဲ့ထိုင်ခုံအော်ခုတော့လည်ဒဏ္ဍာရီတပုဒ်လိုပါပဲလား။

ဒီအချိန်ဆို မင်းကတော့မင်းချစ်သူနဲ့ကြည်နူးနေမလား၊ဒါမှမဟုတ်ငါကိုလွမ်းဆွတ်နေမလား။

နယူတန်သီအိုရီလို တန်ပြန်သက်ရောက်မူရှိနိုင်ပမလား ၊မေတ္တာကရောင်ပြန်ဟပ်ပမလား။

ချစ်နေမိတာကိုရင်နာစရာနဲ့ဖြေသိမ့်ပေမယ့်လည်း အရာမထင်ဘ၀သစ်မှာ အချစ်သစ်နဲ့မင်းတွေခဲ့ရင် အဆင်ပြေပါစေဆုတောင်းနေမိတာမင်းအတွက်ပါ။


တစ်ရေးမှ မအိပ်လိုက်ရတဲ့ရက်တွေပိုပို များများလာတယ်။ 

တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မှာ ချောလဲခဲ့လေလားမတွေးချင်ပဲ တွေးနေမိတယ်။

ဖူးစာမမှန်လို့ပဲသတ်မှတ်လိုက်ပါတယ်ချစ်သူ။

ချစ်သူရယ်
ရင်နဲ့မဆန့်တဲ့
အလွမ်း
ကာရံတွေကလဲ
နှလုံးသားကိုလာရိုက်တော့
ကဗျာတစ်ပုဒ်နဲ
ရုန်းထဖို့တောင်
အားအင် ပျောက်ဆုံးခဲ့ပြီ
ချစ်သူရယ် ဘာပဲ  ဖြစ်ဖြစ်
ဘယ်လိုအကြောင်းပဲရှိရှိ
မင်းနဲ့ပတ်သက်ပြီး
ငါ့ နှလုံးသားနဲ့ရေးခဲ့တဲ့ကဗျာတွေ
နှလုံးသားဒိုင်ယာရီထဲမှာ
အမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။
 
တို့တွေရဲ့အမှတ်တရချစ်ခဲ့တဲ့မှတ်တမ်းကိုငါနှလုံးသားဒိုင်ယာရီမှာမှတ်ထားဆဲပါ။


အားလုံးကိုလေးစားလျှက်
ရှင်းသ့န်မေ
ချစ်သူတိုင်းအချစ်စစ်နဲ့ဆုံစည်းနိုင်ပါစေ

အမှတ်တမဲ့တွေ့ဆုံခြင်းအစကနေ
အမှတ်တရနှလုံးသားဒိုင်ယာရီတစ်အု
ပ်ဖြစ်ခဲ့မယ်လို့ ယုံတောင်မယုံကြည်မိခဲ့ပါဘူး။

အချစ်ဆိုတဲ့အရာကဘ၀ပျက်စေနိုင်ပေ
မယ့် အချစ်မပျက်အောင် အရာရာကိုထိန်းချုပ်ခဲ့ပါတယ်
အချိန်တွေကုန်သွားပေမယ့် သတိရစရာတွေကတော့

ဘယ်အချိန်ရောက်ရောက်ရင်ထဲမှာကိန
်းအောင်းနေဆဲ။

တိုနှစ်ယောက်ရဲ့ နှလုံးသားရင်တွင်းစကားတွေပြောတတ
်တဲ့ ချစ်သူဆုံစည်းရာဒီနေရာလေးလည်းခုတော့
အသက်မဲ့နေခဲ့။

ထိုင်ခုံလေးလည်းအခုတော့ ဘယ်သူတွေအတွက်ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။

Tuesday, 17 September 2013

"အရွယ်က စကားပြောတယ်"...

အလွမ်းမင်းသားလေး | 07:20 | Best Blogger Tips



တောလမ်းခရီးတခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတွေ့ကြတယ်
"အဘ ဘယ်သွားမလို့လဲ"
"ဟိုဘက်ရွာ"
"ဒါဆို အတူတူသွားကြတာပေါ့"
"အေး"
"ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ"
"အငြိမ့်ပွဲကမယ်ပြောလို့ သွားကြည့်တာ"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူးခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ်
"ဘာတွေလဲ အဘ"
"အရက်"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူးခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက် နားကြတယ်လူငယ်က အပင်ပေါ်မော့ကြည့်ပြီးပြောတယ်... ..."ဟာ အဘ၊ သရက်သီးတွေဗျ"
"ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကျကွ"
"စားချင်တယ်ဗျာ""

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ