ရင်ခုန်ခဲ့လို့
ရုန်းမထွက်မိတာ
ငါ့ အမှားပါ
နင့် အကြောင်းသိရက်နဲ့
ရှေဆက်မိတာ
ငါ မိုက်မဲလွန်းခဲ့တာပါ
ရက်စက်မှုဆိုတာ
နူညံတဲ့နှလုံသားရှိသူ
အတွက် လက်ဆောင်တစ်ခုလို့
ပိုင်ဆိုင်ထားလိုက်ပါ့မယ်
နင် ပျော်စံရာ
နင် ရွေးခဲ့တာဘဲလေ
နင် လျှောက်တဲ့လမ်းလေး
ဖြောင့်ဖြူးပါစေ
တောင်းဆုချွေပေးရင်း
အသဲကွဲတဲ့အရသားလေးကို
ကျေနပ်စွာ ခံယူနေမိတယ်
ချစ်ရတာထက်
အသဲကွဲတဲ့အရသာလေးက
လွတ်လပ်ပေါ့ပါးသလိုဘဲလေ...
No comments:
Post a Comment