တစ်ခါ တလေ
စိတ်ဓာတ်တွေ ဒလိပ်ခေါက်ကွေး
ပြုတ်ကျနေတဲ့  အချိန်မှာ
အိမ်မက် တွေကလဲ
ပင့်ကူမျှင် ပမာ
အလိုက် ကန်းဆိုး မဲ့ 
ငါ အသိတရား နောက်
တွယ်ကပ်နေတယ်
တိုက်ဆိုင် မှု့ ရှိရင်
သတိရ တတ်တယ် ဆိုတာ
နင် လိုလူ ကိုမှ
အမှတ် သဲခြေ ထဲ
စွဲနေအောင်
အမုန်း စာရင်း ထဲ ထည့်ထားမိသူ
ငါ့ အမှား
ဦးနှောက် နဲ့  မဆုံးဖြတ်ပဲ
ရင်ဘတ်ထဲက
နှလုံးသား နဲ့  မှ
နင် လို လူကို
ရွေးချယ် ချစ်ခဲ့ မိသူ ငါ့ အပြစ့် 
တားမြစ် သူတွေ ကြားထဲ
ရုန်းထွက် လို့  ချစ် မိတာ
မတန် မရာ ဈေးနဲ့ 
လျှော့ဈေးရောင်ချမိသလိုပဲ
ငါ့ အချစ်တွေ
နင် လက်ထဲ တန်းဖိုးမဲ့  ခဲ့တယ်
နောင်တ နဲ့ 
နှောင်း မှရခဲ့တဲ့ အသိတရား
နောင်များကျ ရင်
ဦးနှောက် နဲ့  နှလုံးသား
လက်ဝှေ့  ထိုးသတ်သလိုပဲ
ကြိုးဝိုင်းထဲက ဗိုလ်လုပွဲ
အကြိမ်ကြိမ် နွှဲး ပြီးမှ
အချစ်ဆိုတာ
ဘ၀ ကြီးထဲ ဆွဲခေါ် ခဲ့မယ်
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ညအက္ခရာ
No comments:
Post a Comment