တစစ်စစ်ကိုက်ခဲတဲ့ အနာနဲ့
မတည့်ဘူးဆိုတာ သိပါတယ်မေမေ
ဒါပေမယ့်...
ကျွန်တော် အလွမ်းတွေပဲ ဝယ်နေမိခဲ့တယ်။။
လူငယ်တစ်ယောက်ရဲ့ ကောင်းကင်မှာ
ကြိုးညှိဖို့တောင် ဂစ်တာမရှိခဲ့ပါဘူး
ဟောဒီ...ပုံစံကျနေတဲ့ မျက်နှာပေါ်မှာ
ကဗျာတွေ မရိုးမရွ ကခုန်ကြတယ်
ကိုယ့်ကိုကိုယ် ထုဆစ်ရင်းနဲ့
နမိတ်ပုံ ပျောက်သွားတဲ့အခါ
အိမ်ပြန်ချိန်ကိုပါ မေ့မေ့သွားတယ်
ကျွန်တော့်လောဘတွေအတွက်
သူမကို သနားလိုက်တာ။။
ကျွန်တော်နေတဲ့ ဝင်ရိုးစွန်းက
သူမအတွက် အေးစက်လွန်းလှတယ်
လမိုက်ညမှန်းသိအောင်တော့ ပိုမှောင်ပြခဲ့ပါရဲ့
ဒါပေမယ့်...
သူမ မကြောက်ခဲ့ဘူးမေမေ။။
တစ်လှမ်း...
နှစ်လှမ်း....
အဲဒီခြေလှမ်းတွေနဲ့ပဲ သူမသိမ်းပိုက်ခဲ့တာ
ကျွန်တော့်မှာ
နပိုလီယံလို အချိန်(၂)နာရီလောက်လိုသွားခဲ့ပြီ။။
ဒီပွဲမှာ ကျွန်တော်ရှုံးခဲ့တယ်
ဒါပေမယ့်..
ပျော်တယ်မေမေ။။
အလင်းသစ်
No comments:
Post a Comment