အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday, 13 November 2012

မလာပါနဲ့....

အလွမ်းမင်းသားလေး | 03:24 | Best Blogger Tips


နင်စိတ်မချဖြစ်မှာစိုးလို့ ငါဝိတ် မချတာကို
နင်က ငါသိပ်ဝတယ်ဆိုပီး ဟားတိုက်ချင်တာလားချစ်သူ
နားလိုက်ပါတော့ကွာ
မင်းရဲ့အပြစ်မြင်တတ်တဲ့ အတွေးအခေါ်တွေကို
မြောင်းထဲသွားပီးမျှောလိုက်ပါ
မင်းကို အသက်ရှူမှားမတတ်ချစ်ခဲ့ပေမယ့်
တစ်ဖက်လူကို အနိုင်ယူချင်တဲ့ မင်းစိတ်ဓါတ်ကို
မနှစ်မြို့တာတော့ အမှန်ပဲ
အခုမြင်နေရတာ ရင်နာလို့
မင်းအတွေးအခေါ်တွေကို အဟောင်းဆိုင်တန်းထဲက
စာအုပ်တွေဖတ်ပြီးပြုပြင်လိုက်ပါ
ငါကတော့ ဟောင်းနေတဲ့ ငါ့စတိုင်ကို
ပြောင်းမနေနိုင်ဘူး
အသစ် အသစ်တွေဖြစ်နေတဲ့ မော်ဒယ်ခေတ်မှာ
မင်းက ဖလမ်းဖလမ်းတွေကိုမှ အရမ်းငမ်းချင်တယ်ဆိုရင်
ငါ့ဘ၀ရဲ့ အဝေးဆုံးကို အချင်းမများပဲ မင်းသွားလိုက်ပါ
မင်းအတွက်နဲ့ ငါ့နှလုံးသားက
လွမ်းဆွတ်တာလည်းမရှိ
ကြေကွဲရတာလည်းမဖြစ်လို့
ငါ့ဘ၀ထဲက အမြန်ဆုံးထွက်သွားပါချစ်သူ
မင်းထွက်သွားလို့ ရတက်ပွားပြီး
စားမ၀င်အိပ်မပျော်ဖြစ်နေမယ် ထင်ရင်တော့
မှားသွားမယ်ချစ်သူ
မင်းအတွက်နဲ့တော့ ထမင်းငတ်ခံပြီးလွမ်းမနေနိုင်ဘူး
ကျန်နေသေးတဲ့ ငါ့ဘ၀ရဲ့ အစိတ်အပိုင်းကို
မင်းမရှိလည်း ပျော်ပျော်ကြီးဖြတ်သန်းမယ်
ငါ့ဘ၀ထဲကို နောက်ထပ်မလာခဲ့ပါနဲ့.....။
Cinthi ( G.T.C ) 

USA တွင်ကျင်းပသည့် Miss. Diaspora ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး တစ်ဦး People's Choice Award ရရှိ ...

အလွမ်းမင်းသားလေး | 02:53 | Best Blogger Tips



အမေရိကန်နိုင်ငံ နယူးယောက်မြို.တွင် နိုဝင်ဘာ၁၀ရက်နေ.ကကျင်းပခဲ့သည့် Miss Diaspora
Models International

2012-2013 Beauty Competition ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူNinda Taylor ခေါ် မယမုံမိုးက International People's Choice Award ဆုရရှိခဲ့ကြောင်း သိရပါသည်။

"ကျွန်မ International People's Choice Award ဆုကိုမနေ.ညကရခဲ့ပါတယ်၊ဒါက အံအားသင့်စရာအတွေ.အကြုံပါ၊ အားလုံးကိုကျေးဇူးတင်ပါတယ်"ဟု Ninda Taylor က ယနေ.နံနက်ပိုင်း
 တွင် ၄င်း၏ Facebook စာမျက်နှာတွင်ရေးသားထားသည်။

Miss Diaspora Models ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်ကစတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် နိုင်ငံ ၂၇နိုင်ငံ
မှပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။





တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက် ...

အလွမ်းမင်းသားလေး | 02:51 | Best Blogger Tips



မြန်မာနိုင်ငံ အတွင်းရှိ လူကုန်ကူးမှု ဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅)ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီးများ ပင်ဖြစ်၍ (၈၅)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။        
ရွှေပြည်သာမြို့နယ်အတွင်းပိုင်းကျသည့် ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ပြီး တရုတ်ပြည်သို့  လူကုန် ကူးခံရကာ  (၂)လ၀န်းကျင်ကြာမြင့်ပြီးမှ  ပြန်လည်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ကိုယ်တိုင် 

Monday, 12 November 2012

တွေးတွေးပြီး ရယ်..၅....

အလွမ်းမင်းသားလေး | 21:52 | Best Blogger Tips


(၁)
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ
မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။

"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်း...!"

ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။

"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို တခြားလူဆီ ငါလွှဲခဲ့မယ်"

(၂)
ခင်ပွန်းဖြစ်သူဟာ စာစောင်တစ်ခုဖတ်နေရင်းက မိန်းမကိုလှမ်းပြောတယ်။


Sunday, 11 November 2012

အဝေးက ချစ်သူ...

အလွမ်းမင်းသားလေး | 05:07 | Best Blogger Tips




ချစ်သူ နဲ့    အတူရှိနေချိန်မှာ  ငါ့

ရင်ခုန်သံတွေ ခုန်ပေါက်ပြေးလွှားနေတဲ့ 

 မြင်းရိုင်း တစ်ကောင်လို   အထိန်းကွတ်မယ့်နေတယ်

ခဏ လေးလို့   ပြောနေပေမယ့်   ငါကိုယ်တိုင်လဲ

မခွဲနိုင်ခဲ့ဘူး

ပြန်လာပါ  ချစ်သူရယ် လို့  ခေါ်နေပေမယ့်

နားလည်ပေးပါကွယ်   ပေးဆပ်နေတဲ့သူ  တစ်ယောက်မို့ 

ခဏတာလေး  ဝေးဝေးနေပါရစေ

အလွမ်းတွေနဲ့   ညည  ဆို   ချစ်သူမျက်နှာငေးရင်

ငါ      မျက်ရည်တွေကျမိတယ်

ဘာကြောင့်  ချစ်သူနှစ်ဦးကို  ဝေးဝေးကနေလွမ်းစေတာလဲနော်

ချစ်သူရေ   သတိရလေတိုင်

ဝဲဖက်    ရင်ဘတ်တခြမ်း နာလို့ 

မျက်ရည်မိုးတွေ   မစဲသည်းနေတယ်

အလွမ်းမိုးသည်းလို့    ခု ဒီစာ  ကို

မျက်ရည် တွေသက်သေတည်ရင်    ချစ်သူအတွက့်

အလွမ်းတွေသီရင်း     ရေးခဲ့မိတယ်

ချစ်သူရယ်.............


ညအက္ခရာ

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ