ချစ်သူ နဲ့  အတူရှိနေချိန်မှာ ငါ့
ရင်ခုန်သံတွေ ခုန်ပေါက်ပြေးလွှားနေတဲ့ 
မြင်းရိုင်း တစ်ကောင်လို အထိန်းကွတ်မယ့်နေတယ်
ခဏ လေးလို့  ပြောနေပေမယ့် ငါကိုယ်တိုင်လဲ
မခွဲနိုင်ခဲ့ဘူး
ပြန်လာပါ ချစ်သူရယ် လို့  ခေါ်နေပေမယ့်
နားလည်ပေးပါကွယ် ပေးဆပ်နေတဲ့သူ တစ်ယောက်မို့ 
ခဏတာလေး ဝေးဝေးနေပါရစေ
အလွမ်းတွေနဲ့  ညည ဆို ချစ်သူမျက်နှာငေးရင်
ငါ မျက်ရည်တွေကျမိတယ်
ဘာကြောင့် ချစ်သူနှစ်ဦးကို ဝေးဝေးကနေလွမ်းစေတာလဲနော်
ချစ်သူရေ သတိရလေတိုင်
ဝဲဖက် ရင်ဘတ်တခြမ်း နာလို့ 
မျက်ရည်မိုးတွေ မစဲသည်းနေတယ်
အလွမ်းမိုးသည်းလို့  ခု ဒီစာ ကို
မျက်ရည် တွေသက်သေတည်ရင် ချစ်သူအတွက့်
အလွမ်းတွေသီရင်း ရေးခဲ့မိတယ်
ချစ်သူရယ်.............
ညအက္ခရာ
No comments:
Post a Comment