အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday, 28 February 2013

မိမိအသုံးမပြုချင်တဲ့ Gtalk,Gmail အကောင့်ဖျက်နည်း...

အလွမ်းမင်းသားလေး | 19:09 | Best Blogger Tips


ကိုယ်ဖျက်ဖြစ်ချင်တဲ့ အကောင့်ကို sign in လိုက်ပါ

အဆင့်(၁) Settings မှာကလစ်နှိပ်လိုက်ပါ............



အဆင့်(၂) Accounts and import မှာကလစ်နှိပ်လိုက်ပါ

အဆင့်( ၃) Other Google Account settings မှာကလစ်နှိပ်လိုက်ပါ

Facebook အကောက်ဖျက်နည်း...

အလွမ်းမင်းသားလေး | 19:05 | Best Blogger Tips


facebook အကောက်ကိုဖျက်ချင်တယ်ဆိုတဲ့ ဖွေးဖွေး တစ်ယောက်ဘာဖြစ်လို့လဲတော့မသိဘူးနော် ထင်တာတော့
ယောက်ကျာလေးတွေ့နဲ့ တော်တော် စိတ်ပျက်နေလို့ဖြစ်နေမှာ ဟီးးး နောက်တာပါ ဒီမှာ သွားပြီ Submit ကိုနှိပ်ပါ
permanently Delete Account ဘောက်ကျလာလိမ့်မယ် ဖျက်ချင်တဲ့ အကောက်နဲ့ပတ်စ၀က် ရိုက်ထည့်ပေါ
Okay နှိပ်ပေါ..ဒါဆို ရင် Okay တယ်ပေါ
၁၄ ရက်ကျော်သွားရင် အကောက်ကသုံးလို့မရတော့ပါ တကယ်တကယ် ပျက်သွားပါမည် gmail
အကောက်မပျက်ပါဘူး မကြောက်ပါနဲ့ ဖွေးဖွေးလိုပဲ facebook ဖျက်ချင်တဲ့ သူငယ်ချင်းတွေလဲ ဖျက်နိုင်ကြပါစေ


Gtalk စာရိုက်လေထောင့်ကွက်မပေါ်အောင်လုပ်နည်း...

အလွမ်းမင်းသားလေး | 19:01 | Best Blogger Tips



ပုံထဲကအတိုင်းစာရိုက်လို့တော့ရတယ် Enter ခေါက်လိုက်တာနဲ့
လေထောင့်အကွက်တွေဖြစ်နေတယ် အဲလုပ်နည်းလေးကိုအောက်မှာပုံတွေနဲ့တကွပြထားပေးပါတယ်
ဒီလိုအဖြစ်များတာ ၀င်ဒိုး 7 မှာဒီလိုအဖြစ်တွေခဏခဏကြုံနေပါတယ်...
ကဲ့အရင်ဆုံး Internet Explorer ကိုသွားလိုက်ပါ။။

***လမ်းခွဲ***

အလွမ်းမင်းသားလေး | 05:26 | Best Blogger Tips




ကဗျာလေးတွေမြင်တိုင်း
ရင်တစ်ခုလုံးဗြောင်းဆန်အောင် လွမ်းတယ်
ကြည်နူးခဲ့တဲ့အချိန်တွေကိုပဲ
စက္ကန့်တိုင်းခုံမင်နေမိတယ်။

အသက်မရှိတဲ့စာသားတွေက
ရောင်ပြန်မေတ္တာတွေပေးခဲ့လေတော့
ခံစားတတ်တဲ့လူသားတစ်ယောက်ဆီက
မေတ္တာကို ငါပြန်ပြီးတောင့်တမိပါရဲ့။

အလင်းမဲ့တဲ့ဆောင်းည
နှင်းမှုန်လေးတွေနဲ့ ရသစုံစွာပေးခဲ့သူရေ
မရေရာတဲ့ပုံရိပ်တွေတမ်းတရင်း
စိတ္တဇ၀င်္ကပါမှာလမ်းမှားနေတဲ့ အရူးတစ်ယောက်လို
နင့်ရဲ့ညှို့ချက်တွေအောက်မှာ လွင့်မျောနေမိတယ်ဟာ။

ဆုံမှတ်မရှိမှန်းသိနေတဲ့
အသိစိတ်ကြောင့်ချိုးနှိမ်ထားတဲ့
စကားလုံးတွေ့ကိုပွေဖက်ရင်း
အနာဂတ်ကို ဆက်မလျှောက်ချင်ဘူး
နင့်အသံလေးကိုပဲ တယုတယလေး
နားဆင်ခွင့်လေးရှိပါရစေ။

ငတက်ပြားကတော့ သေတော့မဲ့အတူတူ
မိဖုရားစောဥမ္မာကိုရချင်တယ်တဲ့လေ
ငါလည်းနင်နဲ့ဝေးရင် ခံစားရမဲ့အတူတူ
နှလုံးသားနဲ့ရင်းလို့ အသည်းတွေကြေမွတော့မှာမို့
နောက်ဆုံးဖွင့်ဟခဲ့ချင်တယ် အရာအားလုံးထက်
ပိုသာတဲ့ချစ်ချင်းတရားတွေနဲ့
နင့်ကိုငါ (အရမ်းချစ်တယ်) လို့ပေါ့ ချစ်သူရယ်။.....



လရိပ်လေး

ကောင်းကင် ....ဖြစ်ချင်ခဲ့တာပါ ...

အလွမ်းမင်းသားလေး | 05:24 | Best Blogger Tips



တကယ်ဆို ငါက
ကောင်းကင်ဖြစ်ချင်ခဲ့တာ
မင်းဘယ်နေရာမှာနေနေ
မင်းဘယ်နေရာမှာရှိရှိ
ကလေးတစ်ယောက်ကို စိတ်မချသလိုမျိုး
အရိပ်လို ကြည့်ချင်ခဲ့တာ။


ခုတော့ ငါက.....သစ်ပင်
ဘယ်ကိုမှ မရွေ့မလျားနိုင်တဲ့ သစ်ပင်
တာဝန်တွေနဲ့...
ရွေ့လျားခွင့်မရှိတဲ့ သစ်ပင်။

ငှက်ကလေးရေ တောင်ပံလေးတွေ ငါ့ကို ပေးသနားပါ
ငှက်ကလေးရေ ငါ့အလွမ်းလေးတွေ ပြောပေးနိုင်မလား
ငှက်ကလေး............ရေ
အသံတွေ တဖြည်းဖြည်းနဲ့ ခြောက်သွေ့အက်ကွဲ....
တမ်းတတဲ့ ဒဏ်၇ာဟာ တကယ်ကို ခါးလွန်းတယ်။

ငှက်ကလေးရေ........
တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့အပါးသွားပေးပါ
သူ့စကားသံတွေ ပါဆယ်ထုတ်ခဲ့ပါ
သူ့အပြုံးတွေ အချိန်နဲ့အလိုက်သိမ်းခဲ့ပါ
သူ့ နာကျင်မှုတွေကို ငါ့ပျော်ရွှင်မှုနဲ့ အစားထိုးပေးပါ
ငှက်ကလေးရေ..............။

တကယ်ဆို ငါက
ကောင်းကင် .... ဖြစ်ချင် ခဲ့တာ။



ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ